Friday, January 18, 2013

ကာချုပ်မင်းအောင်လှိုင် အနားယူသွားပြီ

ငါးစာ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း၊ ငါးမျှားချိပ်ဆိုသည်မှာ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ကိုဆိုပြီး ငါး ဆိုသည်မှာ နိုင်ငံတကာအသိုင်းဝိုင်းနှင့် အတိုက်ခံအင်းအားစုကို ဆိုလိုသည်"ဟု ဘာသာပြန်ပြပါသည်။
 ------------------------------------------------------
ယနေ့ နောက်ဆုံးရသတင်းတပုဒ် ( ကာချုပ်မင်းအောင်လှိုင် အနားယူသွားပြီဟု အရောင်ပြထားသော ဗိုလ်ချုပ်မှုးကြီး သန်းရွှေအား သွားရောက်တွေ့ဆုံ)
ကာကွယ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက် ၁၀ နာ ၄၀ တွင် နေပြည်တော်တွင် နေထိုင်နေသော ဦးသန်းရွှေနေအိမ်သို့ သွားရောက်တွေ့ဆုံသည်ဟု ခိုင်လုံစွာကြားသိရသည်။
ဦးသန်းရွှေသည် စစ်ယူနီဖေါင်း အပြည့်စုံဖြင့် ၄င်း၏ ပုခုံးထက်တွင် ပထမ ဗိုလ်ချုပ်မှုးကြီး ရာထူးနှင့် သက်ဆိုင်သော ကြယ်ပွင့်များအား ရွှေရောင် ၀င်းပြောင်စွာ ၀တ်ဆင်ထားပြီး ၄င်း၏ ရင်ဘတ်တွင် တပ်မတော်နှင့်ဆိုင်သော ဆုတံဆိပ်များကို ယခင်ကအတိုင်း ချိပ်ဆွဲထားပြီး ခန့်ငြားသော ထိုင်ခုံတွင် ထိုင်လျက် လက်ရှိကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ အောက်ခြေ ကြမ်းခင်းတွင် ပုဆစ်တုပ်ထိုင်သည်ဟုလည်းသိရသည်။
မင်းအောင်လှိုင်မှ ကချင်အရေးများအား ထိုင်ခုံပေါ်တွင် အခန့်သားထိုင်နေသော ယူနီဖေါင်းပြန်လည်ဝတ်ဆင်ထားသည့် ဦးသန်းရွှေအား သတော်ဦး တင်လျောက်နေသည့်ဟု မျက်မြင်တဦးက ဆိုပါသည်။
ဦးသန်းရွှေမှ မင်းအောင်လှိုင်အား "မင်းလက်ထက်ကျမှ တခြားနိုင်ငံက ဒီအထဲထိဝင်လာပြီး ရှုပ်ရှုပ်ထွေးထွေးလုပ်လာရင်တော့ မင်းအရည်ချင်းပေါ့ကွာ။ ငါက မင်းတို့ကို ငါးစာရယ် ငါးမျှားချိပ်ရယ်။ ငါးမျှားပုံရယ်ကို သင်ပေးထားပြီးပြီပဲ"ဟု ပြောဆိုကာ အိမ်ပေါ်သို့ တက်သွားခဲ့သည်။
ဦးသန်းရွှေနှင့် နီးစပ်သော အသိုင်းဝိုင်းမှ ဦးသန်းရွှေပြောသော စကားလုံးအား အဓိပ္ပါယ်ပြန်ရန် စုံစမ်းကြည့်သောအခါ "ငါးစာ ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ကြောင်း၊ ငါးမျှားချိပ်ဆိုသည်မှာ ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ကိုဆိုပြီး ငါး ဆိုသည်မှာ နိုင်ငံတကာအသိုင်းဝိုင်းနှင့် အတိုက်ခံအင်းအားစုကို ဆိုလိုသည်"ဟု ဘာသာပြန်ပြပါသည်။
၎င်းတို့၏ မြုပ်ကွက်သဘောကို အားလုံး သိသင့်သော အမြင်ဖြင့် တင်ပြလိုက်ရသည်။
By: Facebook- ဂိုလ်ရှယ်လေး