Sunday, January 13, 2013

The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်း

By: Duwa Kachin
 The Voice Weekly မှာ ဖေါ်ပြတဲ့ ကေအိုင်အေ အလင်းဝင် သတင်းနဲ့ ပတ်သက်ပြီး ကေအိုင်အေ စစ်ရုံးချုပ်က အရာရှိ တစ်ယောက်ကို ဖုန်းဆက်မေးဖြစ်တယ်။

 ဒူဝါ။ ။ ယေက္ဖ သတင်းတခု အကြောင်း မေးချင်လို့ပါ။ (ကချင်လို Hkau ဆိုတာ တိုက်ရိုက် အဓိပ္ပါယ် ပြန်ရင်တော့ ယောက္ဖ ဒါပေမယ့် ဗမာတွေ တွေးသလို ရိုင်းတဲ့ သဘော မဟုတ်ဘူး။ မသိသေးသူ အချင်းချင်းကြား ယဉ်ကျေးတဲ့ အခေါ်အဝေါ် ဖြစ်တယ်။).

. အရာရှိ။ ။ မေးပါ၊ ရပါတယ်။

 ဒူဝါ။ ။ စစ်သား တချို့ အလင်းဝင် လာတယ် လို့ သတင်းပြန့်နေပါတယ်။ မှန်ပါသလား။?

 အရာရှိ။ ။ ဟုတ်ကဲ့ မှန်ပါတယ်။

 ဒူဝါ။ ။ ဘယ် တပ်ရင်းကလဲ?

အရာရှိ။ ။ တပ်ရင်းတော့ အတိအကျ မသိဘူး။ တပ်ရင်း ပေါင်းစုံက ထင်တယ်။ တစ်ယောက်စ၊ နှစ်ယောက်စ ပါ။ တစ်ချို့က ဖမ်းထားတာပါ။ အားလုံး (၃၀) လောက်ရှိမယ်။

ဒူဝါ။ ။ အော်.... ဟုတ်လား... ဘယ် တပ်မဟာ ကလဲ....

 အရာရှိ။ ။ တပ်မ ၈၈ က ပိုများပါတယ်။

ဒူဝါ။ ။ မဟုတ်ဘူး... ကနော်မေးတာ ကေအိုင်အေ ဘယ်တပ်မဟာ ကလူတွေ အလင်းဝင်သွားတာလဲ လို့ မေးတာပါ။

 အရာရှိ။ ။ အော်... ကျနော်တို့ ဖက်က စစ်သားတွေ ဟိုဖက် ၀င်သွားတာကို မေးတာလား...

 ဒူဝါ။ ။ ဟုတ်ကဲ့ပါ... အခု မေးနေတာ ဗမာ စစ်တပ်ဖက် ၀င်သွားတာကို မေးနေတာ...

 အရာရှိ။ ။ အော်... အဲဒါတော့ မကြားမိဘူး ဗျ။.... ခင်များမေးတာက အလင်းဝင်လာတယ် ဆိုလို့ ကျနော်တို့ဖက် ၀င်လာတဲ့ စစ်သားတွေကို မေးတယ် ထင်လို့။ sorry နော်....