Tuesday, March 4, 2014

လက်ရှိရှမ်းပြည်နယ်ဟာ ပြည်မအစိုးရအတွက် ကစားလို့ အကောင်းဆုံးနေရာ ဖြစ်တယ်



ရှမ်းပြည်နယ် (သို့) ပေါက်ကွဲမဲ့ နောက်ထပ်ချိန်ကိုက်ဗုံး

ရှမ်းခေါင်းဆောင်အချို့က ရှမ်းပြည်နယ်ကို လက်ရှိအတိုင်း ထိန်းထားချင်တယ်ဆိုတာ ဟုတ်ပါတယ်။ ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က ဝပြည်နယ်ထူထောင်ချင်ကြတာကလည်း ဟုတ်ပါတယ်။ အဲဒီလိုပဲ ပလောင်တို့လည်း ပလောင်ပြည်နယ်၊ ပအိုဝ်းတို့လည်း ပအိုဝ်းပြည်နယ်ထူထောင်ချင်ကြတာလည်း ဟုတ်ပါတယ်။

လက်ရှိရှမ်းပြည်နယ်ဟာ ပြည်မအစိုးရအတွက် ကစားလို့ အကောင်းဆုံးနေရာ ဖြစ်တယ်။ ရှမ်းပြည်နယ်ကို လေးပိုင်းပိုင်းရမှာကို ရှမ်းတို့က လိုလားကြမှာမဟုတ်ကြောင်း သူတို့သိကြတယ်။ အလားတူးပဲ။ သူတို့စော်ဘွားနဲ့သူတို့ နေလာခဲ့ကြတဲ့ ဝ၊ ပလောင်၊ ပအိုဝ်းတို့ကလည်း သူတို့ပြည်နယ်နဲ့သူတို့ နေချင်ကြမှာ အမှန်ပါပဲ။

ဒီထဲမှာ RCSS နဲ့ UWSA တို့ဟာ ပြည်မအစိုးရကို အားကိုးတကြီးနဲ့ လှုပ်ရှားနေကြတယ်။ RCSS ကလည်း ပြည်မခရီးကို ချောင်းပေါက်မတတ် လာကြသလို အခု ဝအဖွဲ့လည်း ရောက်ရှိလို့ လာပါပြီ။ ရှမ်းပြည်နယ်ဟာ တရုတ်နဲ့ နယ်ချင်းထိစပ်နေတာမို့ တရုတ်ပြည်ကလည်း ဖြစ်ပေါ်တိုးတက်မှုကို စောင့်ကြည့်နေမှာ ဖြစ်တယ်။

မိမိအမြင်ကို ပြောရရင် ရှမ်း၊ ဝ၊ ပလောင်၊ ပအိုဝ်းနဲ့ အခြားရှမ်းပြည်ဖွားတိုင်းရင်းသားများဟာ ပြည်မအစိုးရကို ချဉ်းကပ်ပြီး ပြဿနာကို ဖြေရှင်းကြမဲ့အစား မိမိတို့အချင်းချင်းသာ တွေ့ဆုံညှိနှိုင်းကြပြီး အဖြေကို ရှာသင့်ကြတယ်။