Sunday, January 13, 2013

ခင်များတို့ နားမလည်ဘူး

ကချင်ပြည်နယ်က လူဦးရေ စာရင်းကို နှစ်ပေါင်း ၅၀ အတွင်း မရမက ဗမာ လူဦးရေများအောင် လုပ်ယူအပြီးမှာတော့...

အခုတလော ခဏဏ တွေ့လာရတာက

ကချင်ပြည်နယ်မှာ ကချင်တွေပဲ နေတာ မဟုတ်ဘူး... တဲ့။ သူတို့ အစိုးရ ရဲ့ စာရင်းလိမ် တွေကို ထုတ်ပြပါတော့တယ်။

(၁) ဟိုးကောင်း တောင်ကြားက ယုဇန စိုက်ခင်းအတွက် အောက်ပိုင်းက ဗမာ မိသားစု သိန်းချီ များရဲ့ စာရင်းရယ်။

(၂) မြစ်ဆုံ စီမံကိန်းအတွက် တက်လာတဲ့ အလုပ်သမား လူဦးရေ များကို အချိန်မီ မဲထည့်လို့ ရအောင် အိမ်ထောင်စု ထုတ်ပေးထားတဲ့ စာရင်း ရယ်။

(၃) တရုတ် နဲ့ ဂေါ်ရခါး၊ ပန်ဂျာပီကုလား နဲ့ ဘင်္ဂလီ မီးနွယ်ဝင်များ၊ မူဆလင် များကို ဗမာ နာမည် နဲ့ မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်း လုပ်ပေးထားတာရယ်။

(၄) အောက်ပိုင်းက အလုပ်လက်မဲ့ လက်သမား၊ ပန်းရံ များ အစုလိုက် အပြုံလိုက် တက်လာတဲ့ စာရင်းရယ်....

(၅) ရွှေမော်၊ ကျောက်စိမ်းမော်များသို့ တက်သွားသော ဗမာ မှန်သမျှ ရဲ့ စာရင်း ရယ်...

(၆) နယ်ပေါင်းစုံက ရွှေ့ပြောင်း အစိုးရ ၀န်ထမ်းများကို နေစရာ ပြင်ဆင်ပေးထားတဲ့ လူဦးရေ

(ရ) အငြိမ်းစား စစ်သား မိသားစုများ အတွက် အိုးအိမ် ၀န်ကြီးဌာန ရဲ့ ပလန အစီအစဉ် စာရင်းများ။

အားလုံးပေါင်း လိုက်တော့ နှကိုယ် ရှိနေတဲ့ ကချင် နဲ့ ရှမ်း လူဦးရေ ကိုတောင် မှီလာပါတော့တယ်....

ကချင် နဲ့ ရှမ်းများကတော့ အိမ်ထောင်စု စာရင်းလုပ်ဖို့ခက်ခဲမှု... ကေအိုင်အေ အုပ်ချုပ်နယ်မြေထဲက ကချင်တောင်ပေါ်ဒေသ တွေမှာ မှတ်ပုံတင် မရသေးသူများလဲ ဒုနဲ့ဒေး... အစိုးရမှာ စာရင်းမပါတဲ့ လူတွေ အများကြီးပါ။

သို့သော်...

ကချင်တွေက သာမန် အရပ်သားများ လာနေတာကို အတွန့်တက်တာ မဟုတ်။

ရှမ်း ပြည် မြောက်ပိုင်းမှာ ကချင်ဒူဝါ များ နဲ့ ရှမ်းစော်ဘွားများ နီးနီးကပ်ကပ် အတူ သူ့နယ်၊ ကိုယ့်နယ် အုပ်ချုပ်ခဲ့သလို။ ကချင်ပြည်မှာလဲ ရှမ်းစော်ဘွားများနဲ့ ကချင်ဒူဝါများ နယ်ချင်း ထိစပ် အုပ်ချုပ်လာခဲ့တာ ဖြစ်ပါတယ်။ ဘာ ပြဿနာမှ မရှိခဲ့ပါ။

ဒီလို တိုင်းရင်းသား ပေါင်းစုံ ရှိနေခြင်း ကြောင့်လဲ ဖက်ဒရယ် ပြောနေခြင်း ဖြစ်ပါတယ်။ ဖက်ဒရယ် ဆိုတာ လူမျိုးပေါင်းစုံ အတွက် အကောင်းဆုံး နိုင်ငံရေး လမ်းစဉ် ဖြစ်လို့ ကေအိုင်အို ဟာ ဖက်ဒရယ် ပြောနေတာ ဖြစ်တယ်။

မြန်မာပြည်ရဲ့ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၊ ခင်များတို့ ပြောတဲ့ တိုင်းရင်းသား တစ်ရာ ကျော် အတွက် ဖြစ်ပါတယ်။

ဒါကို လက်မခံ ရဲတာကတော့ ဗမာ စစ်အုပ်စု တွေပါ။

By Duwa Kachin