Wednesday, October 14, 2015

တင်ပြပြီးသော Ms. Priscilla နှင့် ဦးကျော်ဇံသာ၏ VOAမေးဖြေအစီအစဉ်

တင်ပြပြီးသော Ms. Priscilla နှင့် ဦးကျော်ဇံသာ၏ VOAမေးဖြေအစီအစဉ် http://burmese.voanews.com/content/weekly-news-analysis-interview-with-priscilla-clapp/2994807.အပေါ်ကျွန်တော်ရဲ့သဘောထားအမြင် share လုပ်လိုက်ပါရစေ။

Ms. Priscilla ရဲ့ပြောကြားချက်ကို တစ်ချို့က တကယ်ကိုမှန်ပါတယ်။ ထောက်ခံပါတယ်။ ဒါမေမယ့် တချို့ကလုံးဝဆန့်ကျင်ဘက်ဖြစ်နေတယ်။ အောက်ခြေအဆင့်ကို သူမ ဘာမှနားမလည်နိုင်သေးဘူးဆိုတာရှင်းပါတယ်။ ပညာရှင်တိုင်း၊ လူကြီးတိုင်းလည်း ကိုယ်ကိုသိပ်တော်တယ်လို့မမှတ်ယူသင့်ဘူး။ သာမှန်လူထုတွေလည်း ကိုယ့်ဒေသမှာ ကိုယ်အသိဆုံးပါ၊ Ms. Priscilla ဘယ်ဘက်ကို ဦးတည်နေတယ် ဆိုတာကိုလည်း ပြည်သူတွေ သဘောပေါက်ပါတယ်။ အခွင့်သာတုံးပြောထားလို့ရပါတယ်။ ဗဟိုအစိုးရကိုအားပေးပြီး၊ အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံမှာ ထားရှိသော စီးပွားရင်းနှီးမြှုပ်နှံမှု policy ကို အဓိကဇောင်းပြီး ပြောနေတာကိုတွေ့ရှိရတယ်။ မြန်မာပြည်သူတွေ၏ လူ့အခွင့်အရေးပိုင်းဆိုင်ရာ၊ လူမှုရေးပြဿနာနှင့် သဘာဝပတ်ဝန်းကျင်းထိခိုက်မှုကို ဘာမှ ဂရုမစိုက်ဘူးဆိုတာ အဓိပ္ပါယ်သက်ရောက်စေတယ်။ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်ပြဿနာကို နိုင်ရေးပြဿနာ အဖြစ်နားလည်ပုံမပေါက်ဘူး၊ အကယ်၍ နားလည်သဘောပေါက်ပေမယ့်လည်း အသိအမှတ်ပြုချင်စိတ်မရှိဘူးဆိုတာကို ရဲရဲဖေါ်ပြနေတာကို တွေ့ရှိရတယ်။ ဘာကြောင့်လက်နက်ကိုင်တော်လှန်နေရတယ်ဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံးဖြစ်မှာပါ၊ တိုင်းရင်းသားမပြောနဲ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ရှိ ပြည်သူလူထုတွေလည်း လက်ရှိအစိုးရကို ဘာမှမလုပ်နိုင်လို့ခေါင်းငြိမ့်ခံနေရတာပါ၊ ဖြစ်နိုင်ရင် လက်နက်ကိုင်လမ်းစဉ်ကို အသုံးပြုပြီး လက်ရှိအစိုးရကို တုန့်ပြန်ချင်မှာပါ။ လက်နက်နှင့်တော်လှန်ရန် အဆင့်သင့်ဖြစ်မှာပါ၊  ဥပမာတစ်ခုကိုပြောပါရစေ၊ ရန်ကုန်မြို့က TAXI စီးဘူးတဲ့လူတိုင်းကြားဘူးမှာပါ၊ TAXI သမားတွေရဲ့ညည်းသွားသံကို နားထောင်ကြည့်ပါ။ သူတို့ဘာအခွင့်အရေးကို တောင်းဆိုချင်တယ်၊ အဲဒီအခွင့်အရေးကို ရအောင်ဘယ်လိုလုပ်မှာလဲ? နည်းလမ်းတွေကို မတွေ့လို့သာ တည်းခံနေရတာပါ၊ ထိုနည်းတူပဲ တိုင်းရင်းသားများလည်း မတတ်နိုင်၍ နောက်ဆုံးကြည်စံအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီး ကိုယ်လူမျိး၊ ကိုယ်ပြည်နယ်အတွက် အခွင့်အရေးရရှိဖို့ရန် တော်လှန်ရေးတိုက်ပွဲ ၀င်နေရတယ်ဆိုတာကို နားလည်စေချင်တယ်။ မည်သူမှ သွေးထွက်သန်ယို၊ အသက်ကိုစသေးခံပြီးတိုက်ပွဲကို အကြောင်းမဲ့ ဖန်တီးချင်မှာ မဟုတ်ဘူး။ မြန်မာနိုင်ငံ၏ လက်ရှိပြဿနာကို အောက်ခြေအဆင့်ထိကွင်းဆင်းလေ့လာပြီး လူထု၏ သဘောထားအသံကိုနားထောင်၍ ပြဿနာကို ရေရှည်ဖြေရှင်းနိုင်သော နည်းလမ်းကိုရှာသင့်ပြီ။ လက်ပတောင်းကိစ္စ၊ မြစ်ဆုံရေကာတာလိုမျိုး ပြည်သူအတွက်အကျိုးမရှိသော ဗဟိုအစိုးရနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကသာ အဓိကထားပြီး၊ ဘယ်သူသေသေ ငါမသေရင်ပြီးရော ဆိုတဲ့  ရေတိုအတွက်သာစိမ်းစား မိမိကိုယ်ကျိုးစီးပွားရေးကို ရှေးရှုခြင်းမလုပ်သင့်တော့ပါ။ ပြဿနာ၊ ပဠိက္ခမီးစကို မီးငြိမ်းအောင်မလုပ်ပဲ၊ မီးပို၍လောင်ကျွမ်းအောင် ထပ်လောင်းဆီဖြည့်တာမျိုးမလုပ်သင့်ဘူး။
 နိဂုန်းချုပ်အနေနဲ့ Ms. Priscilla ဟာဖိနှိပ်ခံပြည်သူတွေဘက်ကို ရပ်တည်မည့်အစား အင်အားကြီးသောအဖွဲ့အစည်း၊ သူတို့အတွက်အကျိုးရှိသော ခေါင်းဆောင်များကို အားပေးအားမြှောက်လုပ်နေခြင်းသာဖြစ်သည်။ သူမ၏ ရပ်တည်ချက်သည် ထွေထွေထူးထူးမဟုတ်ပါ။ ပြဿနာဖြေရှင်းခြင်းမဟုတ်ပါ၊ လောကနိယာမအတိုင်းပဲ အင်အားကြီးသောသူက အင်အားနည်းသောသူကို အနိုင်ကျင့်တဲ့ လောကသဘာဝ ဓမ္မတာတရားသာဖြစ်သည်ဟု ပြောကြားလိုပါသည်။