Thursday, June 12, 2014

ယုဇန ကုမ္ပဏီအားဆန္ဒပြသူ တောင်သူများကို ရန်ကုန်တွင် အမှုဖွင့် ( KDNG )

လယ်ယာမြေပြန်ရရှိရေးနှင့် နစ်နာကြေးရရှိရေးအတွက်  ဗဟန်းမြို့ ယုဇနကုမ္ပဏီရှေ့တွင် ဇွန်လ ၉ ရက်နေ့က ဆန္ဒပြမှုကြောင့် ကချင်ပြည်နယ်၊
ဟူးကောင်းတောင်သူ(၁၆)ဦးကို ဗဟန်းရဲစခန်းမှ အမှုဖွင့်လိုက်သည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ၏ နည်းဥပဒေပုဒ်မပုဒ်မ(၁၈)ဖြင့် ခွင့်ပြုချက်မရပဲဆန္ဒပြခြင်းကြောင့် ဗဟန်းရဲစခန်းမှ
အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။

တောင်သူများက ဗဟန်းမြို့နယ်ရှိ ယုဇနကုမ္ပဏီရှေ့တွင်  ဆန္ဒပြရန်အတွက် ဇွန်၊ ၂ ရက်နေ့တွင်  ဗဟန်းရဲစခန်းသို့  စာတင်ခဲ့သော်လည်း ရဲစခန်းမှ
ပလပ်ခဲ့ကြောင်း ပါဝင်လုပ်ဆောင်သူ မခေါင်နော်က ပြောပါသည်။