Thursday, December 12, 2013

ကလေးမြို့နယ် Sadaw ရွာမှ Mai Nelly နိုင်ငံ့ကိုယ်စားပြုရန် ရည်ရွယ်ထားသော်လည်း

 SEA Games ပြိုင်ပွဲ၏ လက်ဝှေ့အားကစားပွဲများအား ဒီဇင်ဘာလ (၉) ရက်နေ့တွင် စတင်ကျင်းပလျက်ရှိပြီး၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် သူမ (Nelly) မှာ မပါဝင်တော့ကြောင်း အကြောင်းကြားခြင်း ခံခဲ့ရ//
မိုင်နယ်လီသည် ၀မ်းနည်းမှုအပြည့်ဖြင့် မျက်ရည်ကျ ခံစားလျက်ရှိသည်ဟု သူမနှင့် နီးစပ်သူများထံမှ သိရသည်။

 


Chin World Media
December 09, 2013

နှစ်ပေါင်း (၄၄) နှစ်အကြာ မြန်မာနိုင်ငံတွင် ပြန်လည်ကျင်းပလျက်ရှိသော အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ၏ လက်ဝှေ့အားကစားပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်ထားသော Nelly Bawi Nei Sin သည် လက်ဝှေ့အားကစားစတင်ရန် (၁) ရက်အလိုတွင် ပါဝင်ယှဉ်ပြိုင်ခွင့် မရတော့ကြောင်း သိရသည်။

Mai Nelly Bawi Nei Sin သည် (၅၄) ကီလိုဝိတ်တန်းကစားသမားတစ်ဦးဖြစ်ပြီး၊ ဆီးဂိမ်းစ်အကြို လူရွေးပွဲတွင်လည်း ပထမဆုအား စက်တင်ဘာလအတွင်းတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။ ထို့အပြင် ၂၀၁၃ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လအတွင်းတွင်- တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ကာ လေ့ကျင့်ခန်းဆင်းသော ပမာဏမြန်မာ့လက်ရွေးစင်လက်ဝှေ့အဖွဲ့တွင်လည်း တဦးအပါအ၀င် ဖြစ်ခဲ့သည်။

ထို့အပြင်- နိုဝင်ဘာလ (၅) ရက်တွင် Kazakhstan နိုင်ငံသို့ သွားရောက်ကာ (၁) လ ကြာအနီးကပ်သွားရောက်လေ့ကျင့်မှုတွင်လည်း ပါဝင်ခဲ့သူဖြစ်သည်။

SEA Games ပြိုင်ပွဲ၏ လက်ဝှေ့အားကစားပွဲများအား ဒီဇင်ဘာလ (၉) ရက်နေ့တွင် စတင်ကျင်းပလျက်ရှိပြီး၊ ဒီဇင်ဘာလ (၈) ရက်နေ့တွင် သူမ (Nelly) မှာ မပါဝင်တော့ကြောင်း အကြောင်းကြားခြင်း ခံခဲ့ရသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍- မိုင်နယ်လီမှ- “ကျမယှဉ်ပြိုင်မယ့် ၀ိတ်တန်းမှာ နိုင်ငံတိုင်းလိုလိုက ၀င်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တဲ့အတွက် ဆုရရှိဖို့ အခွင့်အလမ်းနည်းတဲ့အတွက်ကြောင့်လို့ သိရပါတယ်။ တခြား ၀ိတ်တန်းတွေကတော့ ပြိုင်တဲ့နိုင်ငံက (၂) နိုင်ငံ၊ (၃) နိုင်ငံလောက်ပဲလေ”  ဟု Chin World သို့ပြောသည်။

၂၀၁၁ ခုနှစ် အင်ဒိုနီးရှားအရှေ့တောင်အာရှအားကစားပွဲနှင့်လည်း လွဲခဲ့ပြီး၊ ယခုတစ်ကြိမ်တွင် မျှောင်လင့်ချက်ကြီးမားစွာဖြင့် ရင်ခုန်မှုအပြည့်ဖြင့် နိုင်ငံ့ကိုယ်စားပြုရန် ရည်ရွယ်ထားသော်လည်း ယခုကဲ့သို့ လွဲချော်ရမှုကြောင့်- မိုင်နယ်လီသည် ၀မ်းနည်းမှုအပြည့်ဖြင့် မျက်ရည်ကျ ခံစားလျက်ရှိသည်ဟု သူမနှင့် နီးစပ်သူများထံမှ သိရသည်။
  
Mai Nelly Bawi Nei Sin သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် Sadaw ရွာမှ Pu Than Ceu နှင့် Pi Hrang Nei Kil တို့၏ သမီးငယ် ဖြစ်သည်။
http://www.chinworld.info/index.php/2013-10-21-05-31-39/chin-land-news/87-nelly