Thursday, November 7, 2013

သီးခြားဖက်ဒရယ်ပြည်ထောင်စုတစ်ခု ထူထောင်နိုင်စွမ်းလည်း ရှိကြောင်း ယုံမှားသံသယမရှိပါ။

သီးခြားဖက်ဒရယ်ပြည်ထောင်စုတစ်ခု

ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်တစ်ရပ်ကို လက်ခံဖို့ မြန်မာ့တပ်မတော်က ငြင်းဆန်ခဲ့မယ်ဆိုရင် ဗမာမပါဘဲ သီးခြားဖက်ဒရယ်ပြည်ထောင်စုတစ်ခု
ကို တိုင်းရင်းသားတို့ထူထောင်နိုင်ခွင့်ရှိပြီး ထူထောင်နိုင်စွမ်းလည်း ရှိကြောင်း ယုံမှားသံသယမရှိပါ။

လူဦးရေ - ဗမာမှအပ အခြားတိုင်းရင်းသားလူမျိုးများဟာ အနည်းဆုံး လူဦးရေ (၄၀)ရာခိုင်နှုန်းလောက် ရှိနိုင်ပါတယ်။ လူဦးရေးသန်း (၂၀)ကျော် ရှိနိုင်ပါတယ်။

စစ်အင်အား - လောလောဆယ်မှာ အင်အားတစ်သိန်းကျော် ရှိတယ်။

နယ်မြေ- နယ်မြေအရဆိုရင်လည်း လက်ရှိမြန်မာနိုင်ငံရဲ့ (၆၀)ရာခိုင်နှုန်းရှိပါတယ်။ တနသာင်္ရီကိုပါ ထည့်တွက်ရင် (၆၅)ရာခိုင်နှုန်း ရှိနေနိုင်ပါတယ်။

သယံဇာတ - နိုင်ငံရဲ့ သယံဇာတ (၈၀)ရာခိုင်နှုန်းဟာ တိုင်းရင်းသားတို့ရဲ့ ဒေသမှာ တည်ရှိပါတယ်။

နယ်စပ် - ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းတို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ နယ်မြေများ ဖြစ်ကြပါတယ်။

တရားဝင်မှု - ပင်လုံစာချုပ်နဲ့ သမိုင်းကြောင်းအရ ဒီနယ်မြေတွေဟာ ဒီလူမျိုးတွေ ပိုင်ခဲ့ကြတယ်ဆိုတာ ငြင်းလို့မရပါ။

ဒီလောက်ကြီးကျယ်တဲ့ နိုင်ငံတစ်ခုကို ကမ္ဘာ့မိသားစုက လက်ခံကြိုဆိုကြမှာပါ။ အိမ်နီးချင်းတွေက ကမန်းကတန်းပဲ အသိအမှတ်ပြုကြပါလိမ့်မယ်။

ဒီလိုနိုင်ငံတစ်ခုကို တည်ထောင်ချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။ တိုင်းရင်းသားတွေမှာ လိုအပ်နေတာက စစ်အင်အားပါပဲ။ စစ်အင်အားကို မြှင့်တင်နိုင်ရင် အားလုံးပြီးပြည့်စုံပြီ။ တိုင်းရင်းသားတွေမှာ ဖက်ဒရယ်တပ်မတော်တစ်ရပ် ချက်ချင်းထူထောင့်တယ်။