Wednesday, January 9, 2013

မြန်မာ အစိုးရ ရဲ့ ထိုးစစ်ကြောင့်...

By face book

မြန်မာ အစိုးရ ရဲ့ ခေတ်အဆက်ဆက် လိမ်လည်မှု များကို သတင်းဆောင်းပါးတိုင်းလိုလို ရေးကြပါတယ်။

အထူးသဖြင့် ပင်လုံညီလာခံ အကြောင်း လူတွေ ပိုသိလာပါတယ်။

ကချင်လူမျိုးတွေကို အရင်က သိပ်မသိဘူး... အခုနောက်ပိုင်း မြန်မာ နိုင်ငံရေး အပြောင်းအလဲ နဲ့ ဆိုင်တဲ့ သတင်းမှန်သမျှ မှာ ကချင်အကြောင်း ကပ်ပါလာရတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြား ခရီးသွားတိုင်း ပြည်ပ မီဒီယာ များ ရဲ့ မေးခွန်းတိုင်းမှာ ကချင်အကြောင်း မမေးပဲ မပြီးပါဘူး။

ဒါဟာ စစ်တိုက် နိုင်တာထက် ကချင်လူမျိုးတွေ အတွက် အမြတ်ပါ။

အထူးသဖြင့်...

စစ်ပြေးဒုက္ခသည်တွေ အများပိုင်း ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲသို့ ခိုလုံလာရခြင်းကို နိုင်ငံတကာ ပိုစိတ်ဝင်စားပါတယ်။

UN က လိုင်ဇာ ဒေသကို အကူအညီ ပေးနိုင်ဖို့ တရားဝင် ခွင့်တောင်းတာ အကြောင်း ရှိပါတယ်။ ဒါကို ခွင့်မပေးမှန်းလဲ ကြိုသိရင် သိနေမှာပါ။ ဒါပေမယ့် မြန်မာ အစိုးရ ရဲ့ သဘောထား အမှန်ကို ကမ္ဘာကို ဖွင့်ချသွားတာ မြန်မာ အစိုးရ မသိလိုက်ပါဘူး။

တရုတ် အစိုးရလဲ ထိုနည်းလည်းကောင်းပါ။

သူတို့ နယ်စပ်ဖက် ဒုက္ခသည်များ ရှိနေရင် UN ၀င်လာမှာ စိုးလို့ မောင်းထုတ်လိုက်ကာမှ ပိုဆိုးသွားတယ်။ နိုင်ငံခြားရေးဝန်ကြီး အဆင့်က ဖြေရှင်းချက် ပေးရတဲ့ အဆင့်ရောက်သွားတယ်။

တရုတ်နဲ့ မြန်မာအစိုးရ က လူမဆန်တဲ့ အကြောင်းကို ကမ္ဘာက ပိုသိသွားတာပဲ အဖတ်တင်ခဲ့ပါတယ်။

နောက်ပြီး ကချင်လူမျိုးများ ဘာဖြစ်လို့ တော်လှန်နေရတဲ့ အကြောင်းရင်းကို ပိုခိုင်လုံစေခဲ့ပါတယ်။

အောက်ပါအချက်များကတော့ ပိုထင်ရှားတဲ့ အချက်တွေပါ။

(၁) ကချင်တော်လှန်ရေး အကြောင်း ကမ္ဘာက ပို စိတ်ဝင်စားလာတယ်။

(၂) ကချင် ဆိုတာ မြန်မာ မဟုတ်မှန်း ကမ္ဘာက ပိုသိလာတယ်။

(၃) မြန်မာ့ နိုင်ငံရေး သတင်း မှန်သမျှ လေ့လာ သုံးသပ်ချက်မှာ ကချင်အကြောင်း မပါမဖြစ် ပါလာရတယ်။

(၄) ပြည်တွင်း ပြည်ပ ကချင်လူငယ် များ ပိုမို စည်းရုံးလာတယ်။ (အရင်က ကချင်စကားတောင် မပြောတတ်တဲ့ မြို့နေလူတန်းစားများ ကိုယ့်ဟာကိုယ် ကချင် ဆိုပြီး ရဲရဲ ပြောလာတယ်။)

(၅) ကချင်လူမျိုးများ နဲ့ မြန်မာ နိုင်ငံသားများ သမိုင်းအမှန် ကို ပိုစိတ်ဝင်စားလာတယ်။

(၆) လိုင်ဇာမြို့ကို လူသိပိုများလာတယ်။ (လိုင်ဇာ မှာ ကချင်အထက်တန်းကျောင်း ကောင်းရှိပုံ၊ ၂၄ နာရီ လျှပ်စစ်မီး ရပုံ၊ လမ်းများ ကောင်းပုံ.. စသည်ဖြင့်..)

(၇) မြန်မာ အစိုးရ ရဲ့ မသမာမှု များကို ကမ္ဘာက ပိုသိလာတယ်။ (စစ်ပွဲသတင်းနဲ့ ဆိုင်တဲ့ ဆောင်းပါးတိုင်းမှာ နောက်ကြောင်း ရာဇ၀င် ရေးလာတာ တွေ့ရပါတယ်။)