လက်နက်ကိုင်တော်လှန်ရေး
လုပ်နေတဲ့ အဖွဲ့ဝင်တွေ အားလုံးကို ပြောချင်ပါတယ်။ လက်နက်ကိုင်ပြီး မိမိ
တပ်သားတွေ သေကြေခဲ့ကြ မိမိ မျိုးဆွေတွေ အသက်သွေးချွေးပေးဆပ်ခဲ့ရတာတွေ ဒီနေ့
စစ်ထွက်လူလိမ်အစိုးရနဲ့ မသေချာမရေရာတဲ့ ငြိမ်းချမ်းရေး၊
စစ်ထွက်လူလိမ်အစိုးရရဲ့ စစ်ကျွန်ဘ၀ ကို ပြန်ရောက်ရဖို့ ပဲလား။ ဒီစစ် အစိုးရ
ဘယ်တစ်ကြိမ်တစ်ခါက မှ ကတိတည် သစ္စာတည်ကြည်ခဲ့ကြလို့ ယုံကြည် စွာဖြင့်
ငြိမ်းချမ်းရေးယူနေကြတာလဲ။ ကချင်ကို စံပြသတ်ဖြတ်နေတာ အလကားမဟုတ်တာ
သတိထားကြပါ။ ကချင်တွေ ပြို ရင် ကျန်တဲ့ အဖွဲ့တွေ ပို မနာပဲ
ပျော်ရွှင်နိုင်ကြမယ်ဆို အေးအေးနေကြပါ။ ခုချိန်မှာ အားလုံး တက်ညီလက်ညီ
ပူးပေါင်းပါဝင်သင့်တယ်။ စစ်ထွက်လူလိမ် အစိုးရ ဘယ်လောက်
ရွံစရာကောင်းလောက်အောင် ရက် စက်တတ်တယ်ဆိုတာ လက်တွေ့ မြင်နေကြားနေကြရပြီ။
တစ်နိုင်ငံလုံး စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု စနစ်ပေါ်ပေါက်ဖို့ အမြန်ဆုံး
တတ်နိုင်တဲ့ ဖက် ၊တတ်နိုင်တဲ့ မှန်ကန်တဲ့ နည်းလမ်း နဲ့ တစ်နိုင်ငံလုံးပူးပေါင်းပါဝင်ရမယ့်
အချိန်ရောက်နေပြီ။ နှောင့်နှေးတုန့်ဆိုင်းခြင်းဟာ အချိန်ရဲ့
သူခိုးဖြစ်သလို လူလိမ်၊ ခရိုနီတွေအတွက် ချမ်းသာရာလမ်းအမြတ်ထုတ်တဲ့ လမ်းကို
ဖွင့်ပေးနေသလိုဖြစ်နေတယ်။ တိုင်းရင်းသားတွေ ဘာကြောင့်
လက်နက်ကိုင်နေရတယ်ဆိုတာ နားလည်ရင် အမြန်ဆုံးပူးပေါင်းပါဝင်ပေးကြပါ ။ စစ်ထွက်လူလိမ်အစိုးရ က ကတိသစ္စာရှိပြီး ရိုးသားမှန်ကန်တန်းတူညီတရားမျှတ နေရင်တော့ အစိုးရနဲ့ ပူးပေါင်း ပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး၊ဟန်ဆောင်မှုကင်းတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ကြပါစေ။
တိုင်းရင်းသားခေါင်းဆောင်တွေ ပြတ်သားရမယ့်အချိန်၊ ယုံကြည်ချက်
ခိုင်မာတည်ကြည်ရမယ့် အချိန်ရောက်နေပြီ။ ကျွန်တော်တို့ အားလုံး
အမြန်ဆုံးပူပေါင်းလုပ်ဆောင်ရမယ့် 
အချိန် က ခုလက်ရှိအချိန်ပဲ။ တွေဝေနေ သေဖော်ညှိနေတာမဟုတ်ဘူး။ နဂိုကတည်းက
သေနေပြီးသားလူတွေပါ။ စစ်မဖြစ်လည်း ကျွန်တော်တို့တွေ
ထူးပြီးကောင်းစားငြိမ်းအေးနေတာ မှမဟုတ်တာ။ ငြိမ်းချမ်းရေးကို
မလိုလားလို့ပြောနေတာမဟုတ်ဘူး။ မိမိ ယူနေတဲ့ ငြိမ်းချမ်းရေးက တကယ်
တရားမျှတပြီးကိုယ့်ပြည်သူတွေ ကောင်းစားဖို့လား၊စစ်မှန်တဲ့
ငြိမ်းချမ်းရေးလား ဆိုတာ အသေအချာသိပြီးသားဖြစ်ပါလိမ့်မယ် ။ တွေဝေတုန့်ဆိုင်းမနေပဲ အမြန်ဆုံး ပူးပေါင်းကြရအောင်ပါ။