Monday, March 3, 2014

တိုင်းရင်းသားလူမျိုးများအတွက် ခြိမ်းခြောက်မှုအန္တရာယ် ကြီးလာ



၁။ ပြည်မမှာ အဓိကရုဏ်းများလျှော့ကျလာတာကို သိ၍ ပြည်နယ်များ၌ ပြဿနာဖန်တီးရန် အားထုတ်မည်ဖြစ်သည်။ အနောက်ဘက်မှာ ပြဿနာသက်သာလိုသက်သာငြား အရှေ့ဘက်မှာ ပြဿနာရှာမည့်အဖြစ်ကို မလိုလားပါ။

၂။ သန်ခေါင်းစာရင်းကောက်ယူရာ၌ တိုင်းရင်းသားတို့၏ သဘောထားကို ဂရုမစိုက်ခဲ့သကဲ့သို့ သန်ခေါင်းစာရင်းကောက်ယူမှု ပြီးဆုံးသောအခါ မှတ်ပုံတင်များ၌ လူမျိုး၊ ဘာသာကို ထည့်သွင်းဖော်ပြတော့မည်မဟုတ်ကြောင်း ဦးခင်ရီက ဆိုသည်။ သမိုင်းဆိုင်ရာမှာလည်း အားလုံးသည် ပျူ၊ ပျူစစ်ရင် မြန်မာဟု ဖော်ပြနေသကဲ့သို့ မှတ်ပုံတင်၌လည်း အားလုံးသည် မြန်မာ၊ မြန်မာဆိုသည်မှာ ဗမာပင် ဖြစ်၍ အလွန်သတိထားသင့်သော ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်။

အပေါ်ယံအားဖြင့် တရုတ်ဘက် အာရုံလှည့်ခြင်းမှာ သွေးရိုးသားရိုးဟု ထင်စရာရှိသည်။ မဟုတ်ပါဘူး။ ဘော်လီဘောပုတ်ခြင်းမျှသာ ဖြစ်သည်။ ပြဿနာဆိုသည်မှာ မည်သည့်ဒေသတွင် ဖြစ်ပါစေ ပြဿနာသာ ဖြစ်သည်။ ကုလားနှင့်ဖြစ်၍၊ တရုတ်နှင့်ဖြစ်၍ဆိုတာ ထူးပြီး မနေပါ။ မှတ်ပုံတင်၌ လူမျိုး ဘာသာ မထည့်သည်မှာ သမာသမတ်ကျသည်ဟု ဆိုစရာရှိသည်။ သို့သော် ဖွဲ့စည်းပုံအရ လူမျိုးတိုင်း၊ ဘာသာတိုင်းအတွက် တရားမျှတမှု မရှိဘဲ အဆိုပါ လူမျိုး ဘာသာအမည်ဖျောက်မှုသည် ခွဲခြားဆက်ဆံမှုကို ရှောင်ရှားဖို့ထက် လူမျိုး ဘာသာအရ ဝါးမြိုမှုကို အကောင်အထည်ဖော်ခြင်းသာဖြစ်သည်။