Tuesday, January 22, 2013

ထိပ်ပြောင်ကိုခေါက်ကြည့်ခြင်း

by FB/ Ja Brang and 4 other people shared Maha Mingyi's photo.
ထိပ်ပြောင်ကိုခေါက်ကြည့်ခြင်း

ထိပ်ပြောင်လို့ ပြောလျှင် တပြည်လုံး မျက်စေ့ထဲပြေးမြင်နိုင်သောသူ တယောက်ထဲသာ၇ှိသည်။ သူသည်တခြားလူမဟုတ်။ ပျော့ပြီး တအိအိနှင့် နံလွန်းသော ကြောင်ချေးမှန်းသိကြသည်။ သူသည် ပေါ့သေးသေးမဟုတ်၊ တမြေ့မြေ့ လေးလာသော ရေစို သဲအိတ်ကြီးနှင့်တူသည်။ သူသည် လူထူးဆန်းမဟုတ် တဖြေးဖြေးချင်း သင့်အား လိမ်ပတ်နေသော စပါးကြီးမြွေကြီးနှင့်တူသည်။ သူသည် လူဖြောင့်ကြီးတဦးမဟုတ် တဆစ်ခြင်းတဆစ်ခြင်း သင့်အား အပိုင်းပိုင်းတစ်တစ် ထုဆစ်ဖြတ်ထုတ်မည့် ယန္တယား စက်သွားကြီးနှင့်တူသည်။ 
သူသည် အလုယက် တာထွက်ကြပြီး ရာထူးနေရာများအတွက် ရှာဖွေအိမ်မက်ကြသူများအကြား မထင်မှတ်ပဲ ပေါ်ထွက်လာသော အဆိပ်မြုံ မှိုတပွင့်ဖြစ်နေသည်။

ခြေမြန်တပ်ရင်း (ခမရ) ၁၀၉ တပ်ကုန်းမြို့လေးမှာ ကုတ်ချောင်းချောင်းနဲ့ နေခဲ့တဲ့ သမီး ၂ ယောက်ဖခင်၊ 
သူသည် ၁၉၈၆ နိုဝင်ဘာလတလျောက် စီစီဝမ်တာပန်၊ လွယ်ဝိန်း၊ မုံးပေါ်ဒေသ နမ့်မချက် တောင်ကြောတလျောက် လက်သံပြောင်ပြောင်ဖြင့် သတ်ဖြတ်ပြခဲ့သူ၊ 

သူသည် ရုတ်တရက် ဗိုလ်မှူးဘ၀ကနေ ဒုတိုင်းမှူး ပြီးတော့ မပခ တိုင်းမှူးဘ၀ သို့ ခုန်ကျော်ရောက်ခဲ့တဲ့ မိုင်းယမ်းဒေသမှ ၁၉၈၈ စက်တင်ဘာ စစ်ဆင်ရေးမှာ အစုလိုက်အပြုံလိုက် သုတ်သင်ပြခဲ့သူ၊ 

သူသည် မပခ တိုင်းမှူးဘ၀ ၁၉၉၆ မှာ သန်းရွှေအလိုကျ မူးယစ်ဆေးဝါမှန်သမျှကို ဒေါ်လာဖြစ်အောင် ကျင်ထုတ်စစ်ထုတ်ပေးခဲ့သူ၊ 

သူသည် ခွန်ဆာမှအစ ဝေရူးဂမ်းအထိ မဲသဲနေတဲ့ ဘိန်းခင်းလမ်းကို အဖြူရောင်ဖြစ်အောင် ဘိန်းဖြူများကို မြန်မာ့ အာဏာရှင် အိမ်တွင်းဘဏ်တိုက်အား ပြည့်ကြပ်အောင် ဖြည့်တတ်သူ၊ 

သူသည် ဘာသာရေးကို ဘန်းပြ စစ်ရေးနဲ့ အနိုင်ရအောင် ဖိုဝင်သားများ စားတတ်သူ၊ 

သူသည် ဗိုလ်ခင်ညွန့်ကို ဆွဲချ လှေကားထစ်ထုဆစ်ပြခဲ့သူ၊ 

သူသည် လက်ဆယ်ဖြာဦးထိပ်မှာတင်ပြ ၂၀၀၇ သံဃာများကို ရိုက်နက်ဖမ်းဆီး ထောင်သွင်းချပြသူ၊ 

သူသည် လုံခြုံရေးနဲ့ အမှောင်ချ နာဂစ်ဒုက္ခသယ်တွေကို ခေါက်ဆွဲချောက်ပြပြီး ၂၀၀၈ ဥပဒေကို ရုပ်လုံးကြွလာအောင် လုပ်ပြသူ၊

 သူသည် စစ်ဘောင်းဘီကိုချွတ်ချ ချိတ်ထမီကို ချက်ခြင်းကောက်ဝတ်ပြတတ်သူ၊ 

သူသည် ၂၀၁၀မှာ မျှတခြင်းကို ဆောင်ပြ ကြိုတင်မဲနှင့် အနိုင်၇သူ၊ 

သူသည် အရပ်သားအစိုးရတယောကိုထိုးပြ စစ်အစိုးရ မီးရောင်အောက်မှာ ကပြသူ၊ 

သူသည် ဒီမိုကရေစီသူရဲကောင်းတွေကို ဦးခေါင်းနဲ့ ဒူးခေါင်းကို နူးညံ့ပျောပျောင်းအောင် အနှိပ်အနယ်ကြွမ်းကျင်သူ၊ 

သူသည် သန့်ရှင်း သော ကောင်းမွန်သော အုပ်ချုပ်ရေးတေးသီချင်းကို ဆိုပြ အဂတိလောကနဲ့ တိုင်းပြည်ကို ရစ်နှောင်ထားသူ၊ 

သူသည် ဆင်းရဲသားပပျောက်ရေးကို ချယ်မှုံန်းပြ လူချမ်းသာတွေဘ၀ကို အကာကွယ်ပေးသူ၊

သူသည် ရိုဟင်ဂျာကို ဘန်းပြ ရခိုင်ဒေသကို စစ်အုပ်ချုပ်ရေး ချမှတ်သူ၊ 

သူသည် မီးခိုးဗုံးကို ကိုင်ပြ မီးလောင်ဗုံးနဲ့ လက်ပံတောင်းကို သဂြိုသူ၊ 

သူသည် ရိက္ခာပို့တာကို အကြောင်းပြ ကချင်ဒေသကို ပြာချသူ၊ 

သူသည် စစ်လေယာဉ်တွေနဲ့ ဗုံးချ လိုင်ဇာအလှကို အကျဉ်းတန်စေခဲ့သူ၊

 သူသည် ပစ်ခတ်ရပ်ဆိုင်းကြောင်ကို အော်ချက်ထုတ် အမြောက်တပ်အုပ်နဲ့ ကချင် တောင်တန်းများကို မီးဖုတ်သူ၊

 သူသည် ပြည်သူ့ဘ၀ သာယာရေးကို ဟန်ပြ တရုတ်ကျွန်ဘ၀ တပြည်လုံးကျရောက်သွားအောင် ဆောင်ကျဉ်းသူပင်ဖြစ်တော့သည်။

ယနေ့ ကျနော် ခေါက်မိပြီး  နိုင်ငံတော် သမ္မတ ဦးသိန်စိန်ခေါင်းမှ ပွင့်ထွက်လာသော အတိတ် ပစ္စုပ္ပန် အနာဂတ် ဆက်လက်လည်ပတ်နေသည့် ရလဒ်များ၏ အဖြေပင်ဖြစ်တော့သည်။

ကျေးဇူးတင်ပါသည်
ဂိုလ်ရှယ်လေး
ရေးသားချိန် (၂၁ ရက် ၁လပိုင်း ၂၀၁၃ ခုနှစ် နံနက် ၅ နာရီ ၄၀ မိနစ်