Sunday, December 15, 2013

The tenth man rule

Ah Hpu with Tsawra Tsaw and Myit Ja
 

အဲဒါ အစ္စရေး တွေသုံးတဲ့ ပေါ်လစီလို့ နာမည်ကြီးပါတယ်၊၊ 
ကိစ္စ တစ်ခုကို လူဆယ်ယောက် ကိုင်တွယ်ခိုင်းတဲ့ အခါမှာ လူ ၉ ယောက်သုံးသပ်ချက်
က အတူတူ ဖြစ်နေရင်တောင် ၁၀ ယောက် မြောက်လူ က ဆန့်ကျင်ဘက် တွေးရမယ်၊၊
ဘယ်လောက်ပဲ အဓိပါယ်မရှိဘူး ဆိုပါစေ ... ၁၀ ယောက်မြောက်လူဟာ ကျန်ကိုး
ယောက်နဲ့ မတူအောင် တွေးရမယ်၊ မြင်ရမယ်၊၊ အဲဒီတစ်ယောက် မြင်တဲ့ အမြင်ဟာ
ကျန် ၉ ယောက်ကို နားမလည်စေနိုင်ဘူး၊ မလွမ်းမိုးနိုင်ဘူး ဆိုရင်တောင် ဒီတိုင်းထား
ရမယ်တဲ့၊၊ လက်သင့်ခံရမယ်၊ ၁၀ ယောက်မြောက်အဖြစ် အသိအမှတ်ပြုပေးတယ်၊၊ ဘာအတွက်လဲ...

“ ဘယ်လိုမှမျှော်လင့်မထားတဲ့ အခြေအနေတစ်ခု ကြုံလာခဲ့တဲ့ အခါ၊ ၁၀ ယောက်
မြောက်လူရဲ့  အခန်းကဏ္ဍ စတင်ပါတယ်၊၊ ၁၀ ယောက်မြောက်လူဟာ အဲဒီ အကျပ်
အတည်းကနေ လွတ်မြောက်အောင် ဦးဆောင်ပေးမယ့် ကြိုတင် ပြင်ဆင်ထားသူ
ဖြစ်နေလိမ့်မယ် ” တဲ့၊၊

အစ္စရေးတွေက ဘာလို့ အဲဒီ rule ကိုသုံးသလဲဆိုရင် ဒုတိယမှားခွင့်မရှိတဲ့ တိုင်းပြည်
မို့လို့ပါတဲ့၊၊ အစ္စရေး တစ်တိုင်းပြည်လုံး plan A ကိုပဲ သဘောတူနေရင်၊ plan B ဖြစ်
သွားတာနဲ့ တစ်တိုင်းပြည်လုံး ပျောက်သွားမယ့် အခြေအနေပါ၊၊ သူတို့ဘာပြောသလဲ
ဆိုတော့ 
“ အစ္စရေးရဲ့  ပထမဆုံးရှုံးပွဲဟာ၊ နောက်ဆုံး ရှုံးပွဲလည်းဖြစ်တယ် ” ...ဆိုသတဲ့၊၊


ဆိုတော့ မြန်မာတွေ အတုယူဖို့ ရှိပါတယ်၊၊
မြန်မာတွေ ဆိုရိုးစကားက “တရွာလုံးနဲ့ တစ်ယောက်” ရှိတယ်၊၊ အဲဒီ တစ်ယောက်ကို
ဘယ်လိုမှ လက်မခံဘူးဗျ၊၊ လူရာကို မသွင်းတာ၊၊ သူလည်း သူသဘော ကွဲလွဲခွင့်ရှိ 
တယ်လို့ သဘောမထားနိုင်ဘဲ ရစရာမရှိအောင် တောက်ချ လေ့ရှိတယ်၊၊ နှိမ်လို့ရ 
သလောက် နှိမ်လေ့ရှိတယ်၊၊ သူ့ ခံယူချက်ကို နားလည်မပေးနိုင်ဘူး၊၊ 
ဘာလို့လဲဆိုတော့... တစ်သွေးတစ်သံတစ်မိန့် ဆိုပါလား၊၊
theorectically တစ်သွေးတစ်သံ တစ်မိန့် ဆိုတာ တစ်ဖက်ကန်းဖြစ်ပါတယ်၊၊