Thursday, August 20, 2015

KIO is for the people, with the people, by the people. That means KIO is leading and governing the people

KIO listen to the people. KIO is for the people, with the people, by the people. That means KIO is leading and governing the people in the accordance with democracy (people centered). That means KIO is with God. Blessings!! KIO!!.
အခုနေ အခါသမယမှာ KIA ဟာ လွတ်လပ်ရေးကြေညာ
ဖြစ်ခဲ့မယ် ဆိုရင် ကျနော့်တယောက်အနေနဲ့ အကြွင်းမဲ့နဲ့
ချွင်းချက်မရှိ ထောက်ခံအားပေးသွားမှာဖြစ်တယ်...
ဘာ့ကြောင့်လဲဆိုရင် ကချင်လူမျိုးများနဲ့ KIA အပေါ် လွန်စွာမှ
စာနာနားလည်မိလို့ ဖြစ်တယ်။ တကျော့ပြန် စစ်ပွဲ ၄ နှစ်တာ
အတွင်း ဗမာစစ်တပ်ရဲ့ ထိုးစစ်ဟာ ကချင်တွေအပေါ်မှာ
ပြည်ထောင်စုထဲက တိုင်းရင်းသားတခုဆိုပြီး သက်ညှာမှု
အလျဉ်းမရှိပဲ ပြည်ပနိုင်ငံတခုနဲ့ စစ်ဖြစ်နေတဲ့အလား မီးကုန်
ယမ်းကုန် ထိုးစစ်ဆင်ခဲ့တယ်။ ဂျက်တိုက်လေယာဉ်နဲ့
အသုံးပြုတဲ့ လက်နက်ကြီးတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်တယ်။ နြူးကလီးယား ရှိမယ်ဆိုရင်တောင် ထုတ်သုံးမဲ့ သဘောမှာ
ရှိတယ်။ ဒါ့ကြောင့် KIA အနေနဲ့ လည်း ကမ္ဘာသိ လွတ်လပ်ရေး
ကြေညာလိုက်လို့ ရတယ်။ အခုမကြေညာပေမဲ့လည်း ပြည်ပ
ကျူးကျော်စစ်ကို တွန်းလှန်တိုက်ခိုက်နေရတာပဲ။ ဘာမှ
မထူးပါဘူး။ ဗမာ နိုင်ငံ နဲ့ ကချင်နိုင်ငံ စစ်ဖြစ်ကြတယ်ပေါ့
ဗျာ။ အခြေအနေက အဲလို ညွန်းဆိုနေပြီမဟုတ်လား။
ဒါ့ကြောင့် ဖယ်ဒရယ်ပြည်ထောင်စု ရရင်ရ။ မရရင်
KIA အနေနဲ့ သီးခြားကချင်နိုင်ငံ အဖြစ် လွတ်လပ်ရေး
ကြေညာလိုက်ပါ။ ကျန်တဲ့ တိုင်းရင်းသားတွေလည်း
ကချင်ကို အတုယူရကောင်းမှန်း သိလာကြပါလိမ့်မယ်။
KIO is for the people, with the people, by the people. That means KIO is leading and governing the people