Friday, October 23, 2015

ကိုယ့်ကိုယ်ကို ကြွက်လို့ ထင်ရင် ကြောင်က ခုတ်မှာပဲ

Laja Kumji and 2 others shared U Ravika's photo.
U Ravika Edited

(ထိုင်ခုံတောင် မညီတာ တန်းတူရေးက လွယ်မယ်ထင်သလား)
ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့တဲ့အခါ တန်းတူပဲ ဆက်ဆံခဲ့တယ်။ တောင်တန်းဒေသနဲ့ ပြည်မပူးပေါင်းရေးစာချုပ်ကို ချုပ်ဆိုတဲ့အခါ တန်းတူထိုင်ပြီး ရင်းနှီးကြပါတယ်။ ဂုဏ်ရှိတဲ့ ခေါင်းဆောင်များကို အခြားပုဂ္ဂိုလ်များက အမွှမ်းတင်စရာမလိုတော့ပါ။
နု-အတ္တလီစာချုပ်ကို ချုပ်ဆိုတဲ့အခါ အတ္တလီက ဦးနုကို နှိမ့်ချဆက်ဆံခဲ့ခြင်းမရှိဘဲ တန်းတူဆက်ဆံခဲ့ပါတယ်။ ဗြိတိသျှနေမဝင်အင်ပါယာရဲ့ နန်းရင်းဝန်ကြီးဆိုပြီး သူ့အင်ပါယာလက်အောက်က မြန်မာ့ခေါင်းဆောင်ဦးနုကို မထီမဲ့မြင် မပြုပါ။ ဦးနုထက် မြင့်တဲ့နေရာမှာလည်း မထိုင်ခဲ့ပါ။
ဒါပေမဲ့ နေဝင်းလက်ထက်ရောက်တဲ့အခါ ကချင်တွေနဲ့ တွေ့တဲ့အခါ တိုင်းရင်းသားတွေကို အဆင့်နှိမ်ပြီး စတင်ဆက်ဆံခဲ့ပါတယ်။ ပုံထဲမှာ တွေ့နိုင်ပါတယ်။ အခုလက်ရှိသိန်းစိန်အစိုးရက ဗိုလ်ချုပ်အောင်ဆန်းတို့ထုံးကို ယူတာလား၊ နေဝင်းတို့ထုံးကို ယူတာလား လက်ရှိပူပူနွေးနွေး အပစ်ရပ်လက်မှတ်ထိုးပွဲကို ကြည့်ရင် သိနိုင်ပါတယ်။
လက်ရှိအပစ်ရပ်သွားတဲ့ အဖွဲ့ (၈)ဖွဲ့ဟာ
(၁) မိမိတို့အဖွဲ့ဟာ ပြည်ခိုင်ဖြိုးလောက် အဆင့်မရှိဘူး၊
(၂) ငါတို့အဖွဲ့ဟာ တရားမဝင်လို့ အစိုးရပြောသလို အခွန်စည်းကြပ်ပိုင်ခွင့် မရှိဘူး၊
(၃) ငါတို့အဖွဲ့ဟာ သောင်းကျန်းသူတွေ ဖြစ်လို့ တစ်နေ့ကျရင် လက်နက်ချရမယ်လို့
ယူဆထားကြရင် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲ။ သန္ဓေမမှန်တဲ့ အပစ်ရပ်ရေးဟာ အလကားပဲ။ ဘာငြိမ်းချမ်းရေးအသီးအပွင့်ကိုမှ ဆောင်ကျဉ်းပေးနိုင်မှာမဟုတ်။ ကိုယ့်ကိုယ်ကို ကြွက်လို့ ထင်နေရင် ကြောင်က ခုတ်မှာပဲ။