Tsaw ra ai;
JIC++++
read more
လက်နက်
စာကလေးတွေစူးစီစူးစီ၊ လူကိုအကျဉ်းချနိုင်ပေမဲ့၊
နံနက်စောစွာသံစုံညီ၊ စိတ်ဝိညာဉ်ဖမ်းမရနိုင်ခဲ့။
ဟိုပျံဒီပျံလွတ်လပ်ကြ၊ ငါထောင်ကလွတ်မြောက်ခဲ့သော်၊
ငါ့မှာတော့ အကျဉ်းကျ။ စာပေလက်နက်နဲ့ပြင်းပြင်းဆော်။
ငါလူဆိုးမဟုတ်ဘဲနဲ့၊ လူကိုနှိပ်စက်လို့ရပေမဲ့၊
ငါ့ကိုဖမ်းဆီးကြသတဲ့။ ငါ့စိတ်တွေပျော့မသွားလေရဲ့။
ငါဓါးမြလည်းမတိုက်ဘဲနဲ့၊ ငါ့ကိုစောင်မကြည့်ရှုသူ၊
ငါ့ကိုစစ်ဆေးကြသတဲ့။ ထာဝရဘုရားရှင်ဖေးမကူ။
သူတပါးဥစ္စာမခိုးဘဲနဲ့၊
ငါ့ကိုတရားစွဲသတဲ့။
ငါလူလည်းမသတ်ဘဲနဲ့၊
ပုဒ်မကြီးကြီးတပ်ကြသတဲ့။
ငါဘိန်းကုန်လည်းမကူးပါဘူး။
ငါလက်နက်ကိုင်အဖွဲ့ထဲလည်းမပါဝင်ဘူး။
ငါရိုးရိုးကချင်ပြည်သူတဦး၊
ငါဟာကိုယ့်စာပေကိုချစ်မြတ်နူး။
ငါ့လူမျိုးကိုငါချစ်တယ်။
ငါ့လူမျိုးကိုသွန်သင်တယ်။
ငါ့လူမျိုးလွတ်မြောက်ရမယ်။
ငါ့စာပေကိုမြှင့်တင်တယ်။
ဒါကိုသူကအပြစ်တဲ့။
ငါ့ကိုပုဒ်မတွေတပ်သတဲ့။
ပုဒ်မ “ ၅ဃ၊၅ည ” တဲ့။
စုပေါင်းအနှစ်၂၀တဲ့။
မနောမြေ - စိန်
(၂၈၊၉၊၂၀၁၂၊ နံက်၁း၀၀)