Sunday, February 10, 2013

နားနဲ့မနာ ဖဝါးနဲ့နာကြပါခင်ဗျား


ကျနော် မပျော်နိုင်ပါဘူး . .

ကျောက်ဖြူက သဘာဝဓါတ်ငွေ့တွေ ဂုတ်သွေးစုပ်ခံရဖို့ နီးလာပြီပေါ့ . . .

ကျနော်တို့ တား မှ တားနိုင်ပါမလား . .

အဲဒီသဘာဝဓါတ်ငွေ့ဆိုတာ သုံးလိုက်ရင် ကုန်သွားတဲ့ အမျိုးတဲ့ . . .

အဲလို သဘာဝဓါတ်ငွေ့ သိုက်မျိုးက ကမ္ဘာတစ်ခါပျက်ပြီး နောက် ကမ္ဘာအသစ်ဖြစ်မှ ရနိုင်တဲ့ ရတနာသိုက် တဲ့

ပညာရှင်တွေကတော့ အဲဒီ သဘာဝဓါငွေ့ကို Green Energy အစိမ်းရောင် စွမ်းအင် တဲ့ . .

သန့်စင်ပြီး သဘာဝ ဓါတ်ငွေ့ဟာ အသုံးပြုလိုက်ရင် ရေငွေ့ပဲထွက်လာတာတဲ့ . . ဘေးထွက်ဆိုးကျိုးမရှိဘူးတဲ့ . .

ဒီလို နောက်ထပ် ထပ်မရနိုင်တော့တဲ့ ရတနာ သိုက်တွေဟာ နည်းမှန်လမ်းမှန် နဲ့ အသုံးပြုရင် ဗမာပြည်ကို ဆင်းရဲတွင်းကနေ ကယ်ထုတ်ပေးနိုင်တဲ့ တန်ခိုးရှင်တွေပဲတဲ့ . .

ကျနော် ဘယ်လိုပျော်ရမှာလဲဗျာ . . စိတ်ညစ်တဲ့အကြောင်းပြောမိလို့ . . အစ်ကိုတစ်ယောက်က ပြန်ပြောတယ် . . သူကြားခဲ့ရတာလေး . .

အရက်ဝိုင်းတစ်ခုက ဒီလိုကြားခဲ့ရတယ်လို့ အစ်ကိုတစ်ယောက်က မျှဝေပါတယ်

ကိုယ့်ဖင်အောက်ရောက်နေတဲ့ ဒီလို ရတနာတွေကို ကိုယ့်သားသမီးတွေ အတွက် မသုံးပဲ . . သူများကို အလကားမတ်တင်းနဲ့ပေးရတယ်လို့ . .

ကိုယ့်နိုင်ငံကို သူငယ်နှပ်စားလို ဆက်ဆံ အစုပ်ပလုပ်တွေပဲနှပ်ချနေတဲ့ တရုတ်တွေကိုမှ အလကားမတ်တင်းနဲ့ပေးရတယ်လို့ . . .

ကိုယ့်ဖင်အောက်ရောက်နေတဲ့ ရတနာတွေကွ . . ခုတော့ တရုပ်ကိုပေးလိုက်တယ် . . အဲဒါ တရုပ်ကို ဖင်ပေးလိုက်တာပဲ . . .

ပေးချင်းပေး ကိုယ့်ဖင်ကိုယ်ပေးပေါ့ သန်းရွှေကြီးရေ . . အခုတော့ ငါတို့ဖင်တွေပေးလိုက်ရတယ်လို့ . . ဗမာတပြည်လုံးကဖင်တွေ တရုပ်လက်ထဲ ထိုးပေးလိုက်ရတယ်လို့ . .

ငါ့ဖင်တော့ အပါ မခံနိုင်ဘူးဟေ့ . . ထောင်ကျချင်ကျကွာ . . မရ ရတဲ့နည်းနဲ့ ပြန်တောင်းမယ် . . ငါ့ဖင်တော့ တရုပ်လက်ထဲ အထည့် မခံနိုင်ဘူး ဟေ့ တဲ့ . .

ဟီး . . ကျနော့် ဖင်လည်း တရုပ်လက်ထဲ အထည့်မခံပါရစေနဲ့ ခင်ဗျား . . .

(နားနဲ့မနာ ဖဝါးနဲ့နာကြပါခင်ဗျား)