Aung Khaing Myint's photo.
အရပ်က ကြားလို့ မှ မတော် ၊ မယောင်ရာ ဆီလူး ပြီး ရူးချင်ယောင် ဆောင်နေတဲ့ လွှတ်တော်မဖြစ်စေလိုပါ
၁၀ ဖေဖော်ဝါရိ ၂၀၁၃
တိုင်းပြည်လုံး၌ လျှပ်စစ်မီး အခက်အခဲများ ရှိနေသော်လည်း နေပြည်တော်ကြီးတွင် မီးထိန်ထိန်လင်းနေသဖြင့် လွှတ်တော်ထဲ အမတ်မင်းများ လုပ်ကိုင်နေပုံသည် ဇာတ်စင်ထက်မှာ ဇာတ်ထဲက ၀န်ကြီးတွေလို မဖွယ်မရာ လုပ်သမျှ အားလုံးကို ပြည်သူများသည် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး မြင်နေရသည် ။
အင်တာနက် စာမျက်နှာတွင် ဖတ်လိုက်ရသော သတင်းတပုဒ်ကြောင့် မိမိမျက်စိများမှားလေ သလားဟု အကြိမ်ကြိမ်ဖတ်ကြည့်မိသည် ။ သတင်းအဆို အရ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ပညာရှိ အမတ်မင်းကြီးများ က နိုင်ငံတော် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား ကို အရေးယူတော့မည် လို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့် က လွှတ်တော်ထဲမှာ ဂုဏ်ယူ ၀ံ့ကြွားစွာဖြင့် ရဲရဲတောက် ဖတ်ကြားသွားပါတယ်။ဟု သတင်းက ဆိုသည် ။
ဟုတ်တော့ဖြင့် ဟုတ်နေပါပြီ ။ အိပ်ပျော်နေသော တချို့ အမတ်မင်းများ နိုးနိုးကြားကြားရှိလာယုံမျှဖြင့်
တိုင်းပြည်သည် ကောင်းလာမည်မဟုတ်သလို တိုင်းပြည်ကို ပြုပြင်ပြောင်းလဲမည်ဟု
ကြွေးကြော်နေသော လွှတ်တော်အမတ်များ ကိုယ်တိုင်သည် မိမိ၏အတွေးအခေါ်ကို
မိမိကိုယ်တိုင် အရင် ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပေသည် ။
သတင်းမီဒီယာများ ကို ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ပြုထားသော နိုင်ငံတစ်ခုအဖြစ်သို့  ဦးတည်သွားနေသော အစိုးရသည် ဘက်ပေါင်းစုံမှ ဝေဖန် ထောက်ပြမှုများကို ခံနိုင်ရည်ရှိရမည့်နည်းတူ မီဒီယာများမှ သိလိုမှုများကို ကောလဟာလသတင်းများမတိုက်စားအောင် အစိုးရ၏ ကိစ္စရပ်များအား သက်ဆိုင်ရာမှ တရားဝင် ပွင့်ပွင့်လင်းလင်း ရှင်းလင်းဖြေကြား ပေးရမည့်တာဝန် ရှိပါသည် ။
ဆက်သွယ်ရေး ဆိုင်ရာ အင်တာနက် ကမ္ဘာ၏ ခေတ်မီတိုးတက်နေသော နိုင်ငံတကာ တွင်လည်း အစိုးရ ၊ စီးပွားရေး ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စရပ်များ၏ လုံခြုံရေး၊ ဘ၀တိုးတက်မြင့်မားရေးများကို ခြိမ်းခြောက်မှုများ ကြုံတွေ့ နေကြရပေသည် ။ ထိုကိစ္စရပ်ကို တရားရေးရာ ဌာန ၊ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့ လုံခြုံရေး ဌာနများမှ ပူးပေါင်း ကိုင်တွယ်ဖြေရှင်းကြပါသည် ။
ယခု ကိစ္စရပ်သည် ဘာမဟုတ်တဲ့ အင်တာနက်ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွားအား ရေးကြီးခွင်ကျယ်လုပ်ပြီး လွှတ်တော်ထဲတွင် လွှတ်တော်အမတ်များမှ ပြည်သူ့ ငွေကိုဖြုန်းတီးကာ အချိန်ကုန်ခံပြီး ဖြေရှင်းရမည့်အရာ မဟုတ် ပေ ။ နိုင်ငံတကာတွင်မူ Cybercrime ဆိုင်ဘာ အင်တာနက် ပြစ်မူမှန်သမျှကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အစိုးရ၏ သက်ဆိုင်ရာ ဌာနများပူးပေါင်းလျက် ကိုင်တွယ်ဖြေရှင်းကြပါသည် ။ အပြည့်အစုံကို အောက်ပါ ၀က်ဆိုက်တွင် ကြည့်ရှုပါ။
http:// www.international.gc.ca/crime/ cyber_crime-criminalite.aspx?vi ew=d
တိုင်းပြည်၏ ထိပ်သီး ကိစ္စရပ်များဖြစ်သော ကချင်ဒေသတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ၊တိုင်းပြည်အပေါ်ပေးဆောင်ရမည့် ခရိုနီများ၏ တရားဝင် အခွန်ကိစ္စရပ်များ ၊ လယ်သမားများ၏ လယ်ယာမြေ မတရား သိမ်းဆည်းခံရသည့် ကိစ္စရပ်များ ၊တိုင်းပြည်၏ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ရင်းနှီးမြုပ်နှံမှုစသော ကိစ္စ အ၀၀ကို ကျော်လွန်ပြီး အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား၏ အရေးသည် လွှတိတော်ထဲထိရောက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ ရလောက်အောင် ဟိုးလေးတကျော်ကျော် လုပ်ရမည့် ကိစ္စမဟုတ်ကြောင်း ထင်မြင်ယူဆမိပါသည် ။
သို့ မဟုတ်ပါက အရပ်က ကြားလို့ မှ မတော် ၊ မယောင်ရာ ဆီလူး ပြီး ရူးချင်ယောင် ဆောင်နေတဲ့ လွှတ်တော်လို့ ကမ္ဘာ့တံတွေးခွက်တွင် ပက်လက်မျောနေသော ယခင်ကလို စစ်အစိုးရအဖြစ်မျိုး မမြင်တွေ့ လိုတော့ပါ ဟုစေတနာရှေ့ ထားပြီး အကျိုးမျှော် နိုးဆော်လိုက်ရပါသည် ။
သေနတ်သံတွေကြားမှာ အားအားယားယား အားကစားလုပ်မလား
ကမ္ဘာပေါ်တွင် ယနေ့ အချိန်ထိ မေးခွန်းထုတ်စရာ ဖြစ်နေသော ကိစ္စရပ်မှာ နာဇီ အာဏာရှင် ဟစ်တလာ လက်ထက်၌ ၁၉၃၆ တွင် ကျင်းပပြုလုပ်သော နွေရာသီ အိုလံပစ်ပွဲ ပင်ဖြစ်ပါသည် ။ နာဇီ အာဏာရှင် ဟစ်တလာသည် အားကစားကို ခုတုံးလုပ်ပြီး စစ်ပွဲများတွင်နာဇီလူငယ်များ ၀င်ရောက်ရန် လေ့ကျင်ုခြင်း ဖြစ်သလို နိုင်ငံရေးအရ ကြိုးကိုင် မှုတရပ်အဖြစ် ၁၉၃၆ အိုလံပစ်အပေါ် ပြောဆိုသုံးသပ်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပေသည် ။
အစပထမတွင် ဂျာမဏီနိုင်ငံ ဘာလင်တွင် ကျင်းပ ပြုလုပ်မည့် နွေရာသီ အိုလံပစ်ကို ဥရောပနိုင်ငံများရှိ တသီးပုဂ္ဂလ ဂျူးလူမျိုးများအပါအ၀င် အင်္ဂလိပ် ၊ ပြင်သစ် ၊ ဆွီိဒင် အပါအ၀င် နိုင်ငံများမှ သပိတ်မှောက်ကာ“People's Olympiad” ပြည်သူ့ အိုလန်ပစ်မှ ဦးဆောင်ကာ ၁၉၃၆ နွေရာသီ အိုလံပစ်အား စပိန်နိုင်ငံ ဘာစီလိုနာတွင် ကျင်းပပြုလုပ်ရန် ပြင်ဆင်ခဲ့ကြသည် ။
၁၉၃၆ နွေရာသီ အိုလံပစ်သည် နာဇီတို့ ၏ အမြတ်ထုတ်မှုဖြစ်သည် ဟု အဆင့်မြင့် အမေရိကန် သံတမန် တို့ ၏ ပြောကြားနေသည့် ကြားမှပင် ထိုအချိန်က အမေရိကန် သမ္မတ Franklin D. Roosevelt သည် ဂျာမဏီမှာ ကျင်းပမည့် ၁၉၃၆ အိုလံပစ်ကို အမေရိကန်နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပေသည် ။အပြည့်အစုံကို အောက်ပါ ၀က်ဆိုက်တွင် ကြည့်ရှုပါ။
http:// www.jewishvirtuallibrary.org/ jsource/Holocaust/olympics.html
ယခုလို နာဇီ အာဏာရှင် ဟစ်တလာ လက်ထက်၌ ၁၉၃၆ တွင် ကျင်းပပြုလုပ်သော နွေရာသီ အိုလံပစ်ပွဲကို ယခု ၂၀၁၃ ၌ မြန်မာပြည်တွင် ကျင်းပ ပြုလုပ်မည့် ဆီးဂိမ်းနှင့် နှိုင်းယှဉ် ကြည့်နေမိသည် ။
ယခုလို စစ်ပွဲများဖြစ်နေသော မြန်မာပြည်တွင် မည်သည့် နိုင်ငံသည် သေနတ်သံတွေကြားမှာ အားအားယားယား အားကစားလုပ်ချင်ပါ့မလား ၊ကချင်ဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အနာဂတ်၌ ၂၀၁၃ မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်းကို သပိတ် မှောက်မှုများ ဖြစ်ပေါ်မလာနိုင်ဟု ယခုအချိန်တွင် မည်သူမျှ အတတ်မပြောနိုင်ပါ..။
တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှုသည် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေး ရှိမှသာ အစွမ်းကုန် တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်နို င်ပေမည်
။ သို့ မဟုတ်ပါက တိုင်းပြည် ၏ငွေကြေးကို နိုင်ငံ၏ ကျန်မာရေး ၊ ပညာရေး ၊
စီးပွားရေး ဖွိ့ ဖြိုးတိုးတက်ရေးများတွင် အသုံးမပြုပဲ တိုင်းပြည်၏
ဘဏ္ဍာငွေမှန်သမျှသည် လူထုတရပ်လုံးမှ မလိုလားသော
တိုင်းရင်းသားချင်းသတ်ဖြတ်နေသော
ပြည်တွင်းစစ်တွင် သုံးစွဲနေခြင်းသည် သဲထဲရေသွန်ဖြစ်ယုံမက
ပလိုင်းကောက်နှင့် ဖားကောက်သလို ဖြစ်နေပေသည် ။လက်နက်ပွဲစားနိုင်ငံများသည်
စစ်ပွဲကို အားကစားပွဲ ကြည့်သလို ကြည့်ရှု အားပေးနေမည်မှာ မလွဲမသွေဖြစ်ပေသည် ။
စစ်အစိုးရနှင့် ကချင်မှ တာဝန်ရှိသူများ အနေဖြင့် ကချင်ဒေသတွင် စစ်ရေးအရှိန် လျှော့ချရေးမှသည် အပစ်အခတ်ရပ်စဲရေးအပါအ၀င် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် နှစ်ဦးနှစ်ဖက်မှ သိက္ခာရှိရှိ စားပွဲဝိုင်းတွင် ဖြေရှင်းမည့် အခင်းအကျင်းများရှိရပေမည် ။
တိုင်းပြည် ငြိမ်းချမ်းရေးကို အားလုံး ပူးပေါင်းပါဝင်မည့် ဒုတိယ ပင်လုံကို ရင်ခုန်ကြည့်ချင်မိသည်မှာ ဆန္ဒမှန်ပင်ဖြစ်သည် ။
စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို အစိုးရ ၊ ကချင်အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ ၊ ဒီမိုကရေစီ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ၈၈ မျိုးဆက်ကျောင်းသားများသာမက တတ်သိပညာရှင်များဖြင့် အနာဂတ်တွင် ၀ိုင်းဝန်းလုပ်ဆောင် သင့်ကြောင်း ယခုလို ပြည်ထောင်စုနေ့ အခါသမယ၌ တိုင်းချစ်ပြည်ချစ် စိတ်ဓာတ်မှန်ဖြင့် တိုက်တွန်းလိုက်ရပါသည် ။
အောင်ခိုင်မြင့်
၁၀ ဖေဖော်ဝါရိ ၂၀၁၃
၁၀ ဖေဖော်ဝါရိ ၂၀၁၃
တိုင်းပြည်လုံး၌ လျှပ်စစ်မီး အခက်အခဲများ ရှိနေသော်လည်း နေပြည်တော်ကြီးတွင် မီးထိန်ထိန်လင်းနေသဖြင့် လွှတ်တော်ထဲ အမတ်မင်းများ လုပ်ကိုင်နေပုံသည် ဇာတ်စင်ထက်မှာ ဇာတ်ထဲက ၀န်ကြီးတွေလို မဖွယ်မရာ လုပ်သမျှ အားလုံးကို ပြည်သူများသည် ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်းကြီး မြင်နေရသည် ။
အင်တာနက် စာမျက်နှာတွင် ဖတ်လိုက်ရသော သတင်းတပုဒ်ကြောင့် မိမိမျက်စိများမှားလေ သလားဟု အကြိမ်ကြိမ်ဖတ်ကြည့်မိသည် ။ သတင်းအဆို အရ ဒီကနေ့ ပြည်ထောင်စုလွှတ်တော် ပညာရှိ အမတ်မင်းကြီးများ က နိုင်ငံတော် လုံခြုံရေး နှင့် တရားဥပဒေ စိုးမိုးရေးအတွက် အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား ကို အရေးယူတော့မည် လို့ ပြည်ထောင်စုလွှတ်တော် နာယကကြီး ဦးခင်အောင်မြင့် က လွှတ်တော်ထဲမှာ ဂုဏ်ယူ ၀ံ့ကြွားစွာဖြင့် ရဲရဲတောက် ဖတ်ကြားသွားပါတယ်။ဟု သတင်းက ဆိုသည် ။
ဟုတ်တော့ဖြင့် ဟုတ်နေပါပြီ ။ အိပ်ပျော်နေသော တချို့ အမတ်မင်းများ နိုးနိုးကြားကြားရှိလာယုံမျှဖြင
သတင်းမီဒီယာများ ကို ဒီမိုကရေစီနည်းအရ လွတ်လပ်စွာ ပြောဆို ရေးသားခွင့်ပြုထားသော နိုင်ငံတစ်ခုအဖြစ်သို့  ဦးတည်သွားနေသော အစိုးရသည် ဘက်ပေါင်းစုံမှ ဝေဖန် ထောက်ပြမှုများကို ခံနိုင်ရည်ရှိရမည့်နည်းတူ မီဒီယာများမှ သိလိုမှုများကို ကောလဟာလသတင်းများမတိုက်စားအောင်
ဆက်သွယ်ရေး ဆိုင်ရာ အင်တာနက် ကမ္ဘာ၏ ခေတ်မီတိုးတက်နေသော နိုင်ငံတကာ တွင်လည်း အစိုးရ ၊ စီးပွားရေး ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ ကိစ္စရပ်များ၏ လုံခြုံရေး၊ ဘ၀တိုးတက်မြင့်မားရေးများကို ခြိမ်းခြောက်မှုများ ကြုံတွေ့ နေကြရပေသည် ။ ထိုကိစ္စရပ်ကို တရားရေးရာ ဌာန ၊ ရဲတပ်ဖွဲ့ နှင့် ပြည်သူ့ လုံခြုံရေး ဌာနများမှ ပူးပေါင်း ကိုင်တွယ်ဖြေရှင်းကြပါသည် ။
ယခု ကိစ္စရပ်သည် ဘာမဟုတ်တဲ့ အင်တာနက်ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွားအား ရေးကြီးခွင်ကျယ်လုပ်ပြီး လွှတ်တော်ထဲတွင် လွှတ်တော်အမတ်များမှ ပြည်သူ့ ငွေကိုဖြုန်းတီးကာ အချိန်ကုန်ခံပြီး ဖြေရှင်းရမည့်အရာ မဟုတ် ပေ ။ နိုင်ငံတကာတွင်မူ Cybercrime ဆိုင်ဘာ အင်တာနက် ပြစ်မူမှန်သမျှကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ မှ အစိုးရ၏ သက်ဆိုင်ရာ ဌာနများပူးပေါင်းလျက် ကိုင်တွယ်ဖြေရှင်းကြပါသည် ။ အပြည့်အစုံကို အောက်ပါ ၀က်ဆိုက်တွင် ကြည့်ရှုပါ။
http://
တိုင်းပြည်၏ ထိပ်သီး ကိစ္စရပ်များဖြစ်သော ကချင်ဒေသတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ် ၊တိုင်းပြည်အပေါ်ပေးဆောင်ရမည့် ခရိုနီများ၏ တရားဝင် အခွန်ကိစ္စရပ်များ ၊ လယ်သမားများ၏ လယ်ယာမြေ မတရား သိမ်းဆည်းခံရသည့် ကိစ္စရပ်များ ၊တိုင်းပြည်၏ ပညာရေး ၊ ကျန်းမာရေး ၊ စီးပွားရေး ရင်းနှီးမြုပ်နှံမှုစသော ကိစ္စ အ၀၀ကို ကျော်လွန်ပြီး အင်တာနက် ကလောင်ရှင် ဒေါက်တာ ဆိတ်ဖွား၏ အရေးသည် လွှတိတော်ထဲထိရောက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ ရလောက်အောင် ဟိုးလေးတကျော်ကျော် လုပ်ရမည့် ကိစ္စမဟုတ်ကြောင်း ထင်မြင်ယူဆမိပါသည် ။
သို့ မဟုတ်ပါက အရပ်က ကြားလို့ မှ မတော် ၊ မယောင်ရာ ဆီလူး ပြီး ရူးချင်ယောင် ဆောင်နေတဲ့ လွှတ်တော်လို့ ကမ္ဘာ့တံတွေးခွက်တွင် ပက်လက်မျောနေသော ယခင်ကလို စစ်အစိုးရအဖြစ်မျိုး မမြင်တွေ့ လိုတော့ပါ ဟုစေတနာရှေ့ ထားပြီး အကျိုးမျှော် နိုးဆော်လိုက်ရပါသည် ။
သေနတ်သံတွေကြားမှာ အားအားယားယား အားကစားလုပ်မလား
ကမ္ဘာပေါ်တွင် ယနေ့ အချိန်ထိ မေးခွန်းထုတ်စရာ ဖြစ်နေသော ကိစ္စရပ်မှာ နာဇီ အာဏာရှင် ဟစ်တလာ လက်ထက်၌ ၁၉၃၆ တွင် ကျင်းပပြုလုပ်သော နွေရာသီ အိုလံပစ်ပွဲ ပင်ဖြစ်ပါသည် ။ နာဇီ အာဏာရှင် ဟစ်တလာသည် အားကစားကို ခုတုံးလုပ်ပြီး စစ်ပွဲများတွင်နာဇီလူငယ်များ ၀င်ရောက်ရန် လေ့ကျင်ုခြင်း ဖြစ်သလို နိုင်ငံရေးအရ ကြိုးကိုင် မှုတရပ်အဖြစ် ၁၉၃၆ အိုလံပစ်အပေါ် ပြောဆိုသုံးသပ်ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့ပေသည် ။
အစပထမတွင် ဂျာမဏီနိုင်ငံ ဘာလင်တွင် ကျင်းပ ပြုလုပ်မည့် နွေရာသီ အိုလံပစ်ကို ဥရောပနိုင်ငံများရှိ တသီးပုဂ္ဂလ ဂျူးလူမျိုးများအပါအ၀င် အင်္ဂလိပ် ၊ ပြင်သစ် ၊ ဆွီိဒင် အပါအ၀င် နိုင်ငံများမှ သပိတ်မှောက်ကာ“People's Olympiad” ပြည်သူ့ အိုလန်ပစ်မှ ဦးဆောင်ကာ ၁၉၃၆ နွေရာသီ အိုလံပစ်အား စပိန်နိုင်ငံ ဘာစီလိုနာတွင် ကျင်းပပြုလုပ်ရန် ပြင်ဆင်ခဲ့ကြသည် ။
၁၉၃၆ နွေရာသီ အိုလံပစ်သည် နာဇီတို့ ၏ အမြတ်ထုတ်မှုဖြစ်သည် ဟု အဆင့်မြင့် အမေရိကန် သံတမန် တို့ ၏ ပြောကြားနေသည့် ကြားမှပင် ထိုအချိန်က အမေရိကန် သမ္မတ Franklin D. Roosevelt သည် ဂျာမဏီမှာ ကျင်းပမည့် ၁၉၃၆ အိုလံပစ်ကို အမေရိကန်နိုင်ငံမှ ၀င်ရောက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ပေသည် ။အပြည့်အစုံကို အောက်ပါ ၀က်ဆိုက်တွင် ကြည့်ရှုပါ။
http://
ယခုလို နာဇီ အာဏာရှင် ဟစ်တလာ လက်ထက်၌ ၁၉၃၆ တွင် ကျင်းပပြုလုပ်သော နွေရာသီ အိုလံပစ်ပွဲကို ယခု ၂၀၁၃ ၌ မြန်မာပြည်တွင် ကျင်းပ ပြုလုပ်မည့် ဆီးဂိမ်းနှင့် နှိုင်းယှဉ် ကြည့်နေမိသည် ။
ယခုလို စစ်ပွဲများဖြစ်နေသော မြန်မာပြည်တွင် မည်သည့် နိုင်ငံသည် သေနတ်သံတွေကြားမှာ အားအားယားယား အားကစားလုပ်ချင်ပါ့မလား ၊ကချင်ဒေသတွင် စစ်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက အနာဂတ်၌ ၂၀၁၃ မြန်မာပြည်တွင် ပြုလုပ်မည့် ဆီးဂိမ်းကို သပိတ် မှောက်မှုများ ဖြစ်ပေါ်မလာနိုင်ဟု ယခုအချိန်တွင် မည်သူမျှ အတတ်မပြောနိုင်ပါ..။
တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှုသည် စစ်မှန်သောပြည်တွင်း ငြိမ်းချမ်းရေး ရှိမှသာ အစွမ်းကုန် တင်းပြည့်ကျပ်ပြည့်လုပ်ဆောင်နို