Saturday, October 31, 2015

Facebook တင်လို့ ဖမ်းခံရသူနှစ်ဦး လွှတ်ပေးဖို့ အမေရိကန် တောင်းဆို

Sakhunna Ung with Sakhun Naung-http://burmese.voanews.com/content/calls-for-the-release-of-facebook-post-arrest/3010136.html
ပက်ထရစ်ခွန်ဂျာလီနှင့် ချောစန္ဒီထွန်းတို့ကို မကြာခင်က ဖမ်းဆီးခြင်းနှင့် ပတ်သက်၍ ဝါရှင်တန်ဒီစီ၌ အောက်တိုဘာ ၁၅ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ကာဘီ၏ ပြောကြားချက်............
"မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ သူရသတ္တိနှင့်ပြည့်စုံသော အမျိုးသမီးဆုရှင် မေစပယ်ဖြူရဲ့ခင်ပွန်း ပက်ထရစ်ခွန်ဂျာလီကို ဖေ့စ်ဘွတ်ပေါ်မှာ တင်တာနဲ့ပတ်သက်ပြီးတော့ ရဲကဖမ်းပြီး ၂ဝ၁၃ ခုနှစ်ဆက်သွယ်ရေး ဥပဒေနဲ့ တရားစွဲတဲ့အကြောင်း ကြားရတဲ့အပေါ်မှာ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။
ဖေ့စ်ဘွတ်ပေါ်တင်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ ချောစန္ဒီကိုလည်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနဲ့ အရေးယူထားတာကိုလည်းပဲ ကျွန်တော်တို့ သိထားပါတယ်။
လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ဖို့အတွက် ဒီလိုဥပဒေတွေ သုံးတာဟာ ဒီမိုကရေစီသဘောတရားနဲ့ တိုက်ရိုက် ဖီလာဆန့်ကျင်ဖြစ်နေ သလို အစိုးရက ပြောထားတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကတိကဝတ်နဲ့လည်း ဆန့်ကျင်နေပါတယ်။
စစ်ဘက်နဲ့ တခြားအစိုးရအဖွဲ့အစည်းတွေအကြောင်း ဆွေးနွေးပြောဆိုခြင်း အပါအဝင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတာဟာ ဒီမိုကရေစီလူ့အဖွဲ့အစည်းထဲမှာ တသားတည်း ပါဝင်နေတာပါ။ ဒီပုဂ္ဂိုလ်တွေကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့ အာဏာပိုင်များကို ကျွန်တော်တို့ တောင်းဆိုပါတယ်။"
From remarks by U.S. State Department Spokesperson John Kirby regarding the recent arrests of Patrick Khum Jaa Lee and Chaw Sandi Tun at the October 15 Daily Press Briefing in Washington, DC.
“On Myanmar, we’re disappointed to hear reports that police have arrested and charged Patrick Khum Jaa Lee, the spouse of International Women of Courage Award recipient May Sabe Phyu, under the 2013 telecommunications law, reportedly in response to a Facebook post. We understand that charges have also been filed against Chaw Sandi Tun under the electronic transactions law, also reportedly in response to a Facebook post.
The use of such laws to restrict freedom of expression directly contradicts democratic principles and the government’s own stated commitment to promote political reform and respect human rights. Freedom of speech, including speech that discusses the military and other government institutions, is integral to a democratic society. And we call on authorities to release these individuals immediately and unconditionally.”