Monday, January 14, 2013

ဘယ်သူခွဲခွဲ တို့မကွဲ

''ဗမာစစ်တပ်၏ ကချင်လူမျိုးများအပေါ် လူမျိုးပြုန်း တိုက်ခိုက်ချေမုန်းမှုကြောင့် ကချင်ပြည်သူလူထုများ ပိုမိုစည်းလုံးခွင့်ရရှိခဲ့ပါသည်။ ကေအိုင်အိုအစိုးရ အပေါ် ကချင်ပြည်သူလူထု၏ ယုံကြည်အားကိုးမှုကလည်း ရာနုန်းပြည့် မြင့်တက်လာခဲ့ရပါသည်။

ကချင်ပြည်သူလူထု၏ ကေအိုင်အိုအစိုးရအပေါ် ထောက်ခဲ့မူ့ကလည်း အတိုင်းထက်အလွန် ဖြစ်ခဲ့ရပါသည်။ နိုင်ငံရပ်ခြားရောက် ကချင်လူထုကလည်း နည်းမျိုးမျိုးဖြင့် ကေအိုင်အို အစိုးရအပေါ် ကူညီထောက်ပံ့မှုများ ရှိလာခဲ့ပါသည်။ ဗမာအစိုးရသည် ကချင်ပြည်နယ် ကေအိုင်အိုအစိုးရကို ချေမုန်းနိုင်ရန် လူအင်းအား၊ လက်နက်အင်းအား အမြောက်အများဖြင့် နှစ်နှစ် နီးပါး ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သော်လည်း၊ အရာမရောက်ပဲ ဗမာစစ်တပ် ဘက်မှသာ အရှုံးကြီး ရှုံးခဲ့ရသောကြောင့် နည်းလမ်းမျိုးစုံဖြင့် အကောက်ကြံလာရသည့် ဘ၀သို့ရောက်ရှိခဲ့ရပါသည်။ ကေအိုင်အို အစိုးရပေါ် ပြည်သူလူထု အဆိုးမြင်လာအောင်၊ ကေအိုင်အေ အပေါ် ပြည်သူလူထု အယုံအကြည် ကင်းမဲ့လာအောင် နည်းလမ်းမျိုးစုံသုံးကာ ၀ါဒဖြန့်လာရပါတော့သည်။
Read more+++click on+++