Saturday, January 19, 2013

လဂျားယန်ဖက်မှာ ပစ်ခတ်မှုတွေကို စတင်နေပြီ ၁၁ နာရီ ၄၅ မှာ မြေပြင်တပ်များ စတင်ပစ်ခတ်ပါပြီ

By Facebook/Min Htay
24 minutes ago
လဂျားယန်ဖက်မှာ ပစ်ခတ်မှုတွေကို စတင်နေပြီ
၁၁ နာရီ ၄၅ မှာ မြေပြင်တပ်များ စတင်ပစ်ခတ်ပါပြီ

မြန်မာ့ နေပြည်တော် စစ်တပ်မှ တပ်အင်အား ၅၀၀ ကျော်လောက် ယခု လက်ဂျာယန်မှ ထိုးဖေါက်ကာ လိုင်ဇာဘက်သို ဦးတည်ဆက်စပ်နေသော လက်ဝါယန်ကျေးရွာ တောင်ကြော ဒေသတလျောက် အခု အကြီးအကျယ်တိုက်ပွဲများဖြစ်နေကြပါပြီ။
KIA ဘက်မှ လော်သပီကာ အသေးစားများဖြင့် မြန်မာစစ်တပ်ဘက်သို့ တိုက်ပွဲများအဆင်နွဲရန်နှင် မနေ့က ပြည်ထောင်စုလွှတ်တော်မှ အားလုံး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ တပ်မတော် ကိုယ်စားလှယ်များမှ တခဲနက်ဆုံးဖြတ်ထားသော ဆုံးဖြတ်ချက်ကို လိုက်နာကြရန် လှမ်းအော်ပြောနေသော်လည်း ဆက်လက် ထိုးစစ်အဖြစ် ချီတက်လာပြီး မင်းတို့ ကိစ္စမဟုတ်ဘူးကွ လွှတ်တော်က သောက်ရူးတွေ ကွဟု ပြန်လည်အော်ဟစ်ပြောဆိုကာ တရစပ် ပစ်ခတ်မှုများဖြင့် အခု အကြီး အကြယ် တိုက်ပွဲဖြစ်နေပါသည်။ KIA မှ စစ်တားသည့်အနေဖြင့် ခုခံစစ်ဖြင့် ပြန်လည်ခုခံနေကြောင်း ယခုဖြစ်ပေါ်နေသော အခြေနေအား တင်ပြပါသည်။

အသေးစိတ်သိလိုပါလျှင်
ဂိုလ်ရှယ်လေး ကိုဆက်သွယ်ပါ
 
At Laja Yang Front Line ( Laja Yang majan shawng Lam)