Saturday, November 23, 2013

Namlimpa news Updates

By: Khon ja

ဦးမင်းအောင်လှိုင်၏ “တပ်မတော်သည် KMSS မှ နမ့်လင်းပါဒေသသို့ ရိက္ခာပို့ရန် လမ်းကြောင်းတွင် လုံခြုံရေးပေးရန် တောင်းဆိုသဖြင့် လုံခြုံရေးပေးရန် လိုက်သွားရမှ တိုက်ပွဲဖြစ်ပွားသည်” ဟူသော အဆိုမှာ လုံးဝ မှားယွင်းပါသည်။ မည်သူမျှ မတောင်းဆိုပါ။

Statement of Min Aung Hlaing that "Tatmadaw was reqested by KMSS to provide security on the trip to send food supply to the IDPs in Nam Lim Pa, and was attacked by the KIA" is a LIE...

KMSS မှ ရိက္ခာပို့ရန် ခွင့်တောင်းခြင်းကို ဗန်းမော်မြို့ရှိ ဗျူဟာမှူးနှင့် GI မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ခွင့်ပြုပြီး ခရီးစဉ် စတင်ခဲ့ရာ ဟန်ထက်ကျေးရွာတွင် ထိုင်နေသော ရှေ့တန်းမှူးမှ KMSS အဖွဲ့အား တားဆီးပြီး “မိမိတို့ တပ်အတွက် ရိက္ခာသယ်မည့် စစ်ကားများကို လိုက်ခွင့်ပြုမှ၊ သို့မဟုတ် တပ်များအတွက် ရိက္ခာကို သယ်ဆောင်သွားပေးပါမှ ဖြတ်သန်းခွင့်ပြုမည်” ဟု ပြောဆိုခဲ့သဖြင့် KMSS အဖွဲ့မှ ပြန်လှည့်သွားခဲ့သည်။

၎င်းညနေတွင် KMSS အဖွဲ့အား နောက်တနေ့ ထပ်သွားရန်၊ အနှောက်အယှက်ပြုတော့မည် မဟုတ်ကြောင်း၊ ၁၅ နိုဝင်ဘာလနေ့တွင် လွတ်လပ်စွာ သွားနိုင်ပြီဖြစ်ကြောင်း ဗျူဟာမှူးမှ အကြောင်း ကြားသဖြင့် KMSS Team သည် ဗန်းမော်မှ နမ့်လင်းပါသို့ မိုင်းခေါင် လမ်းကြောင်းမှ သွားပို့ခဲ့ကြသည်။ နမ့်လင်းပါရွာသို ၁၆ နိုဝင်ဘာနေ့တွင် ရောက်ရှိပြီး ၂ နာရီအကြာတွင် တပ်မတော်မှ ရွာထဲသို့ ၀င်ရောက်လာပြီး ဘော်ဒါဆောင်မှ ကျောင်းသားများကို ဖမ်းချုပ်ပြီးမှ သေနတ်စဖောက်ခဲ့ခြင်းဖြစ်သည်။ KMSS ၀န်ထမ်းများမှ တပ်မတော် လိုက်လာခြင်း ကို မသိခဲ့ကြပါ။

မနေ့က နမ့်လင်းပါကျေးရွာ၊ မန်စီမြို့နယ်တွင် တိုက်ပွဲ ပြန်ဖြစ်ပွားသည်
Fighting in Nam Lim Pa village Mansi Township yesterday 22nd November 2013

တိုက်ပွဲဖြစ်သည့် နမ့်လင်းပါ၊ မုန်းဒိန်ပါ၊ မိုင်းခေါင် ကျေးရွာများမှ မည်သည့် ဒုက္ခသည်စခန်း၊ မိသားစုဝင်များထံသို့ မရောက်လာသေးသော ၊ ဆက်သွယ်မှု ပြတ်တောက်နေသော ရွာသားများ ၂၀၀ ယောက်ကျော် ရှိနေသေးသည်။
Still no communication with more than 200 villagers from the conflict affected villages: Nam Lim Pa, Mung Ding Pa, Maing Hkawng. They have not join with family members or any camps.

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ World Food Program မှ နမ့်ခမ်းမြို့နယ်၊ ရှမ်းပြည်နယ်ရှိ ဒုက္ခသည်စခန်းများသို့ ရောက်လာ၍ ဒုက္ခသည်များအား ၄င်းတို့၏ လုပ်ငန်းဆောင်ရွက်မှု ပြောင်းလဲခြင်း Strategy Change ကို လာရောက် အကြောင်းကြားကြောင်း သိရသည်။ WFP သည် ဒေသရှိ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော KMSS, KBC, Metta အစရှိသော အဖွဲ့များနှင့် ပူးပေါင်းမှု မရှိတော့ဘဲ ဒုက္ခသည်များအား တိုက်ရိုက် ပံ့ပိုးမည်။ ပံ့ပိုးမှု အမျိုးအစားကို စားနပ်ရိက္ခာအဖြစ်မဟုတ်ဘဲ ငွေသားအဖြစ် ပံ့ပိုးမည် ဖြစ်ကြောင်း သိရသည်၊
Information received from local people that World Food Program-WFP visited the IDP camps in Nam Hkam township, Northern Shan State and informed its strategy change that WFP will support IDPs directly without coordination with existing local organisations such as KMSS, KBC and Metta.

ထိုကိစ္စမှာ အားနည်းချက်များစွာရှိသည်။
၁) ထိုငွေကြေးကို မည်သူ မည်သို့ စီမံခန့်ခွဲရမည်ကို ပညာပေးထားခြင်း မရှိသေးသဖြင့် ငွေကြေးစီမံခန့်ခွဲသူမှာ အမျိုးသမီးများဖြစ်ပါက ၄င်းတို့အပေါ် violations မျိုးစုံဖြစ်ပေါ်ရန် အလားအလာရှိပါသည်။
၂) IDP စခန်းများမှာ ဈေးနှင့် မနီးပါ၊ ပစ္စည်းများများ အလွယ်တကူ ၀ယ်ယူနိုင်မည့် ဈေးကွက်နှင့်လည်း ဝေးပါသည်။ လက်ရှိဈေးကွက်များမှာ ဒေသခံ ရွာခံများ သုံးစွဲလည်ပတ်မှုအတွက်သာ လုံလောက်ပါသည်။ IDP များ စားသုံးရန် ၄င်းတို့ကိုယ်တိုင် ဒေသရှိ ဈေးမှ အလုံးအရင်းနှင့် ၀ယ်ယူပါက ကုန်ဈေးနှုန်းမြင့်ခြင်း၊ ဒေသခံများနှင့် ပဋိပက္ခဖြစ်ခြင်း၊ အခြားမှ ၀ယ်ယူမည် ဆိုပါက IDP များတွင် ခရီးသွားနိုင်သော စာရွက်စာတမ်းများလည်း မရှိကြပါ။ သယ်ယူပို့ဆောင်မှုနှင့် ခရီးစရိတ်များ မြှင့်တက်ခြင်းသာ ဖြစ်လာမည်။
၃) ဒေသတွင် အမှန်တကယ် လက်တွေ့ စီမံခန့်ခွဲ ဆောင်ရွက်နေသော အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မလေးစားရာရောက်သည့်အဖြင့် ပြဿနာများစွာကို လာရောက်ဖန်တီးပေးခြင်းသာဖြစ်သည်။

There are many dangerous issues in that model.
1) Without awareness on how to management the money, the women who are likely to be recipients will be more vulnerable to abuse. Vulnerability of the women in the conflict zone is different from the women in other places.
2) The camps are far from the markets. Competing for food in local market will make the price grows up, conflict with host community, insufficient food access, and waste of money on transportation and traveling it they try to buy from other places.
3) It also means WFP is not respecting local organisations who are managing IDPs on the ground. The IDPs do not have travel documents which will make them in trouble. WFP is not helping the Camp management team but creating bigger issue/problems.