Friday, January 11, 2013

KIA ကို စစ်ဆင်နေသမျှ အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးမှုကို UNFC ရပ်ထားမည်

ဤသဘောထားကို ယနေ့ ကျင်းပပြုလုပ်သည့် သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ သတင်းစာ ရှင်းလင်းပွဲက ထုတ်ပြန် ကြေညာကြောင်း မွန်ပြည်သစ် ပါတီမှ ဒုတိယ စစ်ဦးစီးချုပ် နိုင်လယီဂကောင်း က ပြောပါသည်။ ထို့အတူ သမ္မတ အာဏာကို အသုံးပြု၍ ကချင် ထိုးစစ်အား ချက်ခြင်း ရပ်တန့် ပေးရန် အတွက်လည်း ကြေငြာချက်၌ တောင်းဆို ထုတ်ပြန် ထားပါသည်။ “ဒီ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို မရပ်ဘူး ဆိုရင် UNFC အဖွဲ့ အနေနဲ့ ဦးအောင်မင်း ဖိတ်ကြားထားတဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေး နွေးရေးကို လက်ခံမှာ မဟုတ် သေးပါဘူး ခင်ဗျ။ ဒါပေ မဲ့လည်း စစ်ပွဲ ရပ်သွားဖို့ ကြိုးပမ်းတဲ့ အနေနဲ့ UNFC က ဦးအောင်မင်း ကိုသွားတွေ့မှာပါ။” ဟုဆိုပါသည်။ ဤဆုံးဖြတ် ချက်ကို ဇန်န ဝါရီလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၃) ရက်တိုင်တိုင် ကျင်းပ သွားသည့် UNFC ထိပ်သီး အစည်း အဝေးမှ ချမှတ် ခဲ့ခြင်း ဖြစ်ပါသည်။ ယင်း အစည်း အဝေးကို ထိုင်းနိုင်ငံ ဇင်းမယ် မြို့၌ ကျင်းပခဲ့ပြီး အဖွဲ့ဝင် အဖွဲ့အစည်း များ၏ ဥက္ကဌ/ ဒုဥက္ကဌနှင့် စစ်ဦးစီးချုပ် / ဒုစစ် ဦးစီး ချုပ်များ ပါဝင်သည့် ထိပ်သီး ခေါင်းဆောင် များကသာ တက်ရောက် ကြပါသည်။ အစိုး ရသည် KIA အား ပြင်းထန်စွာ ထိုးစစ်ဆင်လာသည့် အတွက် UNFC သည် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြီးခဲ့သည့် ဇန်နာဝါရီလ (၁) ရက်နေ့တွင် ၄င်းတို့၏ သဘောထား များကို ထုတ်ပြန် ခဲ့ပါသည်။ http://www.phophtaw.org/burmese/index.php/news/local-news/2580-2013-01-02-09-06-27.html

ဤထုတ်ပြန် ချက်ကြောင့် အစိုးရ၏ နိုင်ငံတော် လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည် ဇန်နာဝါရီလ ၂ ရက်နေ့တွင် ကချင်မှ အပ ကျန်ရှိသည့် UNFC အဖွဲ့ဝင် များနှင့် နိုင်ငံရေး အရ တွေ့ဆုံ ဆွေးနွေး ရေးကို ပြုလုပ် ပေးမည်ဟု ပြည်တွင်း မီဒီယာများ၌ ထုတ်ဖော်ပြောကြား လာခဲ့ပါသည်။ UNFC Ag Min 010098999 ဦးအောင်မင်းသည် UNFC နှင့် လာမည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးကြရန် အကျိုးတော်ဆောင် များမှ တဆင့် UNFC အဖွဲ့ကို တရားဝင် ကမ်းလှမ်း ထားပါသည်။ သို့သော် UNFC သည် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ကို ထိုး စစ်ဆင်နေသမျှ တွေ့ဆုံနိုင်မည် မဟုတ်ကြောင်း ယနေ့ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ ထုတ်ပြန်ပြီး အကြောင်းကြား လိုက်ခြင်း ဖြစ်ပါသည်။ ကချင်စစ်ပွဲနှင့် ပါတ်သက်ပြီး UNFC သည် ကြေညာချက် အကြိမ်ကြိမ် ထုတ်ပြန်ပြီး ကန့်ကွက်သော်လည်း အစိုးရဖက်မှ လျစ်လျူရှု ခဲ့ပါသည်။ ဤသို့ကြောင့် လက်ရှိ ထုတ်ပြန်ချက်သည်လည်း မည်မျှထိ ရောက်မည်ကို အများကစောင့် ကြည့်နေလိမ့်မည်ဟု အကဲခတ်များက ဆိုပါသည်။