Saturday, February 2, 2013

သူက နိုင်ငံရေးမော်ဒယ်ဂဲလ်လုပ်နေတာ။

ကိုမင်းဟန်(ခ)ဘမင်းသစ်(ခ)ဖိုးချိုနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတွေ။ မျိုးမြင့်ချို

by Myo Myint on Friday, February 1, 2013 at 10:48am ·
ကိုမင်းဟန်(ခ)ဘမင်းသစ်(ခ)ဖိုးချိုနဲ့ နောက်ဆုံးပြောဖြစ်ခဲ့တဲ့စကားတွေ။ မျိုးမြင့်ချို
အောက်တိုဘာ ၄ ရက် ၂၀၁၂ နေ့နဲ့ ဇန်နဝါရီ ၂၆ ရက် ၂၀၁၃ (စနေနေ့) (ကျနော့်ဆီကမနက်ခင်းမှာ) ခုဆုံးပါးသွားရှာတဲ့ ကိုမင်းဟန်(ခ)ဘမင်းသစ်(ခ)ဖိုးချိုနဲ့ ဖေ့စ်ဘွခ်မှာ ပြောဖြစ်ခဲ့တဲ့စကားတွေပါ။ ဒီမနက် သူကွယ်လွန်ကြောင်းသတင်းကို ကိုဟန်ဝင်းအောင်ဆီမှာ တွေ့ပါတယ်။ နောက် ချက်ခြင်းဆိုသလိုပဲ အခြားသူတွေလည်း တင်လာကြပါတယ်။ ဒါနဲ့ သူနဲ့ အမှတ်တရရှိခဲ့တဲ့ တောင်ငူထောင်ကနေ့ရက်များဆီလည်း စိတ်က ခနပြန်ရောက်ခဲ့ပါတယ်။ အကောင်းအဆိုးအကျိုးအပြစ်တွေ ပြွမ်းတီးလွန်းလှတဲ့ကာလတွေပါပဲ။ ကဗျာရေးတဲ့မောင်လွမ်းဏီနဲ့လည်း သူ့အကြောင်း ဒီမနက်စကားဆက်ဖြစ်ပါတယ်။ မောင်လွမ်းဏီက သူ့အတွက် ကဗျာတစ်ပုဒ်နဲ့နှုတ်ဆက်လိုက်ခဲ့ပါတယ်။ ကျနော်ကတော့ ပြီးခဲ့တဲ့အပတ် စနေနေ့က သူနဲ့ ဖေ့စ်ဘွတ်ခ်မှာပြောဖြစ်ခဲ့တာတွေကို ပြန်ကူးပြီးပြန်တင်ဖို့ ဆုံးဖြတ်ပါတယ်။ သူရှိနေမယ်ဆိုရင်တော့ ပြန်တင်ဖို့ သူ့သဘောထားမေးရမှာပါ။ ခုတော့ ကျနော့်ဘာသာပဲ ဆုံးဖြတ်ရတာဖြစ်ပါတယ်။ သူရှိခြင်း မရှိတော့ခြင်းထက် ပြည်တွင်းနိုင်ငံရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် သူ့အမြင်သူ့အကဲဖြတ်ချက်က ပိုအရေးကြီးတယ်လို့ထင်ပါတယ်။ အဝေဘန်ခံရခြင်းခံရတောင် ကျနော့်အမြင် ကျနော့်အကဲဖြတ်ချက် ကျနော့်စကားလုံးတွေက သူ့ထက်ပိုခံရနိုင်စရာလည်းမြင်ပါတယ်။ နိုင်ငံရေးမို့ ကိစ္စတော့မရှိပါ။ ကျနော်တို့ ပြောဖြစ်ခဲ့ကြတာတွေဖတ်ပြီး ကိုယ့်အခံနဲ့အစပ်မတဲ့သမို့ တုန့်ပြန်ကြမယ်ဆိုလည်း ဘာမှပြန်ပြောမယ်မဟုတ်ပါ။ ချေပမယ်မဟုတ်ပါ။ သေသူက မချေပနိုင်တော့မှာမှန်ပေမယ့် ရှင်ကျန်နေသေးသူကျနော်ကလည်း ချေပဖို့အကြောင်းမမြင်မိပါခင်ဗျား။ လူတိုင်းနဲ့ အစပ်မတဲ့မယ့် အပြောအဆိုအကောက်အယူနဲ့ အကဲဖြတ်ချက်တချို့ ပါနေမှာလည်းသေချာပါတယ်။ တုန့်ပြန်လိုသူတွေကို တခုတော့ကြိုပြောပါရစေ (ဒါဟာ နိုင်ငံရေးပါ၊ နိုင်ငံရေးမှာမှ Personal is Political သဘောရော Political is Personal သဘောပါ ပါနေတယ်ဆိုတာပါပဲ) သူ့ဓါတ်ပုံနဲ့ သူ့ဖေ့စ်ဘွတ်ခ်ပရိုဖိုင်လ်ကပုံတွေဖြစ်ပါတယ်။ ကျနော့်ရင်ထဲ အထိခိုက်ရဆုံးစကားကတော့ အဲဒီနေ့မနက် အပြန်အလှန်ပြောကြတဲ့စကားတွေထဲက ၅ နာရီ ၅၃ မိနစ်အရောက်မှာ သူပြောခဲ့တဲ့ 5:53amMin Han ကျန်းမာရေးညံ့။ စီးပွားရေးညံ့။ နိုင်ငံရေးညံ့။ ဆိုတဲ့စကားပဲဖြစ်ပါတယ်။                      
Conversation started September 27, 2012

            4:49amMin Han ဟိုင်း


October 4, 2012

            7:39amMin Han ကိုမျိုး ပို့တာရလား


October 10, 2012

            1:29amMin Han ကိုမျိုး


October 29, 2012

            11:57amMyo Myint ကိုမင်းဟန်ရေနေထိုင်ကောင်းလားဗျ



            11:58amMin Han ဗျား..ကျန်းမာရေးကောင်း၊ စီးပွားရေးမကောင်း



            11:59amMyo Myint ခင်ဗျားစာလေးတွေ ကျနော်ဖတ်ရပါတယ်။ အိမ်ရောင်းပြီး မြို့ပြင်ကိုပြောင်းတော့မယ် ဘာညာဆိုတာလေ၊ မွေးနေ့မှာခင်ဗျားရေးခဲ့တာပါ။



            12:02pmMin Han ဟုတ်ပါ့။ လကုန်ရင်ပြောင်းပြီ



            12:04pmMyo Myint အေးဗျ အဲဒီ ခြောက်လွှာလား ရှစ်လွှာလားတော့ သေချာမမှတ်မိတော့ဘူး ကျနော်လွတ်တော့ ခင်ဗျားအိမ်ကိုရောက်ပါတယ်။ မဘဲရှုပ်(မလှလှဝင်း ယခုနော်ဝေ)နဲ့ပါ။ သာယာဝတီထောင်ကလွတ်တဲ့ ကိုနော်ရှမ်းလည်းပါတယ်ဗျ



            12:06pmMin Han ဟုတ်လား။ အိမ်ကလာတဲ့သူတွေ သိပ်မမှတ်မိတော့ဘူး။ ကြာမှပဲ။



            12:07pmMyo Myint အင်း ကြာပြီလေ ၂၀၀၄ သြဂုတ်လောက်ဖြစ်မယ် ထင်တယ်။



            12:09pmMin Han အင်း..အမေတောင် မဆုံးသေးဘူးထင်တယ်



            12:10pmMyo Myint ဟုတ်မယ်ဗျ..


November 3, 2012

            10:11amMyo Myint ကိုမင်းဟန်ရေ ဘေးကနေကြည့်ပြီး ဘေးမှာပဲပြောမယ်ဗျာ မကောင်းဘူးလား။ ဝိုင်းနားမှာ မပြောဘူး၊ ဝိုင်းထဲကလူကို ဝင်မပြောဘူး။ ဝိုင်းထဲဝင် ထိုးခွင့်ရတဲ့အခါ ဝင်ထိုးတာပေါ့နော။



            10:15amMin Han အခု ဘေးထိုင်တာကြာသွားလို့လားမသိဘူး ဝိုင်းထဲဝင်ထိုးတာထက် ဘေးက ကြည့်တာပိုကောင်းနေတယ်။ ရှင်းနေတာပဲ။



            10:17amMyo Myint အဟဲ..ထိုးတဲ့မောင်တွေ ထချရင်တော့ ဝင်ဝက်ဆွဲနော်။



            10:20amMin Han အခုထိုတဲ့သူတွေထချယင် ခေါင်းစွပ် စွပ်ပြီး ထိုးခိုင်းသလို သူတို့ ဘယ်သူ့ထိုးနေမှန်းတောင် သိမှာမဟုတ်ဘူးဗျ။ ဒီအတိုင်းထားတာ ကောင်းပါတယ်။



            10:25amMyo Myint ဟား..ဟား..ကောင်းလှချည်လား ဥပမာက..။


Saturday

            5:50amMin Han ကိုမျိုး ဘာတွေလုပ်နေလဲ



            5:51amMyo Myint စောစောစီးစီးနိုးပြီး ပြန်အိပ်မပျော်တာနဲ့ အွန်လိုင်းတက်နေတာပါ။ ခင်ဗျား နေထိုင်ကောင်းလား။



            5:53amMin Han ကျန်းမာရေး ညံ့။ စီးပွားရေး ညံ့။ နိုင်ငံရေး ညံ့။



            5:53amMyo Myint အကောင်းမကုန် အကုန်မကောင်းပေါ့နော...။ ခင်ဗျား ဟိုးတလောကပြောတာ အိမ်ပြောင်းမယ်ဆိုတာရော ပြောင်းဖြစ်သွားသလားဗျ။



            5:54amMin Han ဟုတ်ပါ့။ ဒဂုံတောင် ချောင်ထဲရောက်နေပြီ။



            5:55amMyo Myint ဘွားတော်လည်း မတိုးသာမဆုတ်သာနဲ့ ကန့်လန့်ကြီးဖြစ်နေသလိုပဲဗျနော်။



            5:57amMin Han ကန့်လန့်ကတော်သေးတယ်။ သူ့လူတွေ ဝိုင်းလုပ်မှ ဇောက်ထိုးကျတော့မယ်။



            5:57amMyo Myint သူကလည်းသူ။ သူ့လူတွေကလည်းသူ့လူတွေလို့ ပြောရမလိုပါဖြစ်နေပြီ။



            6:00amMin Han ခေါင်းဆောင်ကောင်းတယောက်ပါ။ နောက်လိုက်ကာင်း၊ နောက်လိုက်ကောင်း မရွေးတတ်တာ။ ဒါကြောင့် နောက်လိုက်ကောင်းမရှိတာ။



            6:01amMyo Myint သူကတော့ သူ့စိတ်ကြိုက်ရွေးထားသူတွေနဲ့ပဲ ခရီးသွားချင်မယ်ထင်တာပါပဲ။



            6:03amMin Han ဘယ်သူမဆို ကိုယ့်စိတ်ကြိုက် ရွေးချင်ကြတာပါပဲ



            6:04amMyo Myint သူ့စဉ်းစားချက် ပြောင်းပြစ်လိုက်တာလည်း ဖြစ်မယ်ထင်တယ်ဗျ။ အရင်က နောက်လိုက်ကောင်းလို့သူ့သတ်မှတ်ချက်နဲ့ အခု နောက်လိုက်ကောင်းသူ့သတ်မှတ်ချက်က မတူတော့တာဖြစ်မှာပါ။ သူ့ကြည့်ရတာတော့ ပျော်နေပုံပဲ။ ပုသိမ်ထီးကြီးဆောင်းပြီး ဖိနပ်ကိုင်သူတွေနဲ့ ခါတော်မီအမေစုတွေနဲ့ ပျော်နေပုံပဲ။



            6:04amMin Han တခါတလေ ကိုယ်မကြိုက်ပေမယ့် လိုအပ်ယင်ရွေးရမယ်။



            6:05amMyo Myint ရွေးတယ်၊ ငြင်းတယ်ဆိုတဲ့ ၂ ခုစလုံးက ရွေးချယ်မှုပါပဲ ကိုမင်းဟန်ရေ။ လူတယောက်ကို ကိုယ်မကြိုက်လို့ကိုယ်မရွေးဘူးဆိုတာလည်း ကိုယ့်ရွေးချယ်မှုနဲ့ဆုံးဖြတ်မှုပါပဲ။



            6:06amMin Han အကြိုက်လိုက်တဲ့သူတွေက များတယ်။



            6:06amMyo Myint ကျနော်မြင်တာတော့ အင်န်အယ်လ်ဒီကို သူ့စိတ်ကြိုက်လူတွေနဲ့ သူ ဆက်သွားနေတာလို့ ဖြစ်ပါတယ်။ ကျနော်တို့ဆီမှာလည်း အဲ့ဒီဂယက်က ရိုက်ပါတယ်။



            6:08amMin Han ကြိုက်ကြိုက် မကြိုက်ကြိုက် ပြောစရာရှိတာပြောမယ့်လူတွေ သူနဲ့ဝေးလာတာပေါ့။ သူက နိုင်ငံရေးမော်ဒယ်ဂဲလ်လုပ်နေတာ။



            6:10amMyo Myint သူနဲ့ဝေးတယ်ဆိုတာထက် သူက အကပ်မခံတော့တာလို့ ကျနော်မြင်ပါတယ်။ ပါတီတွင်းဖြစ်နေတဲ့ကိစ္စတွေ ပါတီတည်ဆောက်ရေးကိစ္စတွေ လျစ်လျူရှုထားပြီး သာမန်လွှတ်တော်အမတ်တယောက်တောင်မလုပ်ကြတဲ့အလုပ်တွေလျှောက်လုပ်ရင်း အချိန်ကုန်နေသလားလို့ဗျာ။



            6:10amMin Han ရေစီးထဲ မျောနေကြတယ်



            6:11amMyo Myint ၂၀၁၅ ကို မျှော်တာလည်း မျှော်ပေါ့နော်။ ဒါပေမယ့် မိမိပါတီတွင်း၊ ပါတီပြင်ပ၊ မဟာမိတ်တည်ဆောက်ရေးတွေ ခုချိန်ထိဘာမှမလုပ်သေးဘူး။



            6:11amMin Han ပျော်ပျော်ကြီးကိုမျှောနေကြတာ။



            6:11amMyo Myint ဒီဘက်(အမေရိကန်)နိုင်ငံရေးအသိုင်းအဝိုင်းထဲမှာ သူ့ကို လူကြိုက်နည်းနည်းလာတာ သတိထားမိတယ်ဗျ။



            6:12amMin Han မျှော်USA က နောက်အင်အားစုတစုကို ရှာနေပုံရတယ်။



            6:14amMyo Myint တချို့ ကွန်ဂရက်စ်မင်န်းတွေဆို သိန်းစိန်တို့အငြိုအငြင်မခံရဖို့အရေးကြီးတယ် စစ်အုပ်နဲ့အဆင်ပြေမှတရုတ်ကိုဆော်ရေး ပွဲပြတ်မယ်၊ သူခံနေရင် အမေရိကန်အတွက်လည်း မျက်နှာပူစရာလိုဖြစ်မယ်။ စတာတွေတောင် ခတ်တိုးတိုးအသံထုတ်လာတယ်လေ။ ခု ဟာဝိုင်းအီးခရီးမှာ သဲသဲလှုပ်လှုပ် မလုပ်ပြတော့တာ သတိထားမိလား။



            6:14amMin Han ကံဆိုးတာက အထဲမှာ အဆင်သင့်မရှိဘူး။



            6:15amMyo Myint အမေရိကန်က သူမပါလည်း ဟိုကောင်တွေနဲ့ဆက်သွားနေပြီလေ။



            6:15amMin Han ဖွဲ့ယူရမယ့်အနေအထားရှိတယ်။ အဲဒါ အမှန်ပဲ။



            6:17amMyo Myint ကျနော်ပြောတာ ရင့်သီးသွားရင်တော့ ခွင့်လွှတ်ပါ။ ကျနော်မြင်တာက သူ ဟိုကောင်တွေရဲ့ဆင်လုံးတွေကိုသာယာပြီး နိုင်ငံရေးအနေမတတ်မှု ဖြစ်နေတာထင်တာပဲ။ လက်ပန်းတောင်းတောင်ကိစ္စဝင်ပါတာ ပိုဆိုးသွားတယ်။



            6:18amMin Han USA ကဒီမိုကရေစီ အမာခံအင်အားကိုရှာရမယ်။ သူကထောင်ချောက်တွေထဲကိုပဲ ဆင်းနေတယ်။ ဦးဝင်းတင်တောင် စိတ်ပျက်တဲ့လေသံထွက်လာပြီ။ ပိုပိုသာသာတွေးကြည့်ပေးရင်တော့ မျောပါတာလား.....။ မျှောလိုက်တာလားပေါ့။



            6:24amMyo Myint အိုဘားမားအစိုးရက တက်လာသမျှဒီမိုကရက်တွေထဲမှာ လူရည်အလည်ဆုံးဆိုပြီး ဒီက သတင်းစာကြီးတောင် မလိုတမာချီးမွမ်းခြေကျောက်ရေးကြပါတယ်။ သူပြောတဲ့ ဟာဒ်ပါဝါလည်းမဟုတ် ဆော့ဖ်ပါဝါလည်းမဟုတ် စမတ်ပါဝါဆိုတာ အဲ့ဒါပဲ..တဲ့။ အမေရိကန်အကျိုးစီးပွားအတွက် ရန်သူကိုမိတ်ဆွေမဖွဲ့ဘူး..တဲ့။ ရန်စောင်နေကြသူတွေကို ရန်တိုက်ပေးပြီး တဘက်ဘက်ကပင်းပြီး စီးပွားရှာတဲ့နည်းပဲ..တဲ့။ ဥပမာ..တရုတ်၊ ဂျပန်၊ ကိုးရီးယား၊ ဗီယက်နမ်၊ အိန္ဒိယလို ပြဿနာနိုင်ငံတွေအချင်းချင်း ထချကြရေးပေါ့..တဲ့။ ပြင်ပမှာပေါ့။ ပြည်တွင်းကျတော့ ရီပတ်ဘလီကင်န်တွေ မလုပ်ဝံ့တဲ့အပြင် ဆန့်ပါဆန့်ကျင်တဲ့ကိစ္စတွေကိုဥပဒေပြုတာပဲ..တဲ့။ ဒါပေမယ့် နှစ်ပါတီလုံးအကျိုးစီးပွားတော့ မထိခိုက်စေတဲ့ဥပဒေမျိုးတွေပဲ..တဲ့။ ဒါပေမယ့် လူထုထောက်ခံမှုတော့ အပြည့်ရသွားတယ်..တဲ့။ ဥပမာ..လိင်တူလက်ထပ်ခွင့်နဲ့ (ဆေးခြောက်) နှစ်မျိုးလုံးကို တရားဝင်သုံးစွဲခွင့်ပေးတဲ့ဥပဒေမျိုးပေါ့..တဲ့။



            6:24amMin Han မျှောလိုက်တာဆိုယင် ရုန်းထွက်ရမယ့်နေရာ ရှိရမယ်။



            6:25amMyo Myint သူက မျှောလိုက်တယ်လို့ ထင်/မထင်က အရင်လာရမှာလို့ ထင်ပါတယ်။



            6:26amMin Han မျောပါယင်တော့ ပိတ်မိသွားမှာပဲ။ ၂၀၁၅ မတိုင်ခင် အခုပွဲတွေက သူ့နိုင်ငံရေး ရေချိန်ပဲ။



            6:28amMyo Myint သူ့ဘာသာသူ မျောသွားပါလားလို့သိမြင်နားလည်မှကိုး။ သိပြီပဲထားပါတော့ ရုန်းထွက်ဖို့ဆိုတာ အားလိုတယ်လို့ထင်ပါတယ်။ လူထုအခြေပြုပါတီခေါင်းဆောင် နိုင်ငံရေးသမားဆိုရင်တော့ လူထုနဲ့ပါတီနောက်ခံမတောင့်တင်းပဲ ရုန်းလို့မရဘူးထင်တယ်။ ခုသူ့နောက်က ခါတော်မီမေမေစုတွေက တကယ့်အမာခံတွေ မဟုတ်ကြဘူး။ မဖမ်းတော့ပါဘူးဆိုမှ အဖမ်းခံရမှာမကြောက်လို့နိုင်ငံရေးလုပ်တာကွ ဆိုသူတွေပါ။ ခုနေ ပြန်ဖမ်းကြည့်ပါလား။



            6:28amMin Han တယောက်ထဲ တော်နေလို့မရဘူးလေ။



            6:30amMyo Myint ကျနော်က (သာမန်လူတစ်ယောက် ဒါမှမဟုတ် ပညာရှင်တယောက်ရဲ့ တစ်ယောက်တည်းတော်မှုစံတွေ)နဲ့ (နိုင်ငံရေးသမားပါတီခေါင်းဆောင်တစ်ယောက်ရဲ့ တယောက်တည်းတော်မှုစံတွေ) မတူဘူးလို့ထင်တယ်ဗျ။ ပညာရှင်က လူထုမလိုဘူးဗျာ။ လူထုကို ပါတီကိုစည်းရုံးတတ်ဖို့ မလိုဘူးဗျာ။ အတိုက်အခံကိုတိုက်ဖို့နဲ့ မဟာမိတ်ဖွဲ့တတ်ဖို့မလိုဘူးဗျာ။



            6:32amMin Han ဒါဘောလုံးပွဲလိုပဲ...အသင်းခေါင်းဆောင် ဘယ်လောက်ကောင်းကောင်း ကျန်တဲ့လူညံ့နေယင် ဂိုးမရဘူး။ ခုဂိုးဘယ်လောက်ရပြီလဲ။



            6:32amMyo Myint ပါတီခေါင်းဆောင်နိုင်ငံရေးသမားကျတော့ အဲ့ဒါတွေလိုတယ်ဗျာ။ အဲ့ဒါတွေက သူ တော်/မတော်ကို စံပြုဆုံးဖြတ်ရမယ့်ဟာတွေလို့ မြင်တယ်ဗျ။ အခြားစံတွေလည်း ရှိပါသေးတယ် ပြောရင်ရှည်မှာ စိုးလို့ပါ။



            6:33amMin Han ဘယ်လောက်ပေးထားရလဲကိုမျိုးရေ။ ကျွန်တော်လဲအချဉ်ပေါက်နှေတယ်။



            6:34amMyo Myint နိုင်ငံရေးသမားပါတီခေါင်းဆောင်မှာ (အဲ့ဒီလိုမျိုးစံတွေနဲ့ ဇတုတ်တိုက်ကြည့်ပြီး မပြည့်မီဘူးဆိုရင် တယောက်တည်းတော်တဲ့ပါတီခေါင်းဆောင်လို့) ပြောလို့မဖြစ်ဘူးထင်တာပဲ။ အဲ တစ်ခုတော့ရှိတယ် (ပါတီနောက်ခံမရှိတဲ့တသီးပုဂ္ဂလအမတ် တသီးပုဂ္ဂနိုင်ငံရေးသမားဆိုရင်တော့တမျိုး)တွေးရမှာပါ။



            6:34amMin Han နေတယ်။



            6:35amMyo Myint ဘောလုံးပွဲဆိုလည်း အသင်းခေါင်ဆောင်တိုင်း ကီးပလေယာမဖြစ်ပါဘူးဗျ။
ခင်ဗျားတို့လည်း အရံလူတွေပါပဲ။ ပရိသတ်မှမဟုတ်တာ။



            6:36amMin Han လုပ်ပွဲကြည့်ရသလို ပေါ့ရွှတ်ရွှတ်နဲ့ကိုသီဟတို့ကောနေကောင်းကြရဲ့လား။



            6:39amMyo Myint ကောင်းကြပါတယ်။ အဲ့မှာဖတ်ကြည့်ဗျာ။ အဲ့ဒါ ကျနော် လွန်ခဲ့တဲ့ ၂ ပတ်ကျော်က ရေးဖြစ်တာပါ။ ကျနော့်တိုင်မ်းလိုင်းထဲ အားတဲ့အခါ ဝင်ကြည့်ပါဗျာ။ တခါတလေ ကျနော် ခင်ဗျားကို Tag မလုပ်မိဘူးဗျာ။ ဒါက နောက်ဆက်တွဲ ၁ ပါ ပါ။ ဒါကနောက်ဆက်တွဲ ၂ ပါ။