Thursday, November 28, 2013

၂၀၁၄-ခုဟာ လူထုတိုက်ပွဲနှစ်

၂၀၁၄-ခုဟာ လူထုတိုက်ပွဲနှစ်

မိဘပြည်သူများက သမ္မတဦးသိန်းစိန်အစိုးရကို အနည်းငယ် အသိအမှတ်ပြုနေခြင်းကို အဓိပ္ပါယ်အကောက်မလွဲကြဖို့ လိုတယ်။ ၂၀၀၈-ခုဥပဒေကို ထောက်ခံလို့ မဟုတ်၊ ဖားတပိုင်းငါးတပိုင်း အစိုးရကို ထောက်ခံလို့လည်း မဟုတ်။

သမ္မတဦးသိန်းစိန်အစိုးရဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းကို လုပ်နေတယ်၊ ၂၀၀၈-ခုဥပဒေကိုလည်း ပြင်ဆင်ပေးဖွယ်ရှိတယ်၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အတွက် ကောင်းမွန်တဲ့ အဖြေတစ်ခုကို ရှာပေးနိုင်မယ်လို့ မျှော်လင့်ချက်ထားပြီး ဝန်းရံကြခြင်းဖြစ်တယ်။

လာမဲ့နှစ်မှာ သမ္မတဦးသိန်းစိန်အစိုးရအနေနဲ့ တစ်ခုခုကို လုပ်ပြရပါလိမ့်မယ်။ စစ်တပ်၊ ဦးပိုင်၊ ခရိုနီ၊ တရုတ်အကျိုးစီးပွားကိုပဲ ကာကွယ်ဖို့ ကြိုးစားနေမြဲဆိုရင်၊ ၂၀၀၈-ခုဖွဲ့စည်းပုံကို ဒီတစ်ခါမှာလည်း မိမိအလိုကျ ပြင်ဆင်ချင်တဲ့နေရာမှာပဲ ပြင်ခဲ့ရင် လူထုတိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်ရဖွယ် ရှိတယ်။