Tuesday, June 10, 2014

ကချင်လူမျိုးနဲ့ တိုင်းရင်းသားများ အလုံးကို ကျုပ် စကားတခွန်းမေးလိုက်ချင်တယ်

ကချင်လူမျိုးနဲ့ တိုင်းရင်းသားများ အလုံးကို
ကျုပ် စကားတခွန်းမေးလိုက်ချင်တယ်
ဗမာ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်ပြီး လွှတ်လပ်ရေး
ယူခဲ့တာ ကျုပ်တို့အတွက် ဘာကောင်းကျိုးရရှိခဲ့သလဲ
၂၀၁၀ ခေတ်သစ် ဗမာ ဒီမိုကရေစီ အသွင်ပြောင်းလဲခဲ့တယ်
ကျုပ်တို့အတွက် ဘာကောင်းကျိုးရခဲ့သလဲ
အထူးသဖြင့် ကျုပ်တို့ကချင်ပြည်နယ်၊ ကချင်လူမျိုးအတွက်
ဘာကောင်းကျိုး ဖြစ်ထွန်းခဲ့သလဲ
၁၉၄၇ ဗမာနဲ့ ပေါင်းပြီး လွှတ်လပ်ရေး ယူခဲ့တာ
တိုင်းရင်းသားများ အားလုံးသူ့ကျွန်ဘဝ ကျရောက်ခဲ့သည်
၂၀၁၀ ဒီမိုကရေစီ အသွင်ပြောင်းတော့ ကချင်လူမျိုးများကို
ဒုက္ခပင်လယ်ဝဲအောင် လုပ်ခဲ့သည်
ကျုပ်ရှင်းရှင်းပဲပြောမယ်
ဗမာတွေ လုပ်သမျှ ကျုပ်တို့ တိုင်းရင်းသားများအတွက်
ဘာကောင်းကျိုးမှ မရစေတဲ့အပြင် ဆိုးသထက်ဆိုးတဲ့ ဆိုးကျိုးကိုသာ ပေးခဲ့သည်
ဒီအချိန်မှာ ကျုပ်တို့ဘာလုပ်သင့်ပြီလဲ
ဘယ်လိုစိတ်ဓါတ်မျိုး မွေးသင့်ပြီလဲ
စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အသံတသံထဲ
ထွက်လာဖို့ကိုသာ ကျုပ်တို့ မျှော်လင့်သည် (လိုလားသည်)
WP LS (ကချင်လီဆူ)