Thursday, August 6, 2015

တိုင်းရင်းသားအချို့က ဒီပြည်ထောင်စုကနေ ခွဲထွက်ချင်တယ်လို့ ပြောရင် ခင်ဗျားတို့ စိတ်မဆိုးကြနဲ့။


 · 
စိတ်မဆိုးကြနဲ့ဗျ
လေယာဉ်မှူးဆိုတာ ရန်သူက တရစပ်ပစ်နေတဲ့ကြားကနေ ဒဏ်ရာရစစ်သားတွေကို ကယ်ရတဲ့အခါ ရှိတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်တဲ့အခါ ရေထဲ မျောပါသွားတဲ့ ပြည်သူတွေကိုတောင် လိုက်ကယ်ရတဲ့အခါ ရှိမယ်။
ရခိုင်မှာ တကယ်လို့ ပြည်နယ်စောင့်တပ် ရှိနေခဲ့ရင်၊
ရခိုင်ပြည်ကို ရခိုင်တစ်ယောက်က အုပ်ချုပ်ခွင့် ရှိနေခဲ့ရင်၊
ရခိုင်ပြည်အစိုးရက မိမိပြည်နယ်မှာ လွတ်လွတ်လပ်လပ် ကြိုတင်ပြင်ဆင်ခွင့် ရနေခဲ့ရင်
ဒီအခြေအနေအထိ ဆိုးစရာ မရှိဘူး။ အခြားပြည်နယ်များလည်း အလားတူပါပဲ။ အခု လူကယ်ဖို့တောင် မဘသခွင့်ပြုချက် ရယူရသလို ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကျေညာဖို့တောင် နေပြည်တော်က အမိန့်ကို (၃)ရက်အထိ ထိုင်စောင့်နေရတဲ့အခြေအနေ ဖြစ်တယ်။
ဒါကြောင့် တိုင်းရင်းသားအချို့က ဒီပြည်ထောင်စုကနေ ခွဲထွက်ချင်တယ်လို့ ပြောရင် ခင်ဗျားတို့ စိတ်မဆိုးကြနဲ့။