Wednesday, December 18, 2013

ဦးသန်းရွေှ့လက်ထဲ နျူကလီးယားရောက် ရင် အာဏာပြန်သိမ်းဖို့သေချာနေ



ဦးသန်းရွှေ ရဲ့ နျူကလီးယား အစီအစဉ် သဲလွန်စပေါ်ပြီ၊
(နေပြည်တော် အထူးသတင်း)

ဦးသန်းရွှေ ရဲ့ နျူကလီးယား အိပ်မက် အစီအစဉ် သဲလွန်စများရရှိနေပြီဖြစ်ကြောင်း နေပြည်တော် သတင်းရပ်ဝန်းမှ အထူးသတင်းအဖြစ် ပေးပို့လာပါတယ် ၊

ရရှိထားတဲ့ သဲလွန်စများ အနက် တစ်နေရာကို စတင်ဖော်ပြပါ့မယ် ၊

အဲဒီနေရာကတော့ မြန်မာနိုင်ငံအလယ်ပိုင်း မြေလတ်ဒေသ မကွေးမြို့ အနောက်ဖက် ဧရာဝတီမြစ်အနောက်ဖက် ရခိုင်ရိုးမအစပ်က ငဖဲမြို့ အနီးတစ်ဝိုက် တောစပ် တောင်စပ် နေရာတွေမှာပါပဲ ၊

ဂူဂယ်မပ် google map မှာရှာနိုင်အောင် လတ်တီကျု လောင်ဂျီကျုတွေပေးပါ့မယ် ၊

ငဖဲမြို့ 20.064316,94.483881
ပန်းဒိန်ရွာကြီး 20.013839,94.517305
ငဖဲရေလှောင်တမံဆည်ကြီး 20.083382,94.419612
ဂူဂယ်မတ်မှ ဖုံးကွယ်ထားသောနေရာ 20.083382,94.419612

အဲဒီ ငဖဲ ဆိုတဲ့ မြို့လေးဟာ လူသူ အရောက်အပေါက် နဲတဲ့ မြို့လေးပါ ၊ ငဖဲမြို့တောင်ဖက်မှာ ပန်းဒိန်ဆိုတဲ့ ရွာကြီးရှိပါတယ် ၊ အဲဒီရွာကို ကိုရီးယား လူမျိုးတွေတောထဲကနေပြီး ဈေးလာလာဝယ်တတ်ပါတယ် ၊ ဆေးလာလာကုတတ်ပါတယ် ၊

ငဖဲမြို့ အနောက်မြောက်ယွန်းယွန်း ရခိုင်ရိုးမပေါ်မှာ ငဖဲဆည်ကြီးရှိပါတယ် ၊ အဲဒီဆည်ကနေ စိုက်ပျိုးရေးအတွက် ရေပေးဝေတာလည်း မတွေ့ရပါဘူး ၊ ဘာအတွက် အဲလောက်ကြီးတဲ့ ဆည်ဆောက်ထားရတာလဲ ၊ ဘာအတွက် အဲဒီရေတွေ အသင့်လုပ်ထားရတာလဲ

အလွန်သံသယရှိဖွယ်အနေအထားပါ ၊

ဂူဂယ်မတ်ကိုကြည့်တော့လည်း ငဖဲဆည်ကိုရိုက်ထားတဲ့ ကောင်းကင်မြေပုံဟာ မရှင်မလင်း အနေအထားပါ ၊ ဂူဂယ်ကို လာဘ်ထိုးပြီးတမင်လုပ်ထားတာလား စဉ်းစားစရာပါ ၊ အဲဒီတစ်ဝိုက်မှာ ကိုးရီးယားတွေ ကားကြီးကားငယ် အသွယ်သွယ်နဲ့ လျှို့ဝှက်စီမံကိန်းတွေ

လုပ်နေတာ ကြာပါပြီး ၊ ဒီကနေ့အထိလုပ်နေတုန်းပါ ၊

နောက် အဲဒီ ဆည်ကြီး နဲ့ ပန်းဒိန်ရွာ တောင်ပိုင်းနေရာတွေကိုလည်း ဂူဂယ်က ရိုက်ထားတဲ့ ကောင်ကင်ဓါတ်ပုံက အတော်ဝါးတားတား ဖြစ်နေပါတယ် ၊ ဒါ မဖြစ်သင့်ပါဘူး ၊

ဂူဂယ် နဲ့ ပတ်သတ်ပြီး သံသယရှိစရာတစ်ခုကို ပြောချင်ပါသေးတယ် ၊ နေပြည်တော် ပျဉ်းမနားနဲ့ ကပ်နေတဲ့ အောက်ပေါင်းလောင်းဆည်ကြီးကို ၂၀၁၀ နှစ်ကုန်ပိုင်းအထိ ဂူဂယ်မှာ ရှာမတွေ့နိုင်သေးပါဘူး ၊ ၂၀၁၁ သင်္ကြန်ကျော်လောက်ကမှ ဂူဂယ်မပ်မှာ အဲဒီ

အောက်ပေါင်းလောင်းဆည်ကြီးကို စတွေ့ခဲ့ရတာပါ ၊ အာဏာရှင်တွေဘက်က မရပ်တည်ပါနဲ့လို့ ဂူဂယ်မပ် ကိုပြောပါရစေ ၊

ရန်ကုန်ကနေ ငဖဲကို သွားမယ်ဆိုရင် လမ်း ၂ လမ်းရှိပါတယ် ၊ ပုသိမ်မုံရွာလမ်းကတော့ လူပြတ်တဲ့အတွက် ဘယ်သူမှ မသွားချင်ပါဘူး ၊ နောက်တစ်လမ်းက မကွေးဘက်က သွားရမှာပါ ၊ မကွေးမြို့ကိုလည်း ဦးသန်းရွှေလူရင်း တစ်ယောက်ဖြစ်တဲ့ ဖုန်းမော်ရွှေ

(ဘုန်းမော်ရွှေ) က ချုပ်ကိုင်ထားပါတယ် ၊ ဒီကနေ့အထိ ည ၉ နာရီကျော်ရင် မကွေးမှာ ဘယ်လက်ဘက်ရည်ဆိုင် မှာ ဖွင့်လို့မရပါဘူး ၊ ဘုန်းမော်ရွှေ နဲ့ မကွေးမြို့ခံ စိန်ဌေးဆိုသူ ပူးပေါင်းပြီး မကွေးမြို့ကို လက်ဝါးကြီးအုပ်ချယ်လှယ်နေတာ ဒီနေ့အထိလို့ကြားပါတယ် ၊

မကွေး အနောက်ဖက် မင်းဘူး အနောက်ဖက် မှာ ပဒံ ဆိုတဲ့ လမ်းဆုံရွာကလေးရှိပါတယ် ၊ အဲဒီမှာလည်း ကျောက်ဖြူကူမင်း ပိုက်လိုင်း တစ်ထောက်နားရာ စခန်းကြီး အကြီးကြီး တစ်ခုရှိပါတယ် ၊ တရုတ်လူမျိုးတွေ အများကြီးရှိတဲ့နေရာပါ ၊ အဲဒီ မင်းဘူးနယ် တစ်ဝိုက်က

ရေနံတွင်းတွေ နဲ့ ကျောက်မီးသွေးတွင်းတွေ ကိုလည်း အဲဒီ စိန်ဌေးဆိုသူကပဲ ပါမစ်ရ ချယ်လှယ်နေတယ်လို့ကြားပါတယ် ၊

ငဖဲဆည်က ရေတွေဟာ ဦးသန်းရွှေရဲ့ လျို့ဝှက်နျူကလီယား စီမံကိန်းအတွက် အသုံးပြုနေတယ်ဆိုတာ သေချာပါတယ် ၊ ငဖဲဆည် တစ်ဝိုက်မိုင် ၃၀ အတွင်းမှာ မြေအောက် နျူကလီးယား စီမံကိန်းတစ်ခုရှိရပါမယ် ၊ အဲဒီ စီမံကိန်းက ယူရေနီယမ်ကို ပလူတိုနီယမ်

ပြောင်းပစ်တဲ့ စီမံကိန်းပါ ၊ ဆည်ကရေတွေကို ယူရေနီယမ်က ပလူတိုနီယမ်ပြောင်းဖို့ နျုထွန်ဖျူးရှင်းနည်းမှာ အပူလျှော့ဖို့ သုံးနေတာပါ ၊

ဦးသန်းရွှေလက်ထဲကို နျူကလီယားဗုံးရောက်သွားတာဟာ လူသားတစ်မျိုးနွယ်လုံးအတွက်ပါ စိုးရိမ်စရာပါ ၊ ဒီသတင်းကို အခြေပြုပြီး အားလုံး ဆက်လက်ဝိုင်ဝန်းဖော်ထုတ် တားဆီးပေးကြပါ ၊

(နေပြည်တော် သတင်ူရပ်ဝန်းမှ ပေးပို့လားသော အထူးသတင်းဖြစ်သည်)

Hawdeka Khalaylay

လွင်သန္တာစိုး မီဒီယာမှ
စိတ်ဝင်စားဖွယ် အရေးကြီး သတင်းများကို အချိန်နှင့်တစ်ပြေးညီ တင်ဆက်ပေးနေပါတယ်။ သတင်းအသစ်တင်တိုင်း သိရှိလိုပါက http://www.facebook.com/lwinthandarsoe ကို Like
လုပ်ထားပေးပါရန်