Saturday, March 22, 2014

၂၆-နှစ်ကြာတဲ့အခါ

၂၆-နှစ်ကြာတဲ့အခါ

တပ်ဆိုတာ မိုးပေါ်ထောင်မပစ်ဘူး၊ တည့်တည့်ပဲ ပစ်တယ်။ ဆူဆူပူပူ လုပ်လို့ရှိရင် တပ်ကို သုံးလိုက်လို့ ရှိရင် နာပြီသာမှတ်။ (နေဝင်း ၁၉၈၈)

မဖြစ်နိုင်တာကို တောင်းဆိုနေကြရင် ရရှိပြီသားအခွင့်အရေးကို ဆုံးရှုံးရလိမ့်မယ်။ (စစ်တပ်က အာဏာသိမ်းမယ်ဆိုလို) (သိန်းစိန် ၂၀၁၄)

စစ်တပ်အာဏာသိမ်းပြီး ၂၆-နှစ်ကြာတဲ့အခါ နေဝင်းက စစ်တပ်နဲ့ ကိုင်ပြီး ခြိမ်းခြောက်လို့ ကောင်းတုန်းပဲ။

စစ်တပ်က နောက်တစ်ခါ အာဏာသိမ်းလိုက်ပြီး နောက်ထပ် ၂၆-နှစ်ကြာတဲ့အခါ သိန်းစိန်က စစ်တပ်နဲ့ ကိုင်ပြီး ခြိမ်းခြောက်နေတုန်းပဲ ရှိတယ်။

နောက်ထပ် ၂၆-နှစ်ကြာလို့ ၂၀၄၀-ခု ရောက်တဲ့အခါ စစ်တပ်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိနိုင်မလဲ။ အာဏာရှင်တို့ရဲ့ လက်ကိုင်တုတ်ပဲ ဆက်ဖြစ်နေမလား။ ဒါမှမဟုတ် စစ်တပ်ကိုယ်တိုင်က ဒီလိုပဲ လက်နက်နဲ့ ခြိမ်းခြောက်ပြီး အာဏာကို ဆက်ပြီး ထိန်းချုပ်သွားဦးမလား။

ဒါကို သေသေချာချာသိမှ တော်လှန်ရေးဆိုတာ ဘာလဲ သိနိုင်ပါ့မယ်။