Thursday, August 13, 2015

ပူတာအိုသားတွေ ညီကိုများအားလုံးကို ပြောချင်တာတစ်ခုက ပူတာအိုမှာ စစ်အစိုးရ ရက်စက်မူတွေကို facebook Kagabu Rvwangce အား Chatting Box ကနေပေးပို ကြပါရန်



ကျနော်ဟာ ပူတာအိုသားတစ်ယောက်ပါ ဒါကြောင့် ပူတာအိုမှာ စစ်အစိုးရရဲ့ အနိင်ကျင့် ဖိနိမ့်မူတွေကို အများသိစေ ကြောင်းဖြင့် ကျနော်သိသလောက် သမိုင်းလှန်နိင်သလောက်လေ့လာပြိး အများသိအောင် လူမူကွန်ရက်ထဲတင်မြောက်လိုစိတ်ဖြစ် FB Kagabu Rvwangce Acco ကို အသုံးပြုခြင်းဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ပူတာအိုဒေသမှာ စစ်ပွဲ တိုက်ပွဲ မရှိလို့ အချို့ကဆိုကြသည် ပူတာအိုမှာ စစ်အစိုးရနိမ်စက်ခြင်း ဖိနိမ့်ခြင်း မရှိဘူးဟု ထင်မှားကြသည်။
ထို့ကြောင့် တစ်ခုပြိးတစ်ခု ကျနော်သိတဲ့အရာတွေကို တင်ပါသည်။ ဒါကို ဗမာတစ်ယောက်က တိုက်ခံလာရင် စိတ်အေးအေး ပြန်ရှင်း ပြန်ပြော နိင်တယ် ဒါပေမဲ့ ဝန်ပေါင်ညီကိုတွေ ဝန်ပေါင်အမျိုးတွေက ပြောလာတဲ့အသံကိုတော့ ကျနော်တကယ်စိတ်မကောင်းပါ။
ဗမာတွေကိုယုံလို့ ခံရတာ ရှိပါစေဆိုတဲ့ လေသံသဘောမျိုး ကျေးဇူးပြုပြိး မပြောပါနဲ့ ကျနော်တို့ ပူတာအိုသားတွေ ဗမာတွေ စစ်အစိုးရကို ထောက်ခံလို့ မဟုတ်ပါ ဒါကိုနားလည်စေချင်တယ်။ ပူတာအိုပြည်သူတွေကို တရားဝင်မေးနိင်ပါတယ် ရဝမ် လီဆူ ဂျိန်းဖော ရှမ်း တွေရှိပါတယ် မေးကြပါ ဘယ်သူထောက်ခံလဲပေါ့။ စစ်အစိုးရရဲ့ အတင်းအတမ လုပ်ရပ်တွေ မြန်မာပြည် တစ်ပြည်လုံးက လူတွေသိကြမှာပါ။
သူများလာပြောတာကို ခံနိင်ပေမဲ့ အချင်းချင်းပြောတာကို စိတ်ထဲ တကယ်နာကျင်မိလို့ပါ။
ကျနော်ဟာ ရဝမ်လူမျိုးဖြစ်ပါ၍ ရဝမ်ဒေသမှာ ကျင်လည်ပြိး ရဝမ်ဒေသတင်းတွေ အများပိုင်းသိပါသည် ထို့ကြောင့် ရဝမ် ရဝမ် ဟုရေးနေခြင်းဟာ ဝန်ပေါင်စိတ်မရှိလို့ မဟုတ်ပါကြောင်း ဒါကိုအထူးပြောချင်ပါသည်။
အချင်းချင်းတွေ စကားများပြိးရင် ကိုယ်ပဲပြန်စိတ်မကောင်း ဖြစ်မိတာ ကိုယ်တိုင်ပဲ သိပါတယ်……
ပူတာအိုဘက်မှာ အများပိုင်း အများဆုံးက လီဆူ ရဝမ်များဖြစ်ကြပါ၍ ပူတာအိုသားတွေ လီဆူ ရဝမ် ညီကိုများအားလုံးကို ပြောချင်တာတစ်ခုက မိတ်ဆွေတို့ ပူတာအိုမှာ စစ်အစိုးရ ရက်စက်မူတွေကို ကိုယ့်အကောက်နဲ့ မတင်ရဲကြပါက Kagabu Rvwangce အား Chatting Box ကနေပေးပို ကြပါရန် မေတ္တာရပ်ခံချင်ပါတယ်။ အချို့က အစိုးရဝန်ထမ်းများဖြစ်ကြပြိး ရေးချင်တင်ချင်သော်ငြားလဲ Post မတင်ရဲကြကြောင်း ကျနော် သိရသောကြောင့်ပါ။ လီဆူစာပေ ရဝမ်စာပေ အားဖြင့်ပေးပို့နိင်ပါတယ်။
ဆက်ပြိး တင်ပါ့မယ် ဆက်ပြိး လေ့လာပါ့မယ် ဒီအကောက်ပျက်သွားလဲ ဒီနာမည်နဲ့ ပြန်တတ်လာမယ်။
ကျနော့်မှာ ဝန်ပေါင်စိတ်ဓာတ် ၁၀၀%အပြည့်ပါ။