Monday, March 31, 2014

ကေအိုင်အို ထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း မကောက်နိုင် (မေးမြန်းချက်)

သန်းကောင်စာရင်းမှာမပါလည်း ကချင်လူမျိုးးကကချင်လူမျိုး//

Wungpawng Mung dan Shanglawt asuya KIO/KIA ni woi galaw ai hpe madi shadaw ga ai.

Ya na zawn myen a yup tung jahpan hta na ahkang njaw ai gaw jaw dik sai.
Dai yup tung jahpan myen ni sa hta la jang an hte magam gun hte Myu tsaw ni yawng a jahpan hpe myen nil chye mat mai ai,shan hte myen ni chye jang shan hte kam ai hku mai pale palau mai galaw ai,,

Bai nna an hte mung dan 30 jan e nga ai Kachin ni a jahpan mung dai KIO/KIA a masha jahpan e an hte htap htuk dik hku mai bang da sai.shim sai.

 Zawzaw Zaw's photo.

30 March 2014
DVB
မတ်လ ၃၀ ရက် ဒီကနေ့ကစပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာ ရင်းကောက်ယူနေပြီ ဖြစ်ပေမယ့် ကချင်ပြည်နယ်ထဲမှာတော့ ကေအိုင်အိုထိန်းချုပ်နယ်မြေတွေမှာ သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်း မရှိပါဘူး။
ဒီလို သန်းခေါင်စာရင်း မကောက်နိုင်တဲ့အတွက် ကချင်လူမျိုး စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်း၊ လူဦးရေ ၄ သိန်းလောက် စာရင်းပျောက်မှာဖြစ်တယ်လို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ညှိနှိုင်းရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ကချင်ပြည်နယ်ခရီးစဉ်မှာ လိုက်ပါသွားတဲ့ လ၀က ၀န်ကြီးဦးခင်ရီက ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်မှာ ကေအိုင်အို ထိန်းချုပ်နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခွင့်ပြုဖို့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင်ဆီကတဆင့် ပြောခဲ့ပေမယ့် ကေအိုင်အိုဘက်က ကြိုတင် ညှိနှိုင်းထားတာ မရှိလို့ ခွင့်မပြုနိုင်ဘူးလို့ အကြောင်းပြန်ခဲ့ပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်အနေနဲ့ ကေအိုင်အိုထိန်းချုပ် နယ်မြေတွေထဲ သန်းခေါင်စာရင်း ကောက်ဖို့ကိစ္စ အစိုးရနဲ့ ကေအိုင်အို ဆွေးနွေးကြဖို့ ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက တိုက်တွန်းပြောကြားခဲ့ဖူးပေမယ့် တွေ့ဆုံခြင်း မရှိဘူးလို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။
ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
အပြည့်အစုံ အသံဖိုင်နားဆင်ရန် - https://soundcloud.com/dvbradio/ksa-daw-khon-ghar-30032014