Tuesday, February 5, 2013

ခြိမ်းခြောက်ပြီးအုပ်ချုပ်ရင် အမျိုးယုတ်သွားလိမ့်မယ်

ဂိုလ်ရှယ်လေး

အောင်မင်းတို့ လှည့်စားသမျှ ပြည်တွင်းပြည်ပ အရည်ပျော်ကျနေတုန်း လက်ပံတောင်းက လက်ပန်းပေါင်းထခတ်ပြတော့ အောင်မင်းဟန်မဆောင်တော့ပါ ၊ တရုတ်ပြည်သာ ကျေးဇူးရှင် တရုတ်က မဟာ အင်အားကြီး စတာတွေနဲ့ခြိမ်းခြောက်ပြီး တရုတ်အောက်မှာ ၀မ်းလျားမှောက်ပေးရတော့မယ့်ပုံစံနဲ့ ဇာတ်စုံခင်းပြလာတယ်။
အောင်းမင်းကို သိအောင်တော့ပြောရမယ်။ အောင်းမင်းပြောသလောက်တရုတ်ပြည် အစိုးရက အဆင်ချင်မဲ့ လုပ်တတ်သလား။ 
တရုတ်က နိုင်ငံတကာမှာ စီးပွားရေးအင်အားကြီးလာတော့မှန်တယ်။ အဲဒါကြီးကို ကိုင်ပြပြီး ပြီးတရုတ်က မြန်မာပြည်က စီးပွားရေး ဆန့်ကျင်မှုတွေ လုပ်လာရင် တိုင်းရင်သားတွေကို လက်နက်ပေးပြီး အနောက်ကနေ ၀င်သိမ်းလိုက်မယ် ဆိုတာ ဟုတ်ပါ့မလား?
မြစ်ဆုံဆည်ရပ်ဆိုင်းလိုက်တဲ့ကိစ္စကတည်းက တရုတ်ကမကြေနပ်လို့ အကြောင်းရှာနေတာ မကြောက်ကြဘူးလား? စသဖြင့် ချိန်းလုံးဖြီးလုံးတွေနဲ့ အောင်မင်းအကြော ထောင်နေတာကို အခု ချိုးပြမယ်။
တရုတ်က မြန်မာပြည်မှာ ရင်းနှီးမြုတ်နှံမှုတွေကို ဘယ်သူတွေနဲ့ လုပ်ခဲ့တာလဲ? တရုတ်ရင်းနှီးမြုပ်နှံမှုတွေက ဘယ်အချိန်ကနေ စပြီး လုပ်ခဲ့တာလဲ? အောင်မင်း အနေနဲ့ လိမ်စဉ် ချိန်းစဉ်ကို ချပြမယ့်အစား အမှန်ကိုပြောရမယ်။ 
အောင်းမင်းတို့ တရုတ်နဲ့လုပ်ထားတဲ့ စာချုပ်ပေါင်းများစွာတို့ထဲက ၉၉.၉၉ ရာနုံန်းဟာ စစ်အာဏာရှင် အုပ်စိုးတဲ့အချိန်မှာ လုပ်ခဲ့ကြတာ၊ တရုတ်က ကုလသမဂ္ဂမှာ  အမြဲတမ်း ငါးနိုင်ငံ ကြီးငါးကြီးထဲမှာ ပါနေတော့ အောင်မင်း ဘဘ တွေက တရုတ်ကို ပြေးကပ် ဖင်လျှက်ပြပြီး တိုင်းပြည်ထဲကိုတရုတ်စီးပွားရေးတွေ အတင်းဆွဲသွင်းလာကြတာမဟုတ်လား။
 အောင်မင်း အပါဝင် အောင်မင်းတို့ ဘဘ တွေ အုပ်ချုပ်တုန်းက အောင်းမင်းတို့ နေပြည်တော်မပြောနဲ့ တပြည်လုံးရဲ့ စစ်အုပ်ချုပ်မှု ပုံစံကို နိုင်ငံတကာက ကြည့်ပြီး အောင်းမင်းတို့ ဘဘကြီး အစိုးရကို ကုလသမဂ္ဂမှာ ယာယီး အစိုးရအသင်းဖွဲ့ပုံစံမျိုးလောက်ပဲ ဆိုတဲ့ (De facto Government) ဆိုပြီး သတ်မှတ်ထားခဲ့ကြတာလေ။
အဲဒီအစိုးရက နဲ့ ရင်းနှီးမြုပ်နှံမှုတွေအများလုပ်တဲ့ တ၇ုတ်က ခုချိန်မှာ သူလုပ်ခဲ့တဲ့ သူ့ရဲ့သိက္ခာကိုသူသိနေတယ်။ တရုတ်က သူ့အစိုးရအဖွဲ့ထဲမှာတောင် ဖြုတ်ထုတ်၇ှင်းတွေကို အခု လုပ်ပြနေတာကို အောင်မင်း မမြင်ဘူးလားပဲ၊ တရုတ်က အလည်ကားလုပ်ပြတာမဟုတ်ဘူး အောင်မင်းရေ။
ကမ္ဘာမှာ အင်အားကြီးလာတော့ နိုင်ငံပေါင်းစုံက တရုတ်ကို မျက်လုံးပေါင်းစုံနဲ့ ၀ိုင်းကြည့်လာကြတာကို တရုတ်က ပြုပြင်မှုတွေ လုပ်ပြလာရတယ်။ တရုတ်က အာဖရိကမှာ လက်ဝင်လျှိုပြီး အာဖရိက အာဏာရှင်အစိုးရတွေဘက်နဲ့ သူပုံပေါင်းစုံရဲဘက်ကို ဈေးကွက်တမျိုးထဲကနေ လက်နက်ခဲယမ်းတွေ နှစ်ဖက်စလုံးပေးပြီး စစ်ပွဲတွေ ကျင်းပပေးတာ ကမ္ဘာက သိလာလို့ တရုတ်စီးပွားရေးသမားတွေ တရုတ်အစိုး၇ကို ဝေဖန်ကန့်ကွက်တာတွေ ဖြစ်လာတော့ တရုတ်အစိုးရက သူ့ဂုဏ်သိက္ခာနဲ့ သူ့လုပ်ရပ်တွေအတွက် ဆင်ခြင်လာရတယ်။
ကမ္ဘာကြီးတခုလုံးမှာ တရုတ်ရဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏငွေဟာ ရှန်ဟိုင် စီးပွားရေး အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ  ၂၀၁၂ မှာ အမေရိကန်ဒေါ်လာ ထရီလီယန်ပေါင်း ၈၂၀ နဲ့ လည်ပတ်နေတာ ကို ထုတ်ပြန်တယ်။ 
ဒါဆို အောင်မင်း လိမ်လည်ပြီး ခြိန်းခြောက်နေတာကို သိသာအောင်ပြောရရင် မြန်မာပြည်မှာ တရုတ်ရဲ့ရင်းနှီး မြုပ်နှံမှုဟာ ကမ္ဘာကြီး တခုလုံးကို ရင်းနှီးမြုပ်နှံထားမှုရဲ့ ၁ ရာခိုင်နုံန်းတောင်မရှိပါဘူး၊ အဲလောက်ပမာနလေးပဲရှိတဲ့ မြန်မာပြည်ထဲက အကျိုးစီးပွားကို တရုတ်က အသဲအမဲဖြစ်ပြီး မြစ်ဆုံရပ်လိုက်လို့ လက်ပံတောင်းရပ်လိုက်လို့  တရုတ်က မြန်မာပြည်ကြီးကို စစ်ရေးအရ ၀င်ရောက်လာတော့မယ့် အနေထားမျိုးကို အောင်မင်းက ရောက်လေရာနေရာမှာ ပေါက်တတ်ကရ ဟိတောပဒေသာပုံပြင်လိုလုပ်ပြီး ထုတ်ထုတ်ပြောနေတယ်။ 
အောင်မင်း သိသင့်တာက တရုတ်စီးပွားရေးနဲ့ ဦးပိုင်ကြောင့် တိုင်းပြည်ကုန်းကောက်လို့မရအောင် ငါးပါးမှောက်နေရတဲ့ လူနေမှုနေစဉ်ဘ၀ကို ကယ်တင်ဖို့ တ၇ုတ်ဦးပိုင်စီးပွားရေးအတွင် သဘောတူစာချုပ်အရ အလျော်ပြန်ပေးရမယ်ဆိုတာ လက်ခံနိုင်ပါတယ်။ တရုတ်ကလည်း အလျော်တောင်းတာလောက်ကလွဲလို့ တကမ္ဘာလုံးက ၀ိုင်းအုံကြည့်ခံနေ၇တာကိုသိတဲ့အတွက် တရုတ်ပြည်က ဘာမှ ဆက်လုပ်လို့ မရဘူး၊ ကုလသမဂ္ဂမှာလည်း နိုင်ငံတကာနဲ့ ပတ်သက်ပြီး ရင်းနှီးမြုပ်နှံမှုရဲ့ သဘောသဘာဝ ပရိုတိုကော တွေ ကွန်ဗင်းရှင်းတွေဆိုတာ ခိုင်ခိုင်မာမာ၇ှိပါတယ် အောင်မင်းရယ်။ လုပ်ချင်သလိုလုပ်လို့် မရပါဘူး။
တရုတ်ကို ပြန်လျော်ပေးရတော့ရော ဘယ်လောက်ဆုံးရှုံးမှာမို့လဲ၊ အောင်မင်းတို့ ဘဘတွေရဲ့ ကတိကြောင့် ပြည်သူတွေ မထောက်ခံလို့ ဖြစ်လာတဲ့ ကိစ္စက ချက်ခြင်းကြီးလဲ တ၇ုတ်က အားလုံး အလျော်ပြန်ယူလို့ မရဘူးဆိုတာ အောင်မင်း အနေနဲ့ ပြည်သူတွေကိုချပြပေးသင့်တယ်။
ပြန်လျော်ရမယ့် ငွေကြေးဟာ ချေးငွေ မဟုတ်လို့ အတိုးတပြားသားမှ ပေးစရာမလိုဘူးဆိုတာ နိုင်ငံတကာ ပရိုတိုကော တွေကို အောင်မင်း လေ့လာသင့်တယ်။ ပြီးတော့ သက်ဆိုင်ရာ နိုင်ငံတကာ ခုံရုံးတခုခုမှ ဆုံးဖြတ်မှုကို ယူရမှာ ဖြစ်သလို ပြန်လျော်ရမယ်ဆိုတဲ့ ဆံုးဖြတ်ချက်ချခဲ့ရင်တောင် အရစ်ကျ နှစ်အလိုက် ပေးရမယ့် ငွေကြေးပမာနဟာလဲ ကနေ့ အောင်မင်းတို့ နေပြည်တော် ဘဘကြီးများကို ပေးနေတဲ့ ပူဇော်စရိတ်လောက်ပဲရှိတာကိုလည်း မြင်သင့်တယ်။
ခု ကချင်ဒေသကို အောင်မင်းတို့ စစ်တိုက်လိုက်တာ လပေါင်း ၂၁ လထဲမှာ အမေ၇ိကန်ဒေါ်လာ ၆၅ သန်းကုန်ကျသွားပြီဆိုတာ အောင်မင်းတို့ရဲ ဘော်ဘော်ကြီး မင်းအောင်လှိုင်ရုံးက သတင်းထွက်လာတာပဲ။ ဘယ်လောက်နှမျောဖို့ကောင်းလိုက်တဲ့ငွေတွေလဲ၊ ကချင်ဘက်ကလဲ အောင်မင်းတို့ စစ်ဘီလူး ထိုးစစ်ကို ကာကွယ်ဖို့ ပြင်ဆင်လိုက်ပြီး ခံတိုက်လိုက်တာ အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါးလောက် ကုန်တယ်လို့ စစ်ရေးကျွမ်းကျင်တဲ့ နိုင်ငံတကာ စစ်ေ၇း စောင့်ကြည့်နေတဲ့ ဂျိမ်း စာစောင်အုပ်စုက ပြောပါတယ်။
နောက်ဆုံးတော့ အောင်မင်းတို့ စစ်ရေးအရ ခြိမ်းခြောက်ပြပြီး တိုင်းရင်းသားတွေကို အပေါ်စီးက ထာဝရဖိထားဖို့ဆိုတဲ့ တိုက်ပွဲကြီးထဲကို သိက္ခာတင်ဖို့ လိုက်ရှာနေတဲ့ တရုတ်က ၀င်ပြီး နှစ်ဖက်စလုံးကို အာဖရိကမှာလို လက်နက်ပေးပြီး တိုက်ခိုင်းထားတဲ့ အမှားအတွက် ဖာကွက်ထေးကွက်ရသွားပြီး တရုတ်ကပဲ ဂုဏ်သိက္ခာ ဒုနဲ့ဒေး ရသွားတယ်။
အောင်မင်းက တိုင်းပြည်ကို စစ်ဗိုလ်ချုပ်တွေဘ၀ကလိုပဲ သေနတ်အာဏာနဲ့ခြိမ်းခြောက်ပြဖို့ အခု ပြောင်းလဲရေးဟန်ပြလမ်းစဉ်မှာ လုပ်မရတော့လို့ တရုတ်ကုလားတွေကို တိုင်းပြည်ထဲဆွဲသွင်းပြီး တရုတ်ကုလားခရိုနီစီးပွားရေးတွေ ကြီးပွားနေတာကို ပြပြီး ပြည်သူကိုနေ့စဉ်နဲ့မမျှ ထမင်းတနပ်စားဖို့ စကားလုံးတွေနဲ့ အကြွေးဆပ်ဖို့ တွန်းအားပေးပြီး ကျီးလန့်စာ စားနေရအောင်လုပ်လာကြတာ တရားမမျှတတာမို့လို့ တရားနည်းလမ်းတကျ အခင်းကျင်းတခုကို စေတနာသန့်သန့်နဲ့လုပ်ရင် ကောင်းမယ်။
အဲဒီတရုတ်ကုလားတွေ ရဲ့ စီးပွါးရေးကြီးပွားနေတာ အောင်မင်းတို့ ဗိုလ်ချုပ် တွေ ဗိုလ်ချုပ်လူဝတ်လဲတွေအောက်မှာပဲ လုပ်နေကြတာကို တရုတ်အစိုးရကိုယ်တိုင်က စစ်ဗိုလ်ချုပ်တွေကို လဒ်ထိုးပြီး လုပ်နေကြရတာပါဆိုပြီး ဖေဖေါ်ဝရိလ ၂ ရက်နေ့က တရားဝင် ထုတ်ပြန်သွားတာ အောင်မင်းတို့ ဘယ်လို၇ှင်းမလဲ?
အေင်မင်း သိသင့်တာက အောင်မင်းပြောပြောနေတဲ့ တရုတ်တွေ ကုလားတွေ ဟာ အောင်မင်းတို့ဘဲ ပြည်သူကို ခြိမ်းခြောက်ဖို့ ခေါ်သွင်းထားတဲ့ စစ်တုရင် ခုံပေါ်က နယ်ရုပ်လေးတွေဆိုတာ သိရင်၊ အောင်မင်းပြောပြောနေတဲ့ အဲဒီ ပြည်ပက လူမျိုးတွေကို တခါးဖွင့်ပေးပြီး အစုလုံအပြုံလိုက်ပုံအောပြီး တိုင်းပြည်ထဲမှာ ပြည်သူတွေကို ချယ်လှယ်ခွင့်ပေးထားတာကို အောင်မင်းတို့ အစိုးရက မတားမြစ်ဘူးဆိုရင်တော့ အောင်မင်းရေး အနာဂတ် မြန်မာပြည်ဟာ တရုတ်ပြည်လား ကုလားပြည်လား ဘာပြည်မှန်းမသိ အောင်မင်းရဲ့ ခြိမ်းခြောက်မမှု မသမာတဲ့ စိတ်အသိကြောင့် အမျိုးတွေပြောက် သွေးပေါင်းစုံပေါက်ပြီး တိုင်းပြည်ပြောက်မှာ သေခြာကြောင်း အောင်မင်း နဲ့ နေပြည်တော် အစိုးရ ခေါင်းဆောင်တို့ရဲ့ ဦးခေါင်းကို တီးမောင်းကဲ့ သို့ ထုထောင်းလိုက်ရပါတယ်။
ကျေးဇူးတင်ပါတယ်
ဂိုလ်ရှယ်လေး
စာရေးချိန်( ဖေဖေါ်ဝရီလ ၄ နက် ၂၀၁၃ ခုနှစ် ညနေ ရ နာရီး ၁၀ မိနစ်)