By : Ah Hpu
ဗမာမှုကို ဆဲလို့ ဘာရသလဲ မေးရင် နှစ်ရှည်လများ တည်ဆောက်လာတဲ့
ဗမာ အင်စတီကျူ ရှင်းကို မကြိုက်တဲ့သူ ရှိတယ် ဆိုတာ ဆန္ဒဖော်ထုတ်ရာ
ရောက်ပါတယ်၊၊

ဒီလိုမှ အသံမထွက်ရင်လည်း “ စည်းလုံးညီညွှတ်နေတယ် ”
လို့ အသံမှားလွှင့်နေတာပဲဟာ၊၊ တိုင်းရင်းသား အားလုံးကို အသံထွက်စေလိုတယ်၊၊
မကြိုက်တာကို မကြိုက်ကြောင်း ပြောရဲရမယ်၊၊ အသံမထွက်ရင် ချစ်နေတယ်လို့ထင်
နေကြတယ်၊၊

ဥပမာတစ်ခုဗျာ...
မြောက်ကိုရီယာ တစ်တိုင်းပြည်လုံးကို မြောက်ကိုရီယာက ကမ္ဘာပေါ်မှာခေတ်
ရှေ့ ပြေးဆုံး တိုင်းပြည်လို့ သင်ကြားပေးထားတယ်၊၊ နိုင်ငံခြားသား တစ်ယောက်
လာတော့ ဘာမေးတယ်ထင်သလဲ “ မင်းတို့ဆီမှာကော တိုက်အိမ်ရှိလား၊
မော်တော်ကားရှိလား ” မေးသတဲ့၊၊ ဒီလိုဘဲ သင်ကြားခံရတာကိုးဗျ ၊၊

သားစဉ်
မြေးဆက် ဒီလောက်ဘဲ မြင်အောင် လုပ်ထားတော့ .. မင်းတို့ဟာ မဟုတ်ဘူး
သွားပြောရင် မုန်းခံရမယ်လေ၊၊

၁၉၄၈ ကနေ ကနေ့ ဒီချိန်ထိ သင်ကြားခံရတဲ့ ပညာရေးက ပြည်ထောင်စု
တိုင်းရင်းသားများ သဘောတူတဲ့ သင်ရိုးညွှန်းတမ်းလား၊ ခွင့်ပြုခဲ့တဲ့ စာမူတိုင်းက
ဘယ်လိုမျိုး စာတွေလဲ ဆိုတာ သိပါတယ်၊၊ ဒါကြောင့်မို့ ဗမာကို ထိရင် မကြိုက်ကြ
တာပါ၊၊ တကယ်တော့ လူထုရဲ့  အတွေးအခေါ်ဆိုတာလည်း စနစ်တကျနဲ့ ကြာကြာ
ပုံသွင်းရင် လိုချင်သလိုရတာပဲဟာ... ဗမာတွေ ရိုက်သွင်းခံထားရတယ်၊ ပုံသွင်းခံထားရတယ်၊၊