Tuesday, January 15, 2013

Truth News about Myanmar Military Aircraft

  မင်းအောင်လှိုင်တို့  စစ်ရဟတ်ယာဉ် ပျက်ကျမှုသတင်း တရုတ်သတင်းဌာနတွေက အမှန်အဖြစ်အပျက်ကို ထုတ်ဖေါ်ပြောကြား//

မင်းအောင်လှိုင်တို့  ပြည်သူလူထုနှင့် တပ်မတော်အပေါ် လိမ်ညာမှု။

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် စက်ချို့ ယွင်း ပျက်ကျတာ မဟုတ်ဘဲ မြေပြင်မှ ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျရတာလို့  တရုတ်သတင်းဌာနတွေက ထုတ်ဖေါ်ပြောဆိုလိုက်ပြီ။

ကချင်ပြည်နယ်ဒေသကို မတရားသွားရောက်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်လေယာဉ် စစ်ရဟတ်ယာဉ်တွေနဲ့  ပစ်ခတ်ခဲ့တဲ့ စစ်ရဟတ်ယာဉ်တစ်စီး မြေပြင်ပေါ်က ပြန်လည်ခုခံပစ်ခတ်မှုကြောင့် ပျက်ကျခဲ့တာကို သတင်းအမှန်မဖေါ်ပြဘဲ ပြည်သူလူထုကို လိမ်ညာသတင်းထုတ်ပြန်တဲ့ မင်းအောင်လှိုင်တို့  စစ်အုပ်စုဝါဒဖြန့် သတင်းအမှားကို ယခုအခါမှာ တရုတ်သတင်းဌာနတွေက ဖေါ်ထုတ်လိုက်ပါပြီ။

မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် ပစ်ချခံရတဲ့အခြေအနေကို တရုတ်သတင်းဌာနအသီးသီးက မနေ့ က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ မြန်မာစစ်ရဟတ်ယာဉ်ဟာ မြေပြင်ပေါ်ကနေ ပြန်လည်ခုခံပစ်ခတ်လို့  မီးလောင်ကာ မြေပြင်ကို ချက်ခြင်းထိုးစိုက် ပျက်ကြခဲ့တယ်လို့  မှတ်တမ်းအထောက်အထားတွေနဲ့  တရုတ်သတင်းဌာနတွေက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မင်းအောင်လှိုင်တို့  စစ်အုပ်စုဝါဒဖြန့်သတင်းဌာနေတွေကတော့ မြန်မာစစ်ရဟတ်ယာဉ်ဟာ စက်ချို့ ယွင်းလို့  အရေးပေါ် ဆင်းသက်ခဲ့ရတာပါဆိုပြီး နေရာဒေသအတိအကျ မဖေါ်ပြဘဲ သတင်းအမှားကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီလို စက်ချို့ ယွင်းလို့  အရေးပေါ်ဆင်းသက်တဲ့ အဆိုပါစစ်ရဟတ်ယာဉ်ကို အခြားရဟတ်ယာဉ်များ ချက်ချင်းပို့ ဆောင်ပေးခဲ့ပြီး ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့တယ်လို့  လုပ်ကြံဖန်တီး ပြောဆိုခဲ့ပါတယ်။

တကယ်ဆိုရင် မင်းအောင်လှုငိတို့ ဟာ အဖြစ်အမှန်အတိုင်း ပြည်သူလူထုနဲ့  တပ်မတော်သားတွေအားလုံး အမှန်အတိုင်း ထုတ်ဖေါ်ပြောကြားရမှာ ဖြစ်ပါတယ်။ ဒီလို အဖြစ်မှန်ကို ဖုံးကွယ်ပြီး သတင်းအမှားထုတ်ယုံမက ချက်ချင်းဘဲ ကယ်ဆယ်ရေးလုပ်ဆောင်သလိုနဲ့  ပြောကြားလိမ်ညာမှုကတော့ မရိုးသားမှုတွေကို သက်သေပြလိုက်တာပါဘဲ။

မြန်မာပြည်သူလူထုနဲ့  မြန်မာ့တပ်မတော်သားတွေအပေါ်ကို မင်းအောင်လှိုင်တို့  ဒီလို သတင်းလိမ်ညာပြောဆိုမှုဟာ မင်းအောင်လှိုင်တို့  မြန်မာ့တပ်မတော်သားတွေကို ၄င်းတို့  ကိုယ်ကျိုးအာဏာခိုင်မြဲဖို့ အတွက် ရှေ့ တန်းစစ်မြေပြင်တွေမှာ အသက်တွေ စတေးခိုင်းတယ်၊ တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ မတရားထိုးစစ်ဆင် ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်တယ်၊ အင်အားမတန်တဆနဲ့  စစ်လေယာဉ်တွေ စစ်ရဟတ်ယာဉ်တွေ သုံး ဗုံးကြဲတိုက်ခိုက်မှုတွေ မတရားလုပ်တယ်ဆိုတာ သက်သေတွေပါဘဲ။

မြန်မာ့တပ်မတော်သားတွေ မိမိတို့  အသက်ကို စတေးကြနေတာဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် မဟုတ်ဖူးဆိုတာ သိရှိကြဖို့  အခုနေချိန်မှာ အထူးလိုအပ်ပါတယ်၊ အာဏာရှင်ဗိုလ်ချူပ်ကြီးတွေအတွက်သာ ဖြစ်နေပါတယ်။ မြန်မာပြည်သူလူထုအနေနဲ့ လည်း အာဏာရှင်ဗိုလ်ချူပ်ကြီးတွေရဲ့  ၀ါဒဖြန့် မှိုင်းတိုက်တဲ့ သတင်းတွေဟာ အတုအယောင် သတင်းအမှားအမှောင်တွေသာ ဖြစ်တယ်ဆိုတာ သိရှိပြီး ယုံကြည်တာတွေ ပြန်လည်ဆန်းစစ်ဖို့  လိုပါတယ်။

တရုတ်သတင်းဌာနတွေနဲ့  နိုင်ငံတကာသတင်းဌာနတွေက ထုတ်ပြန်ကြေညာတဲ့ မင်းအောင်လှိုင်တို့ ရဲ့  စစ်ရဟတ်ယာဉ် ပျက်ကျရတဲ့ သတင်းအမှန်နဲ့ ၊ အာဏာရှင်စစ်ဗိုလ်ချူပ်ကြီးတွေ သတင်းအမှားထုတ် လိမ်ညာပြောဆိုတဲ့ သတင်းအမှားကို နှိုင်းယှဉ်ကြည့်ရင် အမှန်နဲ့ အမှားကို ခွဲခြားပြလိုက်တာပါဘဲ။

http://www.youtube.com/watch?v=nOCLcJx-LFg&feature=youtu.be