Tuesday, January 15, 2013

ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ် သူ့မှာအာဏာမရှိပါဘူးတဲ့...တိုင်
းရင်းသားလူမျိုးစုတွေတောင်းနေတာ အာဏာမဟုတ်ပါဘူး...တိုင်းရင်းသားလူမျိုးစုတွေလိုအပ်နေတာက သူတို့နဲ့အတူအမြဲတမ်းရှိနေပြီး သူတို့ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးမဲ့ သူတို့ထောက်ခံပြီးလေးစားတဲ့ အောင်ဆန်းစုကြည်ပါ...ကချင်၊ ရှမ်းမှာ အစိုးရရဲ့ ရက်စက်ယုတ်မာမှုတွေဒီလောက်ပြင်းထန်လာတဲ့အထိ ရေငုံနှုတ်ပိတ်နေနေတာကို အံ့သြမိသလို ဘယ်လိုအကြောင်းတရားတွေကများဒီလောက်ထိအသည်းမာစေရသလဲလို့လဲတွေးမိတယ်...အကျယ်ချုပ်ကနေလွတ်ပြီး အတိုက်အခံပါတီတစ်ရပ်နေနဲ့ရပ်တည်ဖို့ရန်၊ လွှတ်တော်ထဲဝင်ဖို့ရန် သိန်းစိန်အစိုးရနှင့်ဘယ်လိုနားလည်မှုတွေနဲ့များ တည်ဆောက်ယူခဲ့သလဲဆိုတာကိုလည်းတွေးမိသလို....ဘယ်အချိန်အတိုင်းအတာထိ အခုလိုရေငုံနှုတ်ပိတ်နေဖို့ ဘယ်အရာတွေက ဖိအားပေးနေသလဲ...ဘယ်အချိန်ထိဒီလိုနေမှာလဲ ဖခင် (ဗိုလ်ချုပ်အောင်ဆန်း)နဲ့ လားလားမှမတူတဲ့ နည်းတွေနဲ့ နိုင်ငံရေးကစားနေတာလား ဥပဒေစိုးမိုးရေးကိစ္စရပ်ဆောင်ရွက်တယ်ဆိုတာကိုရော ဘယ်လူမျိုး ဘယ်သူတွေအတွက်ရည်ရွယ်ချင်ပါသလဲ...အခုထိဘာမှမယ်မယ်ရရမလုပ်နိုင်သေးဘူးလို့ခံစားမိတယ် ကချင်ဘက်က၊ ရှမ်းဘက်ကပဲရပ်တည်ရမယ်လို့မဆိုလိုပါဘူး...ကချင်ပြည်နယ်မှာဖြစ်နေတဲ့မတရားစစ်ပွဲကြီးနဲ့ပက်သက်ပြီး ရေငုံနှုတ်ပိတ်နေနေတာကိုခံပြင်းလွန်းလို့ပါ