Thursday, August 20, 2015

ကေအိုင်အိုနှင့် တိုင်းရင်းသားတော်လှန်ရေး ခေါင်းဆောင်ကြီးများအား အထူးဂုဏ်ပြုမှတ်တမ်းတင်ခြင်း


---------------------------------------------
NCA ကို တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အားလုံး ပါဝင်မှ လက်မှတ်ရေးထိုးမည်ဟု ပြတ်ပြတ်သားသား ဆုံးဖြတ်ကြသည့် ကေအိုင်အို နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အသီးသီးအား အထူးဂုဏ်ပြုအပ်ပါသည်။
(၃)နှစ် ခန့် ငြိမ်းချမ်းရေး ဆွေးနွေးမှုအတွက် ပထမ ခြေလှမ်းဖြစ်သည့် NCA (အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) အတွက် အချိန်ပေး၊ ညာဏ်ပညာ၊ ငွေအား မြှောက်မြားစွာ ထည့်ဝင် ပေးဆပ် အကုန်အကျခံခဲ့၍ NCA ကိုသဘောတူနိုင်ခဲ့ကြပြီး လက်မှတ်ထိုးဖို့ လက်တစ်ကမ်းအလိုတွင်မှ တော်လှန်ရေးအဖွဲ့အားလုံးကို ပါဝင်ခွင့် မပြုခြင်း၊ ထို့အပြင် အားလုံး တစ်နေရာတည်း တစ်ချိန်တည်း အတူတကွ လက်မှတ် ထိုးဖို့မဟုတ်ပဲ တစ်ဖွဲ့ချင်းစီသာ လက်မှတ်ထိုးဖို့ ပြောဆိုလာမှုသည် ရိုးသားသည့် လုပ်ရပ်ဟု မြင်နိုင်ရန် ခက်ပါသည်။ အစိုးရနှင့် တပ်မတော်ဘက်မှ အမှတ်တကယ် NCA လက်မှတ်ရေးထိုးချင်သည်၊ ငြိမ်းချမ်းရေးလိုချင်သည် မှန်လျှင် ထိုနှစ်ချက်ကို အမြန်ပြင်ဆင်သင့်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲ ရောက်ရှိနေပြီဖြစ်၍ ယခုကဲ့သို့ NCA မပြေလည်မှုကြောင့် ရွေးကောက်ပွဲကြီးကို ထိခိုက်သွားမည်ကို အလွန်စိုးရိမ်မိပါသည်။
မျိုးချစ်စိတ်ဓါတ်ပြည့်ဝပြီး အမျှော်အမြင်ကြီးမားကာ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို မြတ်နိုးတန်ဖိုးထားသူ ကေအင်ယူ ဒုဥက္ကဌ နော်စီဖိုးရာစီအား အထူးလေးစား အသိအမှတ်ပြုသည်။ ၎င်းအား ကေအင်ယူ၏ ဥက္ကဋ္ဌ တာဝန် ပေးအပ်ထမ်းဆောင်စေသင့်သည်။
မိမိအကျိုးတရားသာကြည့်တတ်သူ ကိုယ်လွှတ်ရုန်းတတ်သူ ကေအင်ယူ ဥက္ကဋ္ဌ မူတူးစေးဖိုး (ကတုံးတီး) အား ဥက္ကဋ္ဌတာဝန်မှ အမြန်ဆုံး ဖယ်ရှားသင့်ပါသည်။
တော်လှန်ရေးအဖွဲ့များ စည်းလုံးညီညွှတ်ပါက လောလောဆယ် ပြည်တွင်းစစ်မီးကြီး မတောက်နိုင်ပါ။
အဆောတလင်လုပ်ဆောင်ရသင့်သည့် အချက်နှစ်ချက် -
၁။ တိုင်းရင်းသားများ တော်လှန်ရေးအဖွဲ့များအားလုံးပါဝင်သည့် ညီလာခံအမြန်ဆုံးခေါ်ယူကျင်းပ ကာ ညီညွှတ်မှုကို အမြန် ရယူရမည်။ အချို့အဖွဲ့ လက်မှတ်ထိုးသော်လည်း အဓိက အင်အား တောင်းတင်းသည့် အဖွဲ့များ အများစု စုစည်းဖို့လိုသည်။
၂။ နိုင်ငံတကာအား အမြန်ဆုံး အခြေအနေများကို ရှင်းရှင်းလင်းလင်းချပြရမည်။ အားလုံးပါဝင်လာရေး ဖြစ်လာအောင် နိုင်ငံတကာမှ အစိုးရနှင့် တပ်မတော်အား နားချရပါမည်။ ဖိအားပေးရမည်။
တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်ကြီးများအား အထူးလေးစား ဂုဏ်ပြုကြောင်း မှတ်တမ်းတင်အပ်ပါသည်။
“တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်ကြီးများ ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကာ အောင်မြင်မှုများ ထာရစဉ် ရရှိနိုင်ကြပါစေ”
ရှေ့နေ ဦးမာခါး
မြစ်ကြီးနားမြို့
Kachin Land
— with Shing Kri and 46 others.