မြစ်ကြီးနားသား ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော် ဟာ... သူ ၀န်ကြီး ခေတ်က မြစ်ကြီးနား တက်လာတိုင်း သူ့ငယ်ပေါင်းများ နဲ့ သူတို့ မိတ်ဆွေများ၊ ကြံ့ဖွတ် အဖွဲ့ဝင်များ၊ သူမဲဆွယ်ပြီး တွေ့ခဲ့တဲ့ ရပ်မိရပ်ဖ များ၊ ဘာသာရေး ဆရာများ ကို ဖုန်းပါမစ် ချပေးတတ်ပါတယ်။ အလကားတော့ မဟုတ်ဘူး.. ၁၅ သိန်းနဲ့ ၀ယ်ယူ ခွင့်ပါ။ ဒါကြောင့် မြစ်ကြီးနား သားတွေက ဖုန်း အရောင်း ၀န်ကြီး လို့ ချစ်စနိုးခေါ်ကြပါတယ်။
ဝန်ကြီး အဆင့်က ဖုန်းရောင်းတဲ့ဘ၀ ကနေ အခုလည်း အွန်လိုင်းသုံးဖို့ လွတ်တော် အဆင့်မှာ အဆိုတင်သွင်းလာပါတယ်။...
လွတ်တော်မှာ တကယ် ဆွေးနွေးသင့်တာက ငြိမ်းချမ်းရေး ဆက်လုပ်မလား.. ကေအိုင်အေ ကို အမြစ်ပြတ် တိုက်မလား... ဆိုတဲ့ ပေါ်လစီပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက် ဆွေးနွေးရမှာပါ။
ငြိမ်းချမ်းရေး ဆက်လုပ်မယ် ဆိုရင်... လူချင်းပဲ တွေ့တွေ့.. စာပေးစာယူပဲ လုပ်လုပ်... ဖုန်းနဲ့ပဲ ဆက်ဆက်.. အွန်လိုင်းနဲ့ပဲ စကားပြောပြော လက်တွေ့ဆက်သွယ်ပြီး အလုပ်လုပ်မဲ့ သူတွေရဲ့ သဘော ပါ။ ဆက်တိုက်မယ် ဆိုရင်လဲ စစ်တပ် ကို အမိန့်ပေးရုံ။
ငြိမ်းချမ်းရေး ဆက်လုပ်မယ် ဆိုပြီး ဆုံးဖြတ်ထားရင်လဲ စစ်တပ်ကို လုံးဝ အပစ်ရပ်ဖို့ အမိန့်ပေးရုံ။ သမ္မတ နဲ့ ကာချုပ် လုပ်ချင်သလို လုပ်လို့ မရပါ။ စစ်တိုက်မယ် ဆိုတာ နိုင်ငံတော် ဘက်ဂျက် နဲ့ တိုက်တာ ဖြစ်လို့ နိုင်ငံတော် ဘဏ္ဍပိုင်ရှင် ဖြစ်တဲ့ ပြည်သူ့လွတ်တော်မှာ ဆုံးဖြတ်ရမှာပါ။
အခုတော့ နိုင်ငံခြားမီဒီယာ တွေကြားသွားရင် ရှက်စရာ တောင် ကောင်းတော့တယ်။ အွန်လိုင်းသုံးဖို့များ လွတ်တော်မှာ ဆွေးနွေးရတယ်လို့.... မြန်မာ့ လွတ်တော်ရယ်...
By KACHIN DUWA BLOG