Saturday, October 3, 2015

ကချင့်ကံကြမ္မာကချင်ဖန်တီးပါ။

Victor Awng added 2 new photos — with ဗိုလ် ချဉ် ဖတ် and 48 others.
15 hrsEdited
ဟန်ဆောင်မှုကိုမယုံနဲ့ကချင့်ကံကြမ္မာကချင်ဖန်တီးပါ။
***************************************
ကချင်လူထု ရဲ့မဲ ရ ချင်တဲ့နိုဘယ်ဆုရှင်ကြီး အခုတော့ ကချင်ရိုးရာ ဝတ်စုံနဲ့ ပျားရည်ထက်ပိုချိုမြတဲ့အပြုံးပြုံးနေတယ်..
သူမဟာ
ကချင်ပြည်သူလူထု မြန်မာစစ်တပ်ကြောင့် စစ်ပြေးဒုက္ခသည် ဖြစ်နေရတာနဲ့ပတ်သက်လို့ ဘာစကားတခွန်းမှမဟခဲ့ဘူး
ဥရောပက လာတဲ့ မင်းသမီးအင်ဂျလီနာဂျိုလီက ကချင်ပြည်နဲ့ကချင်လူထုဆီက ဘာမှမလိုချင်ပါဘူး
သူမကချင်ပြည်ကို ခေတ္တရောက်လာတော့ ကချင်စစ်ပြေးဒုက္ခသည်စခန်းတွေဆီ မိုးရွာတောထဲမိုးကာလေးဝတ်ပြီး ကချင်စစ်ပြေးဒုက္ခသည်တွေကို နွေးထွေးမှုပေးခဲ့တယ်
မေတ္တာပြခဲ့တယ်.....
သူတို့ရဲ့အကြားကချင်လူထုအပေါထားတဲ့အရင်းခံစိတ် ခြားနားမှုကို. ဒီလောက်ဆိုသိကြရောပေါ့..
ကျုပ်တို့လိုအပ်နေတာ နွေးထွေးမှု အားပေးမှု ကြင်နာမှု မေတ္တာတရား
ကျုပ်တို့မှာဘာမှပြန်ပေးစရာမရှိဘူး စစ်အစိုးရကြောင့်အိုးအိမ်မဲ့ အခြေအနေမဲ့ စစ်ပြေးဒုက္ခသည်ဘွဲ့ ခံယူနေရတဲ့ဘဝကိုပိုင်ဆိုင်ထားရခြင်းတခုပဲကျန်တော့တယ်..
ထည့်လိုက်ကြပါဦးမဲ
တချို့ကချင် တွေ ကိုပြောပါတယ်....
အဲဒီကချင်ငတုံးတွေခပ်အအတွေယုံနေတာကဘာလဲဆိုတော့ NLDမဲနိုင်ရင် မြန်မာပြည်ပြောင်းလဲမတဲ့...
NLDကို စူပါမင်းထင်နေကြသူတွေပေါ့
နှစ်၆၀ကျော် အုပ်စီးထားတဲ့ စစ်အာဏာရှင် ရဲ့လက်ခုပ်ထဲကရေ ဘဝရောက်နေတဲ့ ဒေါ်စု ဘာများလုပ်နိုင်မှာလဲ။
သူမလုပ်ခဲ့တဲ့ပြည်သူ့အကျိုးပြုအရာတွေအတွက်တော့ချီးကျူးပါတယ်...
တခုရှိတာက
၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲ ရလဒ် ဘာတုံးစားလို့ရမှာလဲ ဆိုတာပဲ။
အရင်က ကျုပ်တို့လက်နက်မကိုင်ခင် စကားနဲ့ကချင်ပြည်သူတို့ရပိုင်ခွင့်နဲ့ပတ်သက်လို့ဦးနုခေတ်မှာကချင်ကျောင်းသားခေါင်ဆောင်တချို့ဆွေးနွေးခဲ့ပါတယ်
ဦးနုက ဘာပြန်ပြောခဲ့သလဲဆိုရင် ခွေးခလေးတွေ ပြန်ကြတဲ့ဘာအခွင့်အရေးမှမပေးနိုင်ဘူးတဲ့
ဒါ ဗမာအကျင့် ဗီဇ
ပြောချင်တာ ဒေါ်စုနိုင် နိုင်မနိုင်နိုင် ကချင်ပြည်နဲ့ကချင်လူထုအတွက် ဘာအကျိုးမှမရှိနိုင်ဘူး....
ကချင်ရဲ့ကံကြမ္မာ ကချင်သာ ဖန်တီးရမယ်....
ကချင်လူမျိုးမှန်ရင် ကချင်ကိုသာ အားပေးရမယ်..
ကျုပ်တို့ ကချင်ခေါင်းဆောင် တွေနဲ့ကေအိုင်အို/ကေအိုင်အေ အစိုးရကို ၁၀၀% ထောက်ခံအားပေးရမယ်....
ခေတ်အဆက်ဆက်ဘယ်ဗမာ ခေါင်းဆောင်ကမှကချင်အတွက်ဦးနှောက်ထဲတောင်ထည့်မစဉ်းစားခဲ့ကြဘူးဆိုတာသဘောပေါက်ကြပါ။
များများမပြောချင်တော့ဘူး။
ကချင့်ကံကြမ္မာကချင်ဖန်တီးပါ။