Wednesday, December 18, 2013

အော် ဒါတွေကြောင့် ဒီဂျာနယ်တွေ ဒီလူတွေရဲ့ ဟိုအကြောင်းဒီအကြောင်းမရေးကြတာပေါ့နော်....

အော် ဒါတွေကြောင့် ဒီဂျာနယ်တွေ ဒီလူတွေရဲ့ ဟိုအကြောင်းဒီအကြောင်းမရေးကြတာပေါ့နော်....
မှတ်ထားရမယ့်ဟာမို့ တခါတည်းကူးထားသီ (Andrew Soe ဆီကကူးသီ) 7days က ဦးခင်ညွန့်မကောင်းကြောင်း ထောက်လှမ်းရေးမကောင်းကြောင်းမရေးဘူး ဘာလို့ဆို အရင်ခေတ်က မျက်မှန်ကြီး တပည့်ရင်းဖြစ် တဲ့ ဦးဝင်းအောင်ရဲ့သား ဦးသောင်းစုငြိမ်း ပိုင်တဲ့ဂျာနယ်မို့လို့။ Eleven က ဦးရွှေမန်းနဲ့ မက်စ်ဦးဇော်ဇော် မကောင်းကြောင်း မရေးဘူး ဘာလို့ဆို ဦးအောင်သက်မန်းကElevenမှာ ရှယ်ယာ ပါပြီး ဦးဇော်ဇော် က ဒေါ်လာ၂သိန်းတန်ကားတစီး ဦးသန်း ထွဋ်အောင်ကိုလက်ဆောင်ပေးထားလို့။ Messenger က ဦးတင်အေးနဲ့ သမ္မတကြီးမကောင်း ကြောင်း မရေးဘူး ဘာလို့ဆို ပိုင်ရှင်က ဦးတင်အေးသားဖြစ်ပြီး ဦးတင်အေး နဲ့သမ္မတကြီး က DSA တပတ်စဉ်ထဲ ပါတနာတွေမို့။ Voice က ဦးစိုးသိန်းနဲ့ဦးအောင်မင်း မကောင်းကြောင်းမရေးဘူး အီးဂရက်နဲ့ ပါတ်သက်နေလို့။ သူရိယနေဝန်းက ဦးဝင်းမြင့်နဲ့ စီးပွားကူးသန်း မကောင်းကြောင်း မရေးဘူး ဘာလို့ဆို. .. . ။ သံတော်ဆင့် က ဦးဆန်းဆင့် မကောင်းကြောင်းနဲ့ ရန်ကုန်တိုင်း ကြံခိုင်ရေးမကောင်းကြောင်းမရေးဘူး ဒါကတော့ တရားစွဲမယ် ကြေငြာ ထားတော့ ကျုပ်လည်းမပြောရဲဘူး။ လူထုပုံရိပ် က ကွန်မြူနစ်မကောင်းကြောင်း မရေးဘူး ဘာလို့ဆိုသူတို့ကိုယ်တိုင်က အဲဒါတွေမို့။ မြန်မာတိုင်းမ် ၊ ရန်ကုန်တိုင်းမ် ၊ ပေါ်ပြူလာ ၊ လျှပ်တပြတ် က ဦးကျော်ဆန်း မကောင်းကြောင်း မရေးဘူး။ ဦးကျော်ဆန်းပြန် ကြားရေးဝန်ကြီး တုန်းကသူတို့ကအခွင့်ထူးခံတွေမို့လို့။ မဇ္ဈိမမီဒီယာ ကတော့ဗိုလ်ချုပ်သိန်းဆွေရဲ့သားက ဝယ်သွားပြီး ဆိုတော့ ထောက်လှမ်းရေးအုပ်စုက ပိုင်သွားပြီးဆိုပါတော့။ (မဇ္ဈိမဝိုင်းတော်သားတွေက အရင်ကတည်းကလှမ်းအင်ဖော် မာတွေလား?) ပြည်သူ့ခေတ်က သူရအေးမြင့် မကောင်းကြောင်း မရေးဘူး ပိုင်ရှင်ဦးစိုးသိမ်းနဲ့ သူရအေးမြင့်က တရွာထဲသားတွေမို့။ ဒါပါပဲ။ ခြောက်ပြစ်ကင်းတော့ ဘယ်ရှိမလဲနော့။ (ဥက္ကာရွှေဝင်းအပျင်းပြေ ဖွသည်) ။