Tuesday, June 24, 2014

ဘုန်းကြီးတွေ နိုင်ငံရေး မဲပေးခွင့်ကို မတားမြစ်သင့်ဘူးလို့ မြင်ပါတယ်၊

သံဃာ ၅ သိန်း ရှိတယ် ပြောတဲ့သူကလည်း ပြောတယ်
ခရစ်ယာန်ဘာသာ တိုက်ဖျက်ရေး အဖွဲ့ ဆိုတာလည်း ရှိတယ်
မူဆလင်ဘာသာ ဆန့်ကျင်ရေး ဆိုတာလည်း ပေါ်တင်ဘဲ လုပ်တယ်
ဘုန်းကြီးတွေက မင်းကြီးတွေကို ထိန်းကျောင်းခဲ့တဲ့ သမိုင်းလမ်းကြောင်း
လည်းရှိတယ်၊၊ စစ်သားမလုပ်မနေရ ဆိုတာတော့ အထ မမြောက်ပေမယ့်
ယောင်္ကျားလေးတိုင်း ကိုရင်ဝတ်ဖူးရတဲ့ uniformity ကလည်း ရှိတယ်..
တော်တော်လေး ခိုင်မာတဲ့ စနစ်ကြီး တစ်ခုဘဲ ဗျ ... ကျုပ် ပြောချင်တာက
ဒိုင်လျှိုလေး လုပ်မယ့် အစား ပေါ်ပေါ်ထင်ထင်သာ လုပ်ပါတော့လားဗျာ..
ဖွဲ့စည်းပုံ ဥပဒေမှာ မပါပေမယ့် ဒိုင်လျှိုလုပ်နေခဲ့တာ တောက်လျှောက်ပါပဲ
ကျုပ်ကတော့ ထူးထူးထွေထွေ ဆန့်ကျင်မနေချင်ဘူး.. သဘောဘဲလေ..
ကိုယ်လုပ်ချင်တာချည်း လုပ်ရင် အဲဒီအကျိုးရလဒ်လည်း လက်ခံနိုင်ရမှာပေါ့
ကံ၊ ကံ၏အကျိုး ဆိုတာကို တကယ် ယုံကြည်လို့ရှိရင်ပေါ့ဗျာ၊၊ ဘုန်းကြီးတွေ
နိုင်ငံရေး မဲပေးခွင့်ကို မတားမြစ်သင့်ဘူးလို့ မြင်ပါတယ်၊၊ နိုင်ငံရေး များများ
လုပ်ပါစေ.. သူတို့လည်း လူဘဲ ဥစ္စာ၊ လူအကြောင်း စိတ်ဝင်စားရှာပေမပေါ့၊၊
မ.ဘ.သ လည်း လုပ်ပါလေ့စေ၊ ဒါလုပ်သင့်လုပ်ထိုက်တာပဲ၊၊ ဗမာပြည်မှာနေ
ဗမာရေကိုသောက် ဗမာထမင်းကိုစားပြီး ဗမာကို စော်ကားလို့ ဘယ်ဖြစ်မလဲ
ဒါပေမယ့် ဗမာမြေမှာမနေ၊ ဗမာရေကို မသောက်၊ ဗမာထမင်းမစားတော့တဲ့
နေ့ကျရင်တော့ အထက်ပါ အရှုပ်ထုပ်တွေ အကုန်လုံး ရှင်းသွားပါလိမ့်မယ်..၊၊
အထက်ပါ အကြောင်းအရာတွေ အားလုံးက ဦးတည်ချက်တစ်ခုတည်းကို
သွားနေတယ်၊၊ ဆုံမှတ်တစ်ခုတည်းကိုဘဲ အာရုံရောက်စေတယ်..
“အသွင်မတူ အိမ်သူမဖြစ် ဆိုသလိုဘဲ
အသွင်မတူ ပြည်ထောင်စု မဖြစ် ” လို့ဘဲ မြင်ပါတယ်၊၊ ပြည်ထောင်စုကို
ဆိုင်ရာ ပိုင်ရာ ခွဲလိုက်ကြတာက အကောင်းဆုံး အဖြေဖြစ်ပါတယ်......၊၊
ပေါင်းချင်တဲ့သူ ဆက်ပေါင်းပေါ့ဗျာ၊ မပေါင်းချင်တဲ့သူ ခွဲထွက်ခွင့်ရှိပါတယ်၊၊