Monday, March 17, 2014

KIA အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ်တိုက်ခိုက် ခြေမှုန်းပြမည့် ဟုဆိုခဲ့သော ဦးသိန်းစိန်



( by-Tsawra Tsaw)
ဒီကနေ့ သမ္မတသိန်းစိန်က မြစ်ကြီးနားက ဘာသာရေးဆိုင်ရာ အသင်းတော်တွေက လူတွေကို ဆန်၊ဆီ ပေးပြီး “ဘုရားသခင်၏ နာမတော်၌ ကောင်းချီးမင်္ဂလာရောက်ပါစေ။” ဆိုပြီးတော့ စည်းရုံးနေတယ် ကြားတယ်။ ငါ့အထင်ပြောရရင် သူ ကချင်စစ်ရှောင်တွေ အတွက် အီးယူဆီက ပိုက်ဆံ၊ အင်္ဂလန်အစိုးရဆီက ပိုက်ဆံတွေရထားတယ် စစ်ရှောင်ပြည်သူတွေရှေ့ တည့်တည့်ဆိုင်ဆိုင်တွေ့ပြီး ပေးသင့် စကားပြောသင့်တယ်လို့ မြင်တယ်။

ဘာသာရေးဆိုင်ရာလူကြီးတွေကို နိုင်ငံရေးအရ ဆွဲမထည့်လို့လဲရတယ်။ ဦးထိပ်ထားသလိုလိုနဲ့ စကားကို မလိမ့်တစ်ပတ်နဲ့ တစ်ပတ်ရိုက်ဖို့တော့ မကြံနဲ့။ လူသားချင်းစာနာထောက်ထားသော အားဖြင့် အသင်းတော်တွေက ခင်ဗျားလုပ်ခဲ့ ရှုပ်ခဲ့သမျှကို လိုက်လံကူညီနေကြရတယ်။

ထားပါတော့ မြစ်ကြီးနားက လူတွေရှေ့တစ်မျိုး မနက်ဖန်ခါ ပူတာအိုဘက် ခရီးဆက်အုံးမယ်ဆိုတော့ကာ......အရင် ၀န်ကြီးချုပ်ဘ၀တုန်းက ပါးစပါသရမ်းထားတာတွေ ဦးဏှောက်ကောင်းသေးရင် မမေ့ဘူးလို့ ထင်ပါတယ်။ “ခင်ဗျားတို့ကို ကချင်တွေ ဘယ်လောက်နှိပ်စက် သတ်ဖြတ်ခဲ့ကြပြီးပြီပဲ လက်နက်ထုတ်ပေးမယ် ပြည်သူ့စစ်ထောင်ကြ ဆိုတာလေး။

ရ၀မ်ကို သွေးခွဲခဲ့ပြီးပြီ လီဆူဘက်လှည့်ပြီး သွေးမခွဲပါဘူး ဘယ်သူမှ တပ်အပ်မပြောနိုင်သလို၊ သန်ခေါင်စာရင်းကောက်ချိန် အမှီတက်လာတာတော့ မရိုးဘူး။

နောက်တစ်ခွန်းရှိသေးတယ်.... ၂၀၁၀ စက်တင်ဘာ လဆန်းပိုင်းက KIA အား အာဆီယံတွင် ပထမဆုံးစံပြအဖြစ် ရွေးကောက်ပွဲပြီးရင် တိုက်ခိုက်ချေမှုန်းပစ်မည်ဟုမြန်မာစစ်အစိုးရ၀န်ကြီးချုပ်၊ ကြံ့ဖွတ်ပါတီခေါင်းဆောင် ဦးသိန်းစိန်က ကချင်ပြည်နယ်မြို့တော်မြစ်ကြီးနား၊ လ၀ါယန်အခြေစိုက် ဦးလဆန်အောင်ဝါ ပြည်သူ့စစ်အဖွဲ့နှင့် ပန်ဝါအခြေစိုက် ယခင်ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) နယ်ခြားစောင့်တပ်တို့၏ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောခဲ့တာဖြစ်တယ်

ဘယ်လိုပင် နှမ်းဖြူးနေပါစေ အရင်က ပါးစပ်သရမ်းခဲ့တာတွေတော့ လက်တွေ့အကောင်အထည်ပေါ်နေတာတွေရှိနေတော့ အတင်းအဓမ္မယုံခိုင်းနေလို့ မရကြောင်းပါ။
 —
-----------------------


(by-Tsawra Tsaw)
မည်သည့်ဘက်ကဘဲ ဆုံးရှုံး ဆုံးရှုံး တိုင်းပြည်က ဆုံးရှုံးလို့ သူ့အနေနဲ့ ၀မ်းနည်းမိကြောင်းလို့ ဆိုတယ်။ ဆုံးရှုံးတာကို ၀မ်းနည်းပြတတ်ရင် လက်တွေ့ဆုံးရှုံးမှု ဖြစ်တဲ့ ဒုက္ခသည်စခန်းတခုခုက ဒုက္ခသည်တွေရှေ့၊ နှစ်ဘက်ရှေ့တန်းက စစ်သည်တွေရှေ့ပေါ်တင် သွားပြောသင့်တယ်။

ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မည်သူမှားတယ် မှန်တယ်ဆိုတာကို ပြစ်တင်ရှုံ့ချနေမယ့်အစား ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းရှာသင့်တယ်လို့ ဆိုတယ်။ တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ “နှစ်ဘက်တပ် ထိန်းသိမ်းရေး” ဆိုတဲ့ အချက်ပါတယ်။ မရှုံ့ချပါဘူး။ တပ်တွေသတ်မှတ်ထားတဲ့ နေရာကို ပြန်ရုပ်ပေးလိုက်ရင်ကိုက လတ်တလော ဖြေရှင်းရခက်နေတဲ့ ပြဿနာအကြီးစားကြီးက ဖြေရှင်းပြီးသားဖြစ်သွားပါလိမ့်မယ်။

ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် နှစ်ဦးနှစ်ဘက်အပစ်အခတ်ရပ်စဲရုံနှင့် မပြီးဘဲ နိုင်ငံရေးနည်းလမ်းဖြင့်အဖြေရှာရန် ၊ နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပြီး ကချင် ပြည်နယ်လူထုနှင့် မိမိတို့အားလုံးလိုလားလျှက်ရှိသည် စစ်မှန်သော ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရန်သံန္ဒိဌာန်ချမှတ်ထားကြောင်း (သံန္ဒိဌာန်တောင် ဖမ်းချပြလိုက်သေးတယ် ) နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ဖို့ တတွင်တွင်ပြောနေကြတာကြာပြီ ခုမှတရေးနိုးတဲ့ ပုံစံနဲ့ ယောင်တိယောင်တောင် လူထုရှေ့ကြားကောင်းအောင် မပြောဖို့တော့လိုပါလိမ့်မယ်။ နိုင်ငံရေးဆွေးနွေးမယ့် စားပွဲဝိုင်းမရှိ စစ်သလင်းပြင်သာ ခင်းနေတာ ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ မင်းအောင်လှိုင်မျက်နှာကိုကြည့်ပြီး သေချာပြောသင့်တယ်။

တပ်မတော်အနေဖြင့်လည်း အဆိုပါငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နိုင်ငံ တော်အစိုးရနှင့် တသားတည်းရှိပြီး...ဆိုပြန်တယ်။ ကျနော်ထိုးစစ်တွေ မဆင်ဖို့ အမိန့်ပေးထားပြီးပါပြီလို့ လူရှေ့သူရှေ့ ပြောတာ ၂ခါတိတိ။ ပြောပြီးမကြာဘူး ဖားကန့် ဗုံးကျဲခံရတယ်။ သိပ်မကြာဘူး လိုင်ဇာ ရဟတ်ယာဉ်နဲ့ ကျည်မိုးသွန်းဖြိုးပေးခဲ့တယ်။ အဲ့ဒါကို ဟန်ချက်ညီညီ လိုက်နေတယ်ဆိုတာ ဘယ်လိုနားလည်ပေးရမလဲ။
(Tsawra Tsaw ၏ FB မှ ပြန်လည်ကူးယူဖော်ပြသည်။)