Thursday, October 1, 2015

CNF အတွက် ပေးစာ (သို့မဟုက်) အောက်ချင်းငှက် နှစ်ကောင်အတွက် မေးခွန်း

By JPKS
သို့ /
CNF အတွက် ပေးစာ (သို့မဟုက်) အောက်ချင်းငှက် နှစ်ကောင်အတွက် မေးခွန်း
တစ်နိုင်လုံးအပစ်အခတ်ရပ်စဲပြီး ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် ဘဝတူ တိုင်းရင်းသား
တို့နှင့် ခရီးဆုံးသည့်အထိ ချီတက်မည်ဆိုသည့် ခင်ဗျားတို့ရဲ့  မူကို ဒီနေ့ ကျွန်တော် အပါအဝင် ချင်း
လူထုနှင့် ဘဝတူ တိုင်းရင်းသားများက ခင်ဗျားတို့ အလံပေါ်က အောက်ချင်းငှက် နှစ်ကောင် အပေါ်
မေးခွန်းထုတ်ရပေတော့မည်။
ကျွန်တော် ပထမဦးဆုံး မေးချင်တာက CNF ဟာ တကယ်ပဲ ချင်းလူမျိုးအတွက် စေတနာနဲ့ အလုပ်လုပ် ခဲ့တယ် လုပ်ရန်ဆန္ဒရှိတယ် ဆိုရင် ဒီ NCA လက်မှတ်ထိုးသင့် မထိုးသင့်ကို ဘာဖြင့်လို့ 
ချင်းလူထု အဖွဲ့အစည်းနှင့် မတိုင်ပင်တာလဲ? တိုင်ပင်ဖို့ မသင့်တာလား? ဥပမာ KIO ဆိုရင် လူထုရဲ့ ဆန္ဒအဖွဲ့အစည်းတွေရဲ့ ဆန္ဒကို ယူခဲ့တာ ခင်ဗျားတို့သိမှာပါ အဲ့ဒီလို အဖွဲ့အစည်း လူထုကို တိုင်ပင်တဲ့ အဖွဲ့အစည်းပဲ တည်တံ့အောင်မြင်တယ် ဆိုတာလဲ ခင်ဗျားတို့သိကြမှာပါ။
လက်ရှိ NCA မတိုင်ခင် NCCT စဖွဲ့ထူထောင်တုန်းက အဓိက အခန်းကဏ္ဌမှ ပါဝင်ခဲ့တဲ့ CNF က
လက်နက်ကိုင် အဖွဲ့ ၂၀ ကျော်ထဲမှာတောင်မှ ၁၀ တောင်မပြည့် အဖွဲ့ ၆ ဖွဲ့နဲ့ဘဲ NCA လက်မှတ်
ရေးထိုးတော့မယ်ဆိုတာ ပန်းမဝင်ခင် အောင်ပွဲခံချင်လို့လား သို့မဟုက် ပြိုင်ပွဲအတွင်း အမောဖောက်
သွားလို့လား ဒါမှမဟုက် တစ်ဖက်အသင်းမှ လဒ်ထိုးလို့ ပန်းဝင်သည့်အထိ မပြေးတာလား? အပြေး ပြိုင်ပွဲဝင်တဲ့ လူတစ်ယောက်က ပထမ ဒုတိယ အရေးကြီးသလို ပန်းဝင်ဖို့လဲ အရေးကြီးတယ်ဆိုတာ 
ခင်ဗျားတို့ ပိုသိကြမှာပါ။
လက်ရှိ ဦးသိန်းစိန်းအတွက် အလွန်အရေးကြီးသည့်အချက်မှာ NCA ကိစ္စပင်ဖြစ်သည်။ သူရဲ့ 
ဒီမိုကရေစီ ဖော်ဆောင်ရေးကို ပြည်တွင်း ပြည်ပများက NCA ထိုးခြင်း မထိုးနိုင်ခြင်းအပေါ် အမှတ်ပေးကြမည်ဖြစ်၍ သူ့သက်တမ်းမကုန်ခင် ဘယ်နည်းဖြစ်ဖြစ် NCA လက်မှတ်ရေးထိုးချင်တာ တစ်ခုတည်းသာသိပြီး ဘဝတူ တိုင်းရင်းသားအချို့ကို တိုက်ခိုက်တာ ဒီမိုကရေစီအတွက် လှုပ်ရှားတဲ့ 
ပြည်သူများကို တရားစွဲတာ ခင်ဗျားတို့ သိကြပါလိမ့်မည်သာ ။
ဒါပေမဲ့ ဤကြားထဲ NCAကို CNF က အဖွဲ့၆ဖွဲ့နဲ့အတူ လက်မှတ်ထိုးဖို့ ဆုံးဖြတ်တာဟာ .......
၁။ ဦးသိန်းစိန် အစိုး၇မှ နာမည်ကောင်းရဖို့အတွက် NCA ကို လက်မှတ်ထိုးဖို့ CNF ကို လဒ်ထိုး
တာလား?
၂။ သဘာဘေးဒဏ် ခံစားနေတဲ့ ချင်းလူထုကို အကြောင်းပြပြီ ဦးသိန်းစိန်က မရမက NCA ကို
ဖိအားပေးပြီး လက်မှတ်ထိုးခိုင်းတာလား?
အမှန်တရားတစ်ခု သို့မဟုက် မူတစ်ခုကို မက်လုံးပေးပြီး မကျောခိုင်းပါစေနဲ့ ခြိမ်းခြောက်လို့လဲ
မစွန့်လွှက်ပါစေနဲ့
ဦးသိန်းစိန် ချင်းပြည်နယ် ဟားခါးမြို့ ၃ ကြိမ်သွားရောက်တာ မရိုးသားတဲ့ ခရီးစဉ်လို့မြင်တယ်။
Sam Thang 

30 /09 /2015