Thursday, June 12, 2014

စစ်ပြေးဒုက္ခသည် စခန်းမှ ကျောင်းသူ/သား များအား အစိုးရကျောင်းအချို့လက်မခံသဖြင့်၊ကျောင်းမနေရ


(by-Lachid Kachin)
လနားဇွတ် စစ်ပြေးဒုက္ခသည် စခန်းမှ ရှမ်းပြည်နယ် မြောက်ပိုင်း မှုဆယ် မြို့ အစိုးရ ကျောင်း သို့ ကျောင်း ပြောင်းလာသော ကချင် စစ်ပြေးဒုက္ခသည်
ကလေးများ အား မှုဆယ် အစိုးရ ကျောင်းမှ လက် မခံ သော ကြောင့် ၄င်း ကျောင်းသူ/ကျောင်းသား များ အခက်တွေ့ နေ ကြောင်း သတင်းရရှိ
ပါသည်။
" ကျမတို့ က စစ်ပြေးဒုက္ခသည် စခန်း ကျောင်း က ကျောင်းအုပ်ဆရာကြီး ဆီက ကျောင်းပြောင်း လက်မှတ် တွေ ကို သေခြာ ယူလာပြီး အခု မှုဆယ်
ကျောင်း မှာ ကျောင်းလာအပ် တော့ သူတို့ က လက်မခံဘူး ၊ တခြား ကွတ်ခိုင်ကျောင်း တို့ တော့ လက်ခံ ဒီမှုဆယ် ကျောင်း ကတော့ လက်မခံ
လို့ ကျမတို့ ကလေး တွေ အရမ်း ဒုက္ခ ရောက်နေ ပါတယ်။
ငွေကြေးလည်း မသတ် နိုင်တော့ ပိုဆိုးတာပေါ့ တခြားနေရာကို လည်းသွား
တက်ဖို့ လည်းမသတ်နိုင်ဘူးလေ၊ တချို့ ဆိုရင် ကျောင်း က လက်မခံတော့
ကျောင်းမတက်ရတော့လို့ဒုက္ခသည်စခန်းကိုပြန်သွားကြပြီတအားသနားဖို့
ကောင်းတယ်၊ တချို့ ကို ကြတော့ ကျမတို့ သတ်နိုင်သလောက် အပြင် အဆောင်တွေမှာ ခဏ ထားထားပေးပါ တယ် ဒီလိုလည်း မဖြစ်သေးဘူးစာမေးပွဲဖြေလို့ ရမှာ မဟုတ်ဘူး။"
ဟု ၄င်း စစ်ပြေး ဒုက္ခသည် ကျောင်းသူ/ကျောင်းသား လေးများအား လိုက်လံ ကူညီပေးနေ သော "ဆရာမဒေါ်ဆိုင်းမိုင်" က အခုလို ပြောပြသွားပါတယ်။
မှုဆယ်ကျောင်းမှ ဤကလေးများအား လက်မခံ သည့် အကြောင်းပြ ချက်မှာ
ပညာရေးမှူး လက်မှတ် မပါရှိသော ကြောင့် ဟုဆို သော်လည်း ထို ကျောင်းပြောင်း လက်မှတ် များထဲ တွင် IDP ကျောင်းမှ ကျောင်းအုပ်ကြီး ၏ လက်မှတ် ပါရှိ ပြီး ဖြစ်သော ကြောင့် အခြားသော မြို့ များမှ ကျောင်းများက အသိအမှတ်ပြု လက်ခံကြောင်း ၊ IDP စခန်း တွင် ပညာရေးမှူးလည်း မရှိ သော ကြောင့် ဘယ်ကလက်မှတ် သွားယူရမှန်းမသိ ဒုက္ခရောက်နေ ကြောင်း ၄င်းဆရာမ ပြော ပြချက် အရ ထပ်မံ သိရှိရပါသည်။
LikeLike ·  ·  · 436