JIC++++
တရားခံ
လဂျားယန် ၊ နန်ဆန်ယန်
မလိယန်၊ လိုင်ဇာ၊ လိုင်စင်ပို့စ်
ပြည်သူတွေရဲ့ အသက်အန္တရာယ်
အလွန်အရေးကြီးနေတယ် ဆိုပါလား။
ဒါလောက်စိုးရိမ်ပေးတယ်ပေါ့။
ဟုတ်ပါတယ် - မှန်ပါတယ်။
သူတို့တွေ အန္တရာယ် ကင်းအောင်
ကူညီဖို့ ဆန္ဒရှိတယ်ဆိုရင်
အလွန်လွယ် ကူပါတယ်။
အရှက်လွန် - တရားလွန်လွန်းနေတဲ့
မတရားစစ်ကို ချက်ချင်းရပ်တန့်
ကချင်ပြည်က အောက်သူအောက်သား
ရဲဘော်များကို အိမ်ပြန်ခိုင်းလိုက်။
သယ်လာခဲ့သမျှ စစ်ပစ္စည်း
အကြီးအငယ် လက်နက်တွေ
အကုန်ပြန်သယ် သွားလိုက်
မတရား သိမ်းပိုက်ထားတဲ့
ငါတို့မြေကို အမြန်စွန့်သွားလိုက်။
ဒါဆိုရင် သူတို့အတွက်
ပူပန်စရာ - စိုးရိမ်စရာ
လုံးဝမလိုတော့ဘူးပေါ့။
ခက်တာက - အဲဒီလို ဆန္ဒရှိမှကိုး!
ဒီလိုတတိုင်းပြည်လုံး
မငြိမ်မသက်ဖြစ်အောင်
ဘယ်သူက တရားခံတုံး?
လုပ်ရဲပြီး ဝန်မခံရဲတာ ဘယ်သူတုံး?
မိုက်မဲတဲ့ တရားခံတွေကြောင့်
မီးခြစ်ဆံတဆံနဲ့
တတောလုံး မီးလောင်သွားပြီမဟုတ်လား?
ခွေးသူခိုးရဲ့ သဘာဝ
ပြောင်းပြန် - ပြန်ဟောင်တတ်သတဲ့လေ……။
မနောမြေ - စိန်
(၁၁.၁.၂၀၁၃၊ နံက် ၁:၀၀)