Sunday, August 2, 2015

Kachin Revolution (In Brief)


(By; L Zau Htoi Awng)
* ကချင်တို့သည် ဖက်ဒရယ် (သို့မဟုတ် ) လွတ်လပ်သော
ပြည်နယ်တစ်ခု ဖန်တီးရန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထား ကြသည်။
* ကချင်အမျိုးသားရေးလှုပ်ရှားမှု၏ ရည်ရွယ်ချက်မှာ
ကချင်လူမျိုး ခန့်မှန်း ၁ သန်းခွဲအတွင်းမှ အင်အားကောင်းသော
နိုင်ငံရေးလက္ခဏတစ်ခု ဖန်တီးနိုင်ရန်ဖြစ်သည်။
* လူမျိုးနွယ်အုပ်စုများအဖြစ် ဂျိန်းဖော လော်ဝေါ်
မရူ လရှီ အဇီ ဇိုင်ဝါး ရဝမ် လီဆူ တို့ပါဝင်ပြီး အပြန်အလှန်
ဆွေမျိုးစနစ်အတွင်း ဆက်နွယ်နေသည်။
* တရုတ် နှင့် အိန္ဒိယ တွင်လည်း နေထိုင်ကြသည်။
* ကချင်မျိုးနွယ်စုများမှာ မြန်မာနိုင်ငံထဲမှ အမျိုးသားရေး
လှုပ်ရှားမှု လွတ်လပ်ရေးရည်မှန်းချက် ရအောင်လုပ်မှုနှင့်
မည်သို့မှ မပက်သက်ကြပေ။
* အခြားတောင်တန်းနေ ပြည်သူများလို ကချင်တို့သည်
အစဦးပိုင်းကပင် ဗြိတိသျှ သိမ်းပိုက်မှုကို အပြင်းအထန်
ဆန့်ကျင်ခဲ့ကြသည်။
*
သို့သော် ကချင်ရာခိုင်နှုန်းများစွာ ခရစ်ယာန်
ဘာသာသို့ ကူးပြောင်းခဲ့ရာ ယနေ့ ကချင်လူမျိုး
သုံးပုံနှစ်ပုံမှာ ခရစ်ယာန်ဘာသာဝင်ဖြစ်နေကြသည်။
အနောက်တိုင်း သာသနာပြုမစ်ရှင်များ အဆက်မပြတ်
ရောက်ရှိခြင်း စာပေအရေးအသား အစပြုနိုင်ခြင်း
ကျောင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုဋ္ဌာနများ
ကချင်လူမျိုးများအတွက် တိုးချဲ့ပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
* ကချင် တို့မှာ ကရင် ချင်း တို့နှင့် အတူတကွ
ဗြိတိသျှတပ်မတော်တွင် အဓိက ကျောရိုးတွင် ပါဝင်ခဲ့သည်။
ကချင်များစွာ မြေပြန့်သို့ ဆင်းကြသည်။
* ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန်ဆန့်ကျင်ရေး
အင်အားစုများ၌ ကချင်လူမျိုးတွေဟာ အဓိက
နေရာတစ်ခုတွင် အပါအဝင်ဖြစ်လာသည်။
မြန်မာနိုင်ငံကို ဂျပန်တွေဝင်လာစဉ်တုန်းက ကရင် ချင်း
ကချင်တို့အပြင် မွတ်စလင်တို့က ဗြိတိသျှတို့ဘက်မှ
နေပြီး သစ္စာစောင့်သိခဲ့ကြသည်။
အာသံ - မဏိပူရ ကဆင့် ဂျပန်တွေကို တိုက်ထုတ်တုန်းက
ဗြိတိသျှ အမေရိကန်တို့နှင့်အတူ ကချင်ရိန်းဂျားတပ်
တွေလည်း ပူးပေါ်င်းပါဝင်ခဲ့ကြသည်။
* ကချင်အမျိုးသားရေးသမားတို့၏ တောင်းဆိုမှု
အင်အားကို အသိအမှတ်ပြုခံရမှုအဖြစ် ၁၉၄၇
ဖွဲ့စည်းပုံအခြေခံဥပဒေအောက်၌ စတုရန်းကီလိုမီတာ
၈၉၀၄၂ ကျယ်ဝန်းသည့် ကချင်ပြည်နယ် ပေါ်ထွန်းလာသည်။
မြစ်ကြီးနား နှင့် ဝိုင်းမော်ကို အဓိကမြို့ကြီးနှစ်မြို့အဖြစ်
ကချင်ခေါ်င်းဆောင်များက ပြန်လည်ထည့်သွင်းစေသည်။
ကချင်လူမျိုးစု ၁ သိန်းကျော်မှာ ရှမ်းပြည်နယ်
နယ်နိမိတ် အတွင်း၌ နေထိုင်ကြသည်။
* ၁၉၄၇ တွင် သဘောတူညီမှုရခဲ့သော်လည်း
ကချင်တို့၏ ပုန်ကန်ထကြွမှု ၁၉၄၉ - ၅၀ ကြားတွင်
ဖြစ်ပွားသည်။ သို့သော် ၁၉၆၀ အစောပိုင်းတိုင်အောင်
အမျိုးသားရေးလက်နက်ကိုင် လှုပ်ရှားမှု အဖြစ်
စတင်စုဆောင်းသည့် အဆင့်ကို မရောက်သေးပေ။
* ဦးနုအစိုးရက ကချင်ဒေသကို လျစ်လျူရှုထားသည့်
အတွက် စိတ်ပျက်ခြင်းနှင့် နာကျည်းမှုများ ဗုဒ္ဓဘာသာကို
နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန် ကြိုးစားခြင်းတို့
ပြုချိန်၌ ပွင့်အန်ထွက်လာခဲ့သည်။
* ၁၉၆၁ ဖေဖော်ဝါရီလ ၅ ရက်တွင် ကချင်ပြည်နယ်၌
KIO/KIA ခေါ် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း
ပေါ်ပေါ်က်လာသည်။ ၁၉၄၇ ဖွဲ့စည်းပုံ ဥပဒေ
အားနည်းမှုကြောင့် တစ်နည်းပြောရင် နိုင်ငံရေး
ပြသာနာ ကြောင့်ဖြစ်ပါတယ်။
* ရန်ကုန်တက္ကသိုလ် ကျောင်းသားများ ပါဝင်သော
ပညာတတ်အုပ်စုက ဖွဲစည်းခြင်းဖြစ်၍ ကချင်ပြည်နယ်
အပြည့်အဝရရန် တောင်းဆိုခဲ့သည်။
* နောက်တစ်နှစ်တွင် ဗိုလ်ချုပ်နေဝင်း စစ်အာဏ
သိမ်းလိုက်သောအခါ တော်လှန်ရေးကို အားပေးသလို ဖြစ်ခဲ့သည်။
* ကချင်ဒေသတစ်ခုလုံး လက်နက်ကိုင် လှုပ်ရှားမှု
လျင်မြန်စွာ ပြန့်ခဲ့သည်။ တပ်အင်အား ၈၀၀၀ ခန့်
ရှိသည်။ KIO သည် မြန်မာနိုင်ငံအတွင်း ကြောက်ရွှံ
လေးစားခံရသော လက်နက်ကိုင်စစ်တပ်များ ထဲမှ
တစ်ခုအဖြစ် လျှင်မြန်စွာ ကြီးထွားလာသည်။
* KIO အစိုးရသည် ရှမ်းပြည်မြောက်ပိုင်းမှ အိန္ဒိယ
နယ်ခြားအထိ ကချင်ကျေးရွာများတွင် ကျန်းမာရေး
ပညာရေးစနစ်များ တည်ဆောက်သည်။
* KIO အစိုးရသည် ပြန်းထန်သော တိုက်ပွဲတချို့ကို
တိုက်ခဲ့သေးသည်။
ထင်ရှားသည်မှာ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ
(SSPP) နှင့် KIO တပ်မဟာ ၄ တို့က ပူးပေါ်င်းပြီး
အစိုးရတပ်မတော်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ
(CPB) နှစ်ခုလုံးကို တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
* သို့သော်လည်း ၁၉၇၆ တွင် KIO က နိုင်ငံရေး
ရည်မှန်းချက်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်သည်။
* ဖက်ဒရယ် ပြည်ထောင်စုအဖြစ် ဖန်တီးဖို့ အားပေးရန် ဖြစ်သည်။
KIO အစိုးရသည် အခြားတိုင်းရင်းသား အုပ်စုများနှင့်
နီးကပ်စွာ ပူးပေါ်င်းလုပ်ကိုင်သည်။
'မဒတ' တွင် ဦးဆောင်မှုပေးသူ ဖြစ်လာသည်။
လူမျိုးစုအဖွဲ့ငယ်များနှင့် ပါတီများကို လက်နက်နှင့်
လေးကျင့်မှုများ ထောက်ပံသည်။
* ကချင်လူမျိုးတို့သည် အာဏရှင် ဗဟိုအစိုးရ
အုပ်ချုပ်မှုကို ဆန့်ကျင်မှုကြောင့် ပေးရသော တန်ဖိုးက ကြီးမားသည်။
အစိုးရက ကြမ်းတမ်းသော မြေလှန်စနစ် ဖြတ်လေးဖြတ်
စစ်ဆင်ရေးကိုအသုံးပြုပြီး KIO တို့အား အားပေးမှုများ
ဖြတ်တောက်ရန် ပြုလုပ်သည်။
၁၉၈၇ နိုဝင်ဘာ ဗြိတိသျှပါလီမန် အစည်းအဝေးတစ်ရပ်
ပြုလုပ်ရာ KIO အစိုးရက ၁၉၆၁ မှ ၁၉၈၆ အစိုးရတပ်များကြောင့်
အရပ်သား ၃၃၃၃၆ သေဆုံးခဲ့သည်ဟု တွက်ချက် ဖော်ပြခဲ့သည်။
* သို့သော်ငြားလည်း ဦးသန်းရွှေ ခေါ်င်းဆောင်သော
နဝတအစိုးရ အာဏရလာပြီးနောက် KIO သည် ပို၍
အင်အားကြီးထွားလာသည်။
နဝတအစိုးရသည် ရှမ်း နှင့် ကချင်ပြည်နယ်တို့ဘက်မှ
KIO အခြေစိုက်စခန်း ဧရိယာများကို ပြင်းထန်သော
စစ်ဆင်ရေးများ အဆက်မပြတ် ပြုလုပ်သည်။
'မဒတ' တည်ထောင်ခဲ့သည် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၍
KIO ၏ စစ်ရေးအနေအထားကို ပိုမိုပြင်းထန်စွာ
ဖိအားပေးခဲ့သည်။
၁၉၉၁ ဇန်နဝါရီလတွင် KIO တပ်မဟာ ၄ အစိုးရနှင့်
အပစ်အခတ် ရပ်စဲရန် သဘောတူသည်။
ထိုနှစ်တိုင်မီ တစ်နှစ် ရွေးကောက်ပွဲတွင် ကချင်ပြည်နယ်၌
NLD ၁၄ ဦး ရွေးချယ်ခံရရာ KIO မှ ငါးဦး ပါဝင်သည်။
ကချင်အမျိုးသား ကွန်ဂရက် ဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်
အဖမ်းခံရသည်။
ထို့နောက် နိုင်ငံရေးမြင်ကွင်း လျင်မြန်စွာ ပြောင်းလဲသွားသည်။
* မြန်မာနိုင်ငံရေး လေ့လာသူများစွာက နဝတအစိုးရသည်
KIO ကို မြန်မာနိုင်ငံအတွင်း ကြောက်စရာအကောင်းဆုံး
စုစည်းထားသော လက်နက်ကိုင်အုပ်စု အဖြစ်
သဘောထားကြောင်း ယုံကြည်ကြသည်။
၁၉၉၃ အစောပိုင်း ကချင်ပြည်နယ် တစ်ခုထဲ၌
တပ်ရင်း ၄၆ ရင်း တပ်စွဲထားသည်။
* ၁၉၈၈ မှ ၁၉၉၂ အတွင်း အစိုးရ၏ တန်ပြန်စစ်ဆင်ရေး
များအတွင်း ကချင်ကျေးရွာနေ လူတစ်သိန်းကျော်ကို
အတင်းအကျပ် ပြန်လည် နေရာချထားခဲ့သည်။
ရှမ်းပြည်နယ်မှ ကွတ်ခိုင် ခရိုင်တွင် ကချင်ရွာ ၃၀၀
ဖျက်ဆီးခံရပြီး ယင်းတို့ နေထိုင်ရာမှ ပြောင်းရွှေ့ခဲ့ရသည်။
၁၉၉၃ အစောပိုင်းတွင် နောက်ထပ် ဒုက္ခသည် ၅၀၀၀၀
အတွင်းပိုင်း၌ ပြန်လည်နေရာချထားသည်။
ယင်းတို့ထဲမှ ၁၀၀၀၀ ခန့် မှာ တရုတ် နိုင်ငံထဲသို့
ထွက်ပြေးကြသည်။
အခြားဆိုးရွားသော အဖြစ်အပျက်တို့လည်း ရှိခဲ့သည်။
* KIO အစိုးရက ကချင်အိမ်များစွာနှင့် ပိုင်ဆိုင်မှုကို
အစိုးရက ဖျက်စီးသည်ဟု စွတ်စွဲခဲ့သည်။
သို့သော် ကချင်ခေါ်င်းဆောင်များ စိုးရိမ်သည်မှာ
နဝတအစိုးရက ရည်ရွယ်ချက်ရှိရှိဖြင့် လူမျိုးရေး
ခွဲခြားမှုများဖြစ်လာအောင် စနစ်တကျဖြင့် ကချင်လူမျိုးတွေကို
နိုင်ငံရေးအရ အားနည်းသွားအောင် ပြုလုပ်မည်ကို ဖြစ်သည်။
* ထိုပဋိပက္ခနောက်ခံနှင့် ဆန့်ကျင်ဘက် ဆင်းရဲမွဲတေမှုက
ဆက်လက်ဆိုးဝါးနေသည်။
ကချင်ပြည်နယ်သည် သဘာဝသယံဇာတ များစွာရှိသည်။
ကျောက်စိမ်း နှင့် ရွှေတို့လည်း ထွက်သည်။
ဗြိတိသျှအုပ်ချုပ်မှုကာလကတည်းက အရေးပါသော
စက်ရုံတစ်ခုသာ ရှိသည်။
ဆားမော်သကြားစက်ရုံ ဖြစ်၍ ဆက်လက် ထုတ်လုပ် နေလျက်ရှိသည်။
* အခြေခံ အဆောက်အအုံ ပရောဂျက်အချို့လည်းရှိရာ
ရေအားလျှပ်စစ်စီမံကိန်းများ ကားလမ်းသစ်များ စသော
နဝတအစိုးရ၏ စီမံကိန်းများဖြစ်သည်။
တရုတ်အကူအညီနှင့် လုပ်ကိုင်သည်များ ပါဝင်သည်။
* ၁၉၉၄ တွင် သေဆုံးခဲ့သော KIO ဥက္ကဋ္ဌက
" ကျွန်တော်တို့ ဒီပရောဂျက်တွေ အားလုံးကို စိုးရိမ်တယ်
ဒေသ သယံဇာတတွေကို မတရားထုတ်ယူပြီး
ပြည်သူတွေအတွက် အကျိုးကျေးဇူးက နည်းနည်းပဲရတယ် "
ဟုဆိုပေသည်။
* သစ်တောဧရိယာများကို အစိုးရက ခုတ်လှဲပြီး
တရုတ်နယ်စပ်ဖြတ်ကျော်ပြီး သစ်လုံးများကို ရောင်းချကြသည်။
* ယိုယွင်းနေသော စစ်ရေးအခြေအနေ လူတို့ဘဝနှင့်
ဆိုင်သော အခြေအနေတို့က KIO ခေါ်င်းဆောင်တို့
ကွဲပြားသော မဟာဗျူဟာ ကျင့်သုံးဖို့ ကြိုးစားရန် ဖြစ်လာသည်။
ဖိအားများ၏ ပြင်းထန်မှုအပေါ် ပြန်လည် စည်းရုံးနိုင်ရန် ဖြစ်သည်။
* ၁၉၉၃ တွင် နဝတအစိုးရနှင့် ဆွေးနွေးမှု စတင်ခဲ့သည်။
ကရင် ခရစ်ယာန် သာသနာပြု ဆရာကြီးများ၏
ပြန်ဖြေညိနှိုင်းမှုဖြင့် ဆွေးနွေးနိုင်ခြင်း ဖြစ်သည်။
၁၉၉၄ တွင် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရာ
ကချင်ပြည်နယ်နှင့် ရန်ကုန် နှစ်ခုလုံးတွင်ဖြစ်သည်။
၁၉၉၄ ဖေဖော်ဝါရီ ၂၄ တွင် အပစ်အခတ် ရပ်စဲရန်
သဘောတူလက်မှတ်ရေးထိုးခဲ့သည်။
* KIO အစိုးရ အနေနဲ့ ပထမဆုံးအဆင့်ကို ရဲဝင့်စွာ
လှမ်းနိုင်ပြီး တစ်နိုင်ငံလုံး အမျိုးသားပြန်လည်သင့်မြတ်ရေးကို
ဦးဆောင်နိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
ငြိမ်းချမ်းရေး အတွက် မဟာဗျူဟာမှာ နောက်ဆုံး
နိုင်ငံသားအားလုံး၏ မျှော်လင့်ချက် အောင်မြင်စေရန် ဖြစ်သည်။
* သို့သော်ငြားလည်း ၂၀၁၁ သမ္မတ ဦးသိန်းစိန်
လက်ထက်၌ ကချင်ပြည်နယ်၌ တကျော့ပြန်စစ်ပွဲများ
ပြန်လည်ဖြစ်ပွားလာသည်။
အစိုးရဖက် မှ စစ်သည်အင်အား သုံးသောင်းနှင့်အထက်
ရွှေပြည်သာ စစ်ရေးဗျူဟာ အမည်ဖြင့်
ကချင်ပြည်နယ် အတွင်းသို့ ထိုးစစ်ဆင် တိုက်ခိုက်လာသည်။
* သမ္မတ ဦးသိန်းစိန်က ၂၀၁၁ ဒီဇင်ဘာ ၁၀ ရက်နေ့က
KIA ထိန်းချုပ်ဒေသတွေ ထိုးစစ်မဆင်ဖို့ ညွှန်ကြားချက်
ထုတ်ပြန်ပေးခဲ့သည်။
သို့သော်လည်း သမ္မတ ညွန်ကြားချက် ထုတ်ပြန်တဲ့
ကြားက အစိုးရတပ်နဲ့ KIA တို့အကြား စစ်ရှိန်မြင့်ပြီး
ယနေ့အထိ နှစ်ဦးနှစ်ဖက် အပြန်အလှန် စစ်လက်နက်မျိုးစုံ
ကလဲ့စားချေ စစ်ပွဲပမာ တိုက်ပွဲတွေ ဖြစ်ခဲ့ကြပါသည်။
* ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၄ ဒီဇင်ဘာ အထိ
တိုက်ပွဲပေါ်င်း ၁၅၀၀ ကျော် အထိ ဖြစ်ပွားခဲ့ပါတယ်။
* လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရတပ်အင်အား
၃ သိန်းနှင့် အထက် ဟု တွက်ချက်ဖော်ပြထားရာ
စစ်တပ်၏ လူအင်အား ၃ ပုံ ၂ ပုံ တပ်ရင်းပေါ်င်း ၆၀ကျော်က
ကချင်ဒေသ တခုလုံး၌ တပ်စွဲထားပြီဖြစ်သည်။
* ယနေ့အချိန်ထိ ကချင်ပြည်နယ် အတွင်း၌
စစ်မီးများမငြိမ်းနိုင်သလို တစ်ခါတရံ စစ်ပွဲများ ပိုမို
ပြင်းထန်လာသဖြင့် ဒုက္ခသည် အရေအတွက်သည်လည်း
ပိုမိုများပြားလာခဲ့သည်။
By; L Zau Htoi Awng
Like   Comment