Sunday, February 3, 2013

ဗမာ စစ်တပ် ကံဆီး ရွာသားများကို လူသား တံတိုင်းလုပ်နေ...

ဂျပန်စစ်အတွင်း ပျက်စီးသွားတဲ့ ကံဆီး ဒူဝါ မိသာစု တည်ထား ကိုးကွယ်ခဲ့သော စေတီဟောင်း

ကံဆီးရွာကို ဗမာ စစ်တပ် တက်သိမ်းကတည်းက တချို့ရွာသားများ ထွက်ပြေး လွတ်မြောက်သွားသော်လည်း တချို့ကျန်နေသော ရွာသားများ ပိတ်မိ နေကြောင်း သိရပါတယ်။

ပိတ်မိနေတဲ့ ရွာသွားများကို ကူညီဖို့ KBC ခေါ် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်မှ လူမှုကယ်ဆယ်ရေး ၀န်ထမ်း ၁၂ ယောက် တက်သွားသော်လည်း ဆန်ခါရွာမှ ဗမာ စစ်တပ် တားဆီးလို့ မြစ်ကြီးနားကို လှည့်ပြန်ရတယ် လို့ ပြောပါတယ်။ (Source: KNG News)

ကေအိုင်အေ တပ်ရင်း (၆) မှ တာဝန်ရှိသူ အရာရှိ တစ်ယောက် ပြောတာက "သူတို့ (ဗမာ စစ်တပ်) ကို ပြန်လာတိုက်မှာ စိုးလို့ထင်တယ် ရွာသားတွေကို မထွက်ခိုင်းဘူး၊ နောက်ပြီး အပြင်ကလူတွေကိုလဲ မ၀င်ခိုင်းဘူး၊ ကျနော်တို့ တကယ်သွားတိုက်ရင်တော့ ရွာသားတွေကို နှိပ်ကွပ်တော့မှာ၊ အဲဒါကြောင့် ကျနော်တို့လဲ ရွာထိမှာ စိုးလို့ လက်ရှောင်ထားရတယ်။" လို့ ပြောပါတယ်။ ရိပ်ခါများ ပျက်လပ်နေပြီး အခုချိန်ထိ အစားအသောက် ကူညီမဲ့သူများကိုလဲ မ၀င်ခိုင်းလို့ ငတ်သေမှာကို အလွန်အမင်း စိုးရိမ်နေကြကြောင်း သိရပါတယ်။

ကံဆီး ရွာ (ကချင်လို ကင်ဆီ ဆိုင်းရာ ရွာ) ဆိုတာ အရင်တုန်းက အဲဒီ ဒေသ ကို အုပ်ချုပ်ခဲ့သော ကံဆီး ဒူဝါ (Ginsi Duwa) နယ်စားမိသားစု နေရပ် ဖြစ်ပါတယ်။ ဂျပန်ခေတ်မှ ဗမာ အစိုးရ ခေတ် အဆက်ဆက် လူနေလို့မရအောင် အခေါက်ခေါက်အခါခါ ဖျက်ဆီးလိုက်သော ရွာလဲ ဖြစ်ပါတယ်။ ကချင်ဒူဝါများထဲမှ မြန်မာ မင်းဆက်များနဲ့ အဆက်အသွယ်ရှိခဲ့သော တခုထဲသော ဒူဝါ မိသားစု တစုရဲ့ ရာဇ၀င် ဇစ်မြစ်လဲ ဖြစ်ပါတယ်။ ဆမားဒူဝါ ဆင်ဝါးနောင် နဲ့ အခု ကချင်ပြည်နယ် ၀န်ကြီး လဂျောန် ငန်ဆိုင်း တို့ရဲ့ အမျိုးတွေ ဖြစ်ပါတယ်။ ကချင် ဗုဒ္ဓဘာသာ မိသားစု အနွယ်တွေ ဖြစ်သောကြောင့် ဦးနုခေတ်တွင် ကချင်လူမျိုးများရဲ့ မဲဆန္ဒကို ဆန့်ကျင်ပြီး ဆမားဒူဝါ ဆင်ဝါးနောင်ကို ကချင်ပြည်နယ် ၀န်ကြီးချုပ်ရာထူး ပေးခဲ့သလို၊ လက်ရှိ ဦးလဂျောန် ငန်ဆိုင်းလဲ ဦးသိန်းစိန် အစိုးရ ရဲ့ မြောက်စားခြင်း ခံထားရသူပါ။

By Kachin duwa