Friday, June 27, 2014

ရှမ်းမြောက်ရှိထင်ရှားသော မှုးယစ်ရာဇာ လွှတ်တော်အမတ်များ


==========================================
by-Lachid Kachin
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသအတွင်း မြန်မာ အစိုးရ ၏ လက်ဝေခံ
မှုးယစ်ရာဇာ ဘိန်းကုန်သည် ၊ဘိန်းများအား တရားဝင် စိုက်ပျိုး ၊ထုတ်လုပ်၊ 
ဘိန်းဖြူ နှင့် ရာမ ဆေးပြားများအား ချက်လုပ် ၊ရောင်းချဖြန့် ဖြူးနေ သော
၊ မြန်မာ အစိုးရ မှ တရားဝင်ခွင့်ပြုထားသော ပြည်သူ့စစ် အဖွဲ့ ပေါင်း (
၂၈)ဖွဲ့ ရှိကြောင်းသိရှိရပါသည်။
၎င်းဖွဲ့များကိုလက်ရှိအာဏာရပါတီ ဖြစ်သောဦးသိန်းစိန်၏ ပြည်ထောင်စု
ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါ တီ၏ အမှတ်များ ၊လွတ်တော် ကိုစားလှယ်
များမှ ဥိးစီးကွတ်ကဲ နေကြောင်းသိရှိ ရသည်။
၎င်း (၂၈)ဖွဲ့ အနက်မှုးယစ်ဆေးဝါးထုတ်လုပ် ဖြန့် ဖြူးရောင်းချမှုတွင်ပိုမို
ထင်ရှားသော အဖွဲ့များမှာ
(၁)တာမုံန်းညှဲ ပြည်သူ့စစ်အဖွဲ့ (တရုတ် )ကြံ့ဖွတ်-လွတ်တော်ကိုယ်စားလှယ် ၊
( ၂) ပန်ဆေးကျန်းပြည်သူ့ စစ်အဖွဲ့ (တရုတ်)ကြံ့ဖွတ်- လွှတ်တော် ကိုယ်စားလှယ်
(၃) ဦးဟော် ပြည်သူ့ စစ်အဖွဲ့ (တရုတ်)ကြံ့ဖွတ်-ကွန်လုံမြို့နယ် အမှတ် လွှတ်တော်ကိုယ်စားလှယ် ၊
(၄) မန်ပန်ဌာနေ ပြည်သူ့ စစ်အဖွဲ့ .ကြံ့ဖွတ်ပါတီဝင်.၊
(၅) မာန်မတ်ဒေသ အိုက်ကွယ် ပြည်သူ့စစ်အဖွဲ့ (တရုတ်)ကြံ့ဖွတ်၊
(ဘိန်းဘုရင်ဟောင်းခွန်ဆာ၏ဇာတိမြေ)
(၆)ဗိုလ်မွန်း (တ.က.ဆ.ဖ) ပြည်သူ့ စစ် အဖွဲ့ စသည့်အဖွဲ့(ကြံ့ဖွတ်) တို့ မှာ
မြန်မာ အစိုးရ အာဏာပိုင်(ကြံ့ဖွတ်အစိုးရ)များ နှင့် ပူးပေါင်းကာ ၊မြန်မာ အာဏာပိုင်များ၏ခွင့် ပြုချက်ဖြင့် ဒေသတွင်းဘိန်း နှင့် မှုးယစ်ဆေးဝါး
အများဆုံးစိုက်ပျိုးထုတ်လုပ် ရောင်းချ(ချက်လုပ်) ဖြန့် ဖြူးနေ သောအဖွဲ့များ
ဖြစ်ကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။
(ဓါတ်ပုံ-ကြံ့ဖွတ်လွှတ်တော်အမတ်များအုပ်ချုပ်ရာ(ပြည်သူ့စစ်များ) တာမုံန်းညှဲ၊ ကွန်းလုံ၊မန်မတ်၊မာန်ဘန်ဒေသ နှင့် နမ့်ခမ်းဒေသမှ ၂၀၁၄ ဘိန်းရာသီတွင် မြင်တွေ့ရသော ဘိန်းခြံများ နှင့် ဘိန်းခြစ်နေစဉ်။)
LikeLike ·  ·