Tuesday, March 11, 2014

ကိုထင်အောင်လင်း လိုင်ဇာသို့ ငြိမ်းချမ်းရေး ခြေလျင်ခရီးချီတက်ခဲ့သူ ဒီဗီဘီ ဒီဘိတ်တွင် ဦးလှမောင်ရွှေအား မေးခဲ့သောမေးခွန်း..


 · 



---------------------------------------------------------------------------------------------------
ကျနော်မေးခွန်းသုံးခွန်း မေးချင်ပါတယ်..
၁။ ဦးလေးတို့ ပြောနေကြတဲ့ ငြိမ်းချမ်းရေးမှာ ပြည်သူလူထုပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ဆိုတဲ့ အကြောင်းပါ။ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ငြိမ်းချမ်းရေးမှာ ပါဝင်ခဲ့ပါတယ်။ ကျနော်တို့ နှစ်ယောက် ထောင် ၈ လ ကျသွားပါတယ်။ အဲဒါ ဘယ်လိုလုပ်မှာလဲ။ ကျနော်တို့ မေးချင်ပါတယ် တချက်။
၂။ နောက်ပြီးတော့ တိုင်းရင်းသားတွေဖက်က ယုံကြည်မှုမတည်ဆောက်နိုင်ဘူးဆိုတဲ့ အကြောင်းကို မေးချင်ပါတယ်။ တိုင်းရင်းသားတွေဖက်ကို ယုံကြည်မှုတည်ဆောက်ဖို့ သွားတဲ့လူက တိုင်းရင်းသားတွေ ယုံကြည်ရမယ့်လူတယောက် ဖြစ်ပါရဲ့လားဆိုတာ ကျနော်တို့ မေးချင်ပါတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ သွားတဲ့လူက စစ်တပ်က ဗိုလ်မှူးဟောင်းတယောက်ဖြစ်နေတယ်။ တိုင်းရင်းသားတွေ ဘယ်လိုလုပ်ယုံကြည်မှာလဲ။
၃။ နောက်ပြီးတော့ တိုင်းရင်းသားတွေ လက်နက်ကိုင်တဲ့ ကိစ္စ။ ကျနော်တို့ တိုင်းရင်းသားတွေက လက်နက်ကိုင်တယ်ဆိုတာ မိမိအကျိုးစီးပွားကို ထိခိုက်လာပြီဆိုရင် ပါးစပ်နဲ့အရင်ပြောမယ်။ ပြောလို့မရရင် လက်နက်ကိုင်လာရလိမ့်မယ်။ ဒါဟာ ဘယ်တိုင်းရင်းသားမှ မဟုတ်ဘူး။ ဗမာလည်းလုပ်ရင် အဲလို ဖြစ်မှာပဲ။ သမ္မတကလည်း အချုပ်အခြာအာဏာနဲ့ ပတ်သက်ပြီး ခွဲမထွက်ဖို့ပြောတယ်။ အဲဒါကလည်း လွဲရင် ကြိုက်တာလုပ်လို့ ရပါတယ်လို့ ပြောတယ်။ အချုပ်အခြာအာဏာကို သမ္မတက ပိုင်တာလား။ ပြည်သူက ပိုင်တာလား။ ပြည်သူရဲ့စကားကို နားထောင်သင့်ပါတယ်။ သမ္မတက။ ကျနော်တို့ ခွဲထွက်ဖို့ မခွဲထွက်ဖို့ ဆိုတာက ကျနော်တို့ တိုင်းရင်းသားတွေက ပြည်မနဲ့ ပေါင်းလို့ ငတ်နေပါတယ်ဆိုရင် ကျနော်တို့ ခွဲထွက်ရမယ်။ မခွဲထွက်ပဲ ဒီအတိုင်း အငတ်ခံပြီး နေနေရမှာလား။ ကျနော်တို့ တိုင်းရင်းသားတွေမှာ မွေးရာပါ အခွင့်အရေးဆိုတာ ရှိတယ်။ မွေးရာပါ ခွဲထွက်ပိုင်ခွင့်ဆိုတာ ရှိပါတယ်။ အဲဒါကို ပြောချင်တယ်။
မှတ်ချက်။ စကားလုံးအတိအကျမဟုတ်ပါ။ ဗီဒီဖိုင်ဖွင့်ရန် အခက်အခဲရှိသူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ဆိုလိုရင်း မပျောက်ပျက်စေပဲ ဖတ်ရသူ အဆင်ချောအောင် အနည်းငယ် တို့တိထားပါတယ်။