Thursday, December 5, 2013

စစ်အာဏာရှင်တို့ နေဝင်ချိန်

စစ်အာဏာရှင်တို့ နေဝင်ချိန်

တောပုန်းတွေ သူပုန်တွေဆိုတာ မတရားအုပ်စိုးသူရဲ့ အဖမ်းအဆီးကို မခံဘဲ လွတ်မြောက်ရာကနေ တော်လှန်နေတာ ဖြစ်ပါတယ်။ မတရားတဲ့နည်းနဲ့ ဓားမိုးအုပ်စိုးနေတဲ့ အစိုးရရဲ့ ဘယ်ဥပဒေမှ မတရားတဲ့အတွက် သူတို့ ခေါ်တိုင်း သွားစရာမလိုဘူး သူတို့ ပုဒ်ထီး ပုဒ်မတွေ တပ်တိုင်း အရေးလုပ်စရာ မလိုဘူး သူတို့ ထောင်ချလည်း ခံစရာ မလိုဘူး။

ကိုယ့်ကိုယ်ကို လွတ်မြောက်အောင် ကြံပြီး ရုန်းကန် တိုက်ပွဲဝင်ရမှာပါပဲ။ လွတ်မြောက်နယ်မြေ တော်လှန်ရေး ဗဟိုချက်မတွေ တည်ဆောက်ပြီး တိုက်ပွဲဝင်ကြရမှာပဲ။ အဖမ်းမခံကြနဲ့ တွန်းလှန် ပြန်ချကြလို့ ပဲ ပြောင်ပြောင်ပဲ ပြောချင်ပါတယ်။

မတရားတဲ့ အမိန့် အာဏာမှန်သမျှ ဖီဆန်ကြတယ်ဆိုတာ ကမ္ဘာအရပ်ရပ်မှာ ဆင်နွှဲခဲ့ပါပြီ အောင်ပွဲခံခဲ့ပါပြီ။ သူတို့ ကတော့ civil disobedience လို့ ပြောပါတယ်။ တရားမ၀င် လိမ်ညာပြီး အာဏာယူထားတဲ့ အစိုးရရဲ့ မတရားတဲ့ အမိန့် အာဏာ ဥပဒေမှန်သမျှ ဖီဆန် တွန်းလှန်ကြပါ။ ကြိုးတုပ်တာ မခံပါနဲ့ အားနေတဲ့ လက်နှစ်ဖက်ဟာ ရရာလက်နက် စွဲကိုင်ပြီး တော်လှန်ဖို့ ဖြစ်ပါတယ်။

ကျွန်းဆွယ်ပွဲမှာ နေ၀င်းလက်ကိုင်တုတ်တွေက ရိုက်နှက်အာဏာပြတော့ လူထုရော ကျောင်းသားပါ ပူးပေါင်း တန်ပြန်ထိုးစစ်ဆင်ပစ် လိုက်တယ်။

နေ၀င်းအစိုးရ ကျဆုံးပါစေ ကျောင်းသား သတ်တဲ့အစိုးရ ကျဆုံးပါစေ ပြည်သူသတ်တဲ့ အစိုးရ ကျဆုံးပါစေ။ ၇ရက် ဂျူလိုင် မမေ့နိုင်ဘူး ကြွေးကြော်ကြတယ် တိုက်ပွဲဝင်ကြတယ်။

အဖြစ်အပျက်တိုင်းဟာ အမှတ်ရစရာ ဖြစ်နေတယ်။ လာခဲ့ ဘာပွဲလုပ်မလဲ သွေးနေ့ ရေးခဲ့တာချည်း ပဲ။ ဘာကြောင့်ပြောနေလဲဆိုတော့ သမိုင်းမှာ အမည်းစက် စွန်းထင်းတဲ့ နေ့ ရက်တွေ တိုက်ဆိုင်လာတာဟာ အုပ်စိုးသူ အာဏာရူး စစ်ဘီလူးတွေကြောင့် ပဲ။

BY - Yebaw Aung
Like ·  ·  · 8 hours ago · Edited ·