Friday, October 16, 2015

" ခုနှစ်စင်ကြယ်" အဖွဲ့ထူထောင်ခြင်း

Lahpai Awng's post.


______________________________
၁၉၅၇ ခုနှစ်မှစ၍ ရန်ကုန်တက္ကသိုလ် ကချင်ကျောင်းသား
များသည် လက်နက်ကိုင်တော်လှန်ရေးအတွက် …
ကြိုတင်ပြင်ဆင်မှု စတင်နေကြပြီး ထိုလုပ်ငန်းများအားလုံးကို
တာဝန်ယူလုပ်ဆောင်ရန် ဦးဆောင်အဖွဲ့ကို ၁၉၅၇ ခုနှစ်
နှစ်ကုန်ပိုင်းတွင် ဖွဲ့စည်းလိုက်ရာ "ခုနှစ်စင်ကြယ်" …
7 Stars ဟု အမည်ပေးကာ သတ်မှတ်ခဲ့ကြသည်။
အဖွဲ့ဝင် (၇)ဦးနှင့် ဖွဲ့စည်းထားပြီး ညသန်းခေါ်င်ယံ
ခုနှစ်စင်ကြယ် ပေါ်ထွက်လာသောအချိန် လူခြေတိတ်ပြီး
အပိယိ အလုံခြုံဆုံးဖြင့် ဆွေးနွေးတိုင်ပင်ကာ လှုပ်ရှားသော
အဖွဲ့ကို " ခုနှစ်စင်ကြယ် " ဟု မှည့်ခေါ်ခဲ့ကြသည်။
ထိုအဖွဲ့မှ တဆင့် နောင်တွင် KIO ကို ဆက်လက်ဖွဲ့စည်း
ထူထောင်လာခဲ့ ကြသည်။
ထို "ခုနှစ်စင်ကြယ်" တွင် ပါဝင်ကြသူများမှာ …
(၁) လထော် ဇော်တူး ဥက္ကဌ
(၂) ဖော်ယူး တူးလွမ် အတွင်းရေးမှုး
(၃) မလိဇွတ် ဇော်မိုင် အတွင်းရေးမှုး
(၄) ဖုန်ရွှေ ဇော်ဆိုင်း အဖွဲ့ဝင်
(၅) ခန်းဒါ ဘရန်ဂမ် အဖွဲ့ဝင်
(၆) နာဖော့ ဂွန်ဂျောင် အဖွဲ့ဝင်
(၇) မလန်ရှောင် အဖွဲ့ဝင် တို့ဖြစ် ကြသည်။
KIO ဖွဲ့စည်းထူထောင်ခြင်း
_______________________
၁၉၆၀ ပြည့်နှစ် အောက်တိုဘာလ (၁၀) ရက် နေ့တွင်
လထော်ဇော်တူး နှင့် လမာလရိန်တို့ ကွတ်ခိုင်တို့ …
ရောက်ရှိလာပြီး KIO ဖွဲ့စည်းထူထောင်ရန် ဖြစ်နိုင်မဖြစ်နိုင်
မေးမြန်းဆွေးနွေးရာ မသင့်တော်သေးကြောင်း ပြောဆို လာကြသည်။
ထို့နောက် သိန္ဒီမြို့သို့ ပြန်ဆင်းလာကြပြီး လမုန်တူးဂျိုင်နှင့်
ဒွမ်ဖေါင်းဂေါင် တို့ကို ဆွေးနွေးမေးမြန်းရာ သိန္ဒီမြို့မှာ
အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် ဖွဲ့စည်းထူထောင်၍
ရပြီဖြစ်ကြောင်း အားရကျေနပ်လောက်သည့် အဖြေရရှိပြီ
ဖြစ်သောကြောင့် အောက်တိုဘာလ (၂၅) ရက် နေ့ ညတွင်
ဦး ဂေါ်ရီဇော်ယော်၏ နေအိမ်၌ အစည်းအဝေးကျင်းပ ခဲ့ကြသည်။
ထိုအစည်းအဝေးမှ KIO ကို ဖွဲ့စည်းထူထောင်လိုက်ပြီး
ဥက္ကဋ္ဌ အတွင်းရေးမှုးများ ရွေးချယ်တင်မြောက်ကြကာ
စတင် တာဝန်ပေးအပ်လိုက်ကြသည်။
(၁) ဒွမ်ဖေါင်းဂေါင် KIO ဥက္ကဋ္ဌ (သိန္ဒီ)
(၂) ဂလောင် ဇော်လွမ် KIO အတွင်းရေးမှုး
(၃) ဖေါ်ယမ်နော် KIO အတွင်းရေးမှုး
(၄) လထော် ဇော်တူး ကော်မတီ အဖွဲ့ဝင်
(၅) လမာ လရိန် ကော်မတီ အဖွဲ့ဝင်
(၆) လမုန်တူးဂျိုင် ကော်မတီ အဖွဲ့ဝင်
(၇) ခန်းဆော်ကမ်ထွယ် ကော်မတီ အဖွဲ့ဝင်
(၈) လမုန်တန် ကော်မတီ အဖွဲ့ဝင်
(၉) မိတုံ နော်တောင် ကော်မတီ အဖွဲ့ဝင်
KIC ဖွဲ့စည်းထူထောင်ခြင်း
______________________
၁၉၆၁ ခုနှစ် ဇန်နဝါရီလ (၁၅) ရက် နေ့တွင် လားရှိုးမြို့
လုံလော် ရပ်ကွက်၌ လျှို့ဝှက်စွာ စုဝေးကြပြီး KIC ကို
ဖွဲ့စည်းထူထောင်လိုက်ကြသည်။
(၁) လထော် ဇော်ဆိုင်း KIC ဥက္ကဋ္ဌ
(၂) လထော် ဇော်တူး KIC ဒုဥက္ကဋ္ဌ
(၃) လမာ လရိန် KIC အတွင်းရေးမှုး
(၄) လမုန်တူးဂျိုင် KIC အဖွဲ့ဝင်
(၅) ဒွမ်ဖေါင်းဂေါင် KIC အဖွဲ့ဝင်
(၆) လမုန်တန် KIC အဖွဲ့ဝင်
(၇) မိတုံ နော်တောင် KIC အဖွဲ့ဝင်
KIA ကို စတင် ထူထောင်ခြင်း
__________________________
၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ (၅) ရက်နေ့ နံနက်ပိုင်း
၁၀ နာရီအချိန် လားရှို့းမြို့ လုံလော်ရပ်ကွက်တွင် ဒုတိယအကြိမ်
KIC အစည်းအဝေးကို ပြန်လည် ကျင်းပကြသည်။
ထို အစည်းအဝေးတွင် အောက်ပါရည်မှန်းချက် (၃)ရပ်ကို
ချမှတ်ခဲ့သည်။
၁။ မိမိဒေသသို့ ကျူးကျော်ဝင်ရောက်နေသော ရန်သူကို တိုက်ထုတ်ရန်။
၂။ လွတ်လပ်သော အချုပ်အခြာအာဏပိုင် နိုင်ငံတည်ထောင်ရန်။
၃။ ကချင် လွတ်မြောက်ရေးတပ်မတော်ကို ဖွဲ့စည်းတည်ထောင်ရန်။
ထိုအချိန်ကစပြီး ကချင်လွတ်မြောက်ရေး တပ်မတော်
KIA ကို စတင် ထူထောင်လိုက်သည်။
(၁) လထော် ဇော်ဆိုင်း (ဥက္ကဌ)
(၂) လထော် ဇော်တူး
(၃) လမာ လရိန်
(၄) ဒွမ်ဖေါင်းဂေါင်
(၅) ဒွမ်ဖေါင်းဂမ်
(၆) မိတုံနော်တောင်
(၇) လထော် ဇော်ဘောမ်
(၈) ရှီကွယ် ဇေဂန့်
(၉) လမိုင် ဘောက်နော်
(၁၀) အင်ခွမ် ဇော်မိုင် (လားရှိုး)
(၁၁) ချန်းယိန်း
(၁၂) ဗလာဂမ်
တော်လှန်ရေး စတင်ရန် ရံပုံငွေ ရှာဖွေခြင်း
_________________________________
" ကချင် လွတ်မြောက်ရေး" လုပ်ငန်းကို စတင်ရန်
စီမံကိန်းချမှတ် ဆုံးဖြတ်ချက်ချထားသော်လည်း လက်တွေ့
အကောင်အထည်ဖော်ရန် ငွေကြေးမတည်ရန် မရှိသောကြောင့်
ဒူဝါ ဇော်ဆိုင်း၏ ညွှန်ကြားအကြံပြုစီမံချက်အရ …
(၇ . ၃ . ၁၉၆၁) ရက်နေ့ နံနက် (၈:၀၀) နာရီ အချိန်တွင်
လားရှိုးမြို့ အစိုးရ ဘဏ်ကို ရဲများ၏ အစောင့်အကြပ်ကြားမှ
ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့သည်။
သိမ်းဆည်းရမိသော ငွေများမှာ ၉၀၀၀၀ိ/ငွေကျပ် ကိုးသောင်းကျော် ဖြစ်သည်
ဘဏ်တိုက်ခိုက် သိမ်းပိုက်သည့် တိုက်ပွဲတွင် ပါဝင်ခဲ့သော
မျိုးချစ်သူရဲကောင်းများမှာ - -
(၁) ဒူဝါ ဇော်တူး (ဥက္ကဌ)
(၂) လမာ လရိန် (ကားမောင်း)
(၃) ဒွမ်ဖေါင်းဂေါင်
(၄) လမိုင် ဘောက်နော်
(၅) လမုန်တန်
(၆) ဂျန်မော်တူး
(၇) လဖိုင်ဇော်ရှန်
(၈) ဗလာဂမ်
(၉) မိတုံ နော်တောင် တို့ဖြစ်ကြသည်။
လားရှိုးဘဏ်မှ ငွေသိမ်းယူပြီး လွယ်ခမ်းရွာတွင်
ခေတ္တာနားနေချိန် မုန်းယော်ဘက်မှ ရောက်လာသော
ဗမာစစ်တပ်နှင့် တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားရာ လမာလရိန်နှင့်
လဖိုင်ဇော်ရှန် တို့ ရန်သူလက်ဝယ်ဖမ်းဆီးခံရပြီး လားရှိုးထောင်တွင် အကျဉ်းချထားသည်။
လမာလရိန်နှင့် လဖိုင်ဇော်ရှန် အား ထောင်ထဲမှထုတ်ယူနိုင်ရန်
လားရှိုး ရဲစခန်းမှ မိတုံဂမ် အက်စ်ဂွန်တိန် ဆိုင်းနော် ဇော်လ
ဇော်လီ (၅) ယောက် အကြံထုတ်အကွက်ဆင်ကာ
(၁၀.၄.၁၉၆၁) ရက်နေ့ နံနက် (၂:၃၀)နာရီတွင် …
ထောင်လုံခြုံရေးယူနေသော ရဲများကို ခြောက်လှန့်ထားကာ
ထောင်တံခါး ချိုးဖောက်ပြီး လမာလရိန်နှင့် လဖိုင်ဇော်ရှန်ကို ထုတ်ယူနိုင်ခဲ့ကြသည်။
ထို့အပြင် အစောင့်ရဲများထံမှ သေနတ်(၇)လက်
ကျည်များကို သိမ်းယူခဲ့ပြီး (၂၁.၄.၁၉၆၁) ရက်နေ့တွင် …
Model Brigade Head Quarter သို့ ရောက်ရှိ လာကြသည်။
စစ်သင်တန်း စတင်ဖွင့်လှစ်ခြင်း
________________________
တပ်နေရာချထားပြီးသောအခါ ဒူဝါဇော်ဆိုင်းသည်
ဒူဝါ ဇော်တူးနှင့် အဖွဲ့အား သတင်းစုံစမ်းရှာဖွေရန် လူအချို့ကို စေလွှတ်လိုက်သည်။
လမုန်တူးဂျိုင် သည် ကျန်သူများနှင့် တပ်စခန်းကို
ဆက်လက် ဦးဆောင် ဆောက်လုပ်လေသည်။
တပတ်ကျော်ကြာသောအခါ လားရှိုးဘဏ်ကို သိမ်းယူသော
ဒူဝါဇော်တူးနှင့် အဖွဲ့ ထို တပ်စခန်းသို့ ရောက်ရှိလာကြသည်။
မကြာမီ ကွတ်ခိုင်မှ နမ်ဆူဇော်တောင်နှင့် လူငယ်များသည်လည်း
တစ်ယောက်စ နှစ်ယောက်စ ဆက်လက်ရောက်ရှိလာကြသည်။
ထိုအချိန် ရောက်ရှိနေကြသော လူငယ်များကို လမုန်တူးဂျိုင်မှ
သင်တန်းနည်းပြအဖြစ် အခြေခံ စစ်ပညာကို စတင် သင်ကြားပေးခဲ့သည်။
ဦးဆုံးသော စစ်ရေးနည်းပြ ဆရာ ဖြစ်သည်။
အခြေခံစစ်ပညာ သင်ကြားပြီး သူများထဲမှ အချို့ကို ရွေးနှုတ်ပြီး
အငယ်တန်းခေါ်င်းဆောင်မှုပညာ နှင့် အခြားအဆင့်သင်တန်း
(Non Commission Officer Course - NCO)
စတင် သင်ကြားဖွင့်လှစ်နိုင်ခဲ့သည်။
ကချင် လွတ်မြောက်ရေးအတွက် ပထမဆုံး အခြေခံ
စစ်ပညာသင်တန်း နည်းပြဆရာများ မှာ -
(၁) လမုန်တူးဂျိုင်
(၂) ဂျော်ဂမ်
(၃) ဒူဝါ ဇော်တူး တို့ ဖြစ်ကြသည်။
စစ်တပ်စတင် ဖွဲ့စည်း အကောင်အထည် ဖော်ခြင်း
___________________________________
(၂၆.၃.၁၉၆၁) ရက်နေ့မှစ၍ ကချင်လွတ်မြောက်ရေး
တပ်မတော်ကို ဦးဆောင်နိုင်ရန် စံပြ တပ်မဟာ KIA
(Model Brigade , KIA) အဖြစ် အကောင်အထည်ဖော်
ဖွဲ့စည်းတည်ထောင်လိုက်သည်။
ထို တပ်မဟာ လက်အောက်တွင် တိုက်ခိုက်ရေး
စစ်ကြောင်း နှစ်ကြောင်းနှင့် စစ်ကြောင်းတစ်ခုစီတွင် တပ်စု
တပ်စိတ် များ သတ်မှတ်ဖွဲ့ထားလေသည်။
တပ်ပိုင်းဆိုင်ရာ တာဝန်များကိုလည်း အောက်ပါအတိုင်း
တာဝန်ပေးအပ်ကာ တပ်မဟာမှ အမိန့် ထုတ်ပြန်လိုက်သည်။
(၁) ဗိုလ်မှုးကြီး ဇော်ဆိုင်း - ဗိုလ်မှုးကြီးအဆင့်နှင့် တပ်မဟာမှုး (Brigade Commander)
(၂) ဒု ဗိုလ်မှုးကြီး ဇော်တူး - ဒုတိယ ဗိုလ်မှုးကြီး အဆင့်နှင့်
တပ်မဟာ ဗိုလ်မှုး (Brigade Major)
(၃) လမုန်တူးဂျိုင် - ပထမ အရာခံဗိုလ် WO1-R.S.M
(၄) ဂျော်ဂမ် - ဒုတိယ အရာခံဗိုလ် WO2-C.S.M
V.D.F ( Village Defence Force) ဖွဲ့စည်းခြင်း
__________________________________________
ကချင်လွတ်မြောက်ရေးတပ်မတော်သို့ ဝင်၍ စစ်မှုထမ်းရန်
အခက်အခဲရှိသော ရပ်ရွာဒေသများမှ လူငယ်/လူရွယ်
အသက်အရွယ်ကောင်းသောသူများ (ကျား/မ) မရွေး
ဖြစ်နိုင်သည့် အဆင့်နေရာတွင် ကချင်လွတ်မြောက်ရေး
လုပ်ငန်းဆိုင်ရာ တာဝန်များတွင် ပါဝင် ထမ်းဆောင်နိုင်ရန်
မိမိတို့ နေရပ်ဒေသကို ကာကွယ်သောတပ် -
V.D.F ( Village Defence Force ) ဟု တိုးချဲ့
ဖွဲ့စည်းနိုင်ရန် ဆုံးဖြတ်ကာ စီမံကိန်းရေးဆွဲခဲ့ ကြသည်။
စစ်တပ်(Army) မှ ရဲဘော်များနှင့် V.D.F တပ်သားများ
အတွက် ဝတ်စုံ ဦးထုတ် တံဆိပ် ရာထူးတံဆိပ် များကိုလည်း သတ်မှတ်လိုက်ကြသည်။
စစ်ဝတ်စုံကို စစ်စိမ်းရောင်ဖြစ်ပြီး V.D.F တပ်သားများ၏
ဝတ်စုံကို ကာကီရောင် (အညိုရောင်)အဖြစ် သတ်မှတ်သည်။
N Gum La